#DailyNews
Published _ 2 November 2022
၁။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ ဘီလီယံရရှိထား
၂။ ပို့ကုန်ဝင်ငွေတင်ပြမှ သွင်းကုန်ခွင့်ပြုမယ်လို့ ညွှန်ကြားချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး၌ အနည်းငယ်ထိခိုက်နိုင်ဟုဆို
၃။ တန်ဆောင်မုန်းလပြည့်နေ့ ည(၆)နာရီကျော်တွင် ဓနသိဒ္ဓိနက္ခတ်အချိန်ကောင်းကျရောက်ဟုဆို
၄။ တောင်အာဖရိကတွင် ဇူလူဘုရင်အသစ်နန်းတက်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _2 November 2022
ငှက်ကြည့်ရာသီမရောက်သေးပေမဲ့ မိုးယွန်းကြီးအင်းကို သွားရောက်လည်ပတ်သူတွေ ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_2 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ၉ ဒသမ ၃၃ ဘီလီယံပို့ကုန်ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံ ၊ တိရိစ္ဆာန်ထွက်ပစ္စညးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်း၊ ရေထွက် ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၉၀ သန်းကျော်ရရှိထားပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၁.၀၈ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၂ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ ဘီလီယံနှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၉.၃၅ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အဆိုပါတင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံရရှိပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉ ဘီလီယံရရှိထားကြောင်း သိရသည်။ ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၀ ဘီလီယံရရှိထားခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန် ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံရရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 2 November 2022
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ COEX Convention Center ၌ ကျင်းပလျှက်ရှိတဲ့ “Seoul Food Week 2022” တွင် မြန်မာနိုင်ငံမှ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်အဖွဲ (၁၂) ဦးတို့က ပါဝင်ပြသလျက်ရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
Seoul Food Week 2022 စားသောက်ကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ (၂) ရက်မှ (၅) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြပွဲတွင် မြန်မာ့စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ (၁၀) ခုတို့မှ ၎င်းတို၏ စားသောက်ကုန်များအား ခင်းကျင်းပြသလျက်ရှိပါတယ်။
အဆိုပါပြပွဲသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မြန်မာနိုင်ငံပြခန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ပြပွဲကို စိတ်ပါဝင်စားတဲ့ ကိုရီးယားပြည်သူအများအပြား လာရောက်ကြည့်ရှုလျက်ရှိ ပြီး ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း အပြန်အလှန်အကျိုးတူ မိတ်ဆက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 2 November 2022
၂၀၀၃ ခုနှစ်အောက် Model ကားများ ဖျက်သိမ်းမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)မှ ထုတ်ပြန်ခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် ရက်စွဲဖြင့် ၂၀၀၃ ခုနှစ်အောက် အက္ခရာ(ဃ)တန်းအထိ မည်သည့် ကားအမျိုးအစားကိုမဆို အပ်ကားစာရင်းနှင့် ဖျက်သိမ်းခြင်းပြု၊ မပြုကို ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းနောက်တွင် ပြန်လည်စိစစ်သုံးသပ်သွားမည်ဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်စာမှာ ယာဉ်ပိုင်ရှင်များ စိတ်အနှောင့်အယှက်ဖြစ်စေရန် ပြုလုပ်ထားသည့် သတင်းအမှားသာဖြစ်ကြောင်း ပါရှိသည်။
ဒါ့အပြင် ကညနမှ မော်တော်ယာဉ်များ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံရာတွင် ယာဉ်ကြံ့ခိုင်မှုရှိပါက ပိုင်ရှင်၏သဘောဆန်ဒအရ ဆက်လက်အသုံး ပြုခွင့်ပေးထားကာ ယာဉ်အမှတ် က/ခ/ဂ/ဃ နှင့် င တို့ကိုလည်း နံပါတ်အသစ်များ အစားထိုးပေးပြီးဖြစ်၍ မှတ်ပုံတင်ထားမှုမရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။
ဆက်လက်ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်ထားသည့် ယာဉ်များကို မိမိ ဆန္ဒအလျောက် အသုံးပြုနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _2 November 2022
ရန်ကုန်မြို့တွင် ပထမဆုံး ပြုလုပ်မည့် ရေပေါ်ညဈေးကို အကြောင်းကြောင်းကြောင့် ယာယီဆိုင်းငံ့ထားလိုက်ရကြောင်း အဆိုပါ ရေပေါ်ညဈေးနှင့်ဈေးပွဲတော်ကို ပြုလုပ်ရန် စီစဉ်ခဲ့သည့် တော်ဝင်ချမ်းသာကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။
"လောလောဆယ် မလုပ်ဖြစ်တော့ဘူး။ ပထမတုန်းက အောက်တိုဘာလ ၃၁ ရက်ကို လုပ်မလို့၊ နောက်တော့ရက်တွေ ရွှေ့ပါသေးတယ်။ အခုကတော့ ယာယီဆိုင်းငံ့ ဖြစ်သွားတာပေါ့"ဟု ယင်းကပြောသည်။
အဆိုပါ ညဈေးကို ပြုလုပ်ပါက တိုင်းဒေသကြီးပြည်နယ်များကို ကိုယ်စားပြုသော လှေ ၁၄ စီး ပါဝင်မည်ဖြစ်ပြီး ညဈေးကို ဗိုလ်တထောင်ဘုရားအနီး Love Boat ကို မျက်နှာမူကာ ဖြတ်လျှောက်သွားည့် တံတားဘယ်ဘက် ရေပြင်ဧရိယာအတွင်း ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းလည်း ဖြစ်သည်။
မူလက စီစဉ်ရာတွင် တံတားနှင့် ဆိပ်ခံဘောတံတားပေါ်တွင် လှည်းအိမ်ပုံစံ ၅ ပေ အကျယ်ရှိ ဆိုင်ခန်း ၃၉ ခန်းကို စီစဉ်ခဲ့ကြောင်းနှင့် ရည်ရွယ်ချက်မှာတိုင်းရင်းသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသရန် ၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published – 2 November 2022
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်လာသော်လည်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၂၂၅ ကျပ် သတ်မှတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။
ယခုတစ်ပါတ်တွင် ထုတ်ပြန်ပေးသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့သည့်တစ်ပါတ်ထက် ၅၀ ကျပ်ခန့် တတ်လာသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။
“စားအုန်းဆီဈေးနှုန်းကတော့ကျလာပြီ။ တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးကတော့မတူဘူးပေါ့။ ဒါပေမယ့် အရင်လောက်တော့ ဈေးကမရှိတော့ဘူး”ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
#ymg/STH
#Yangon_Media_Group
Page 1549 of 2112