#Local_News
Published_ 12 February 2023
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာကြရောက်တဲ့ ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့တဲ့ သဝဏ်လွှာမှာ နစက ဥက္ကကပြောကြားခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်အဖွဲ့တွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှာတစ်ဆင့် လက်နက်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောက်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူချုပ်တွေအတိုင်း အလေးထားလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အရေးပေါ်ကာလပြဠာန်းချက်တွေပြီးစီးပါက အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနူန်းများနဲ့အညီ နိုင်ငံအာဏာလွှဲအပ်နိုင်ရေးဆောင်ရွက်သွားဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းနှစ်အဖြစ်သတ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေနွေးပြီး ပြည်တွင်းပဋိပက္ခချုပ်ငြိမ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆောက်ရွက်ခဲ့ပေမယ့်ပြည်တွင်းပြည်ပစွက်ဖက်မူတွေကြောင့် အလှမ်းကွာနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပေါ် လျှောက်လှမ်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲပေးထားခဲ့ပါတယ်။
ymg/ynzw
#Yangon_Media _Group



Published 12 Feb 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ(၁၁)ရက်နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါ စရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ၊ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင် တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် ပျဉ်းမနားမြို့ ၊ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့ များ တက်ရောက် ကြည်ညိုကြခဲ့ကြပါတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ မဟာမင်္ဂလာအခန်းအနားမှာ ဆရာတော်ကြီးများ အမှူးပြု၍ နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေက ကရတနာပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဆင်းတုတော်အပိုင်း(၄)အား ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်နှင့် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ(၃) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်သည်။

အဲဒီနောက်မင်္ဂလာအချိန်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့် စတင်ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။
ထို့နောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အားအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက်ဆက်လက်ဆောင်ရွက်ရာ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၄)၏ စုစုပေါင်း အလေးချိန်မှာ တန် ၅၀၀ ဖြစ်ကြောင်း၊ အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ရှိပြီးဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည် အလှူရှင်များကကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ဇန်နဝါရီ ၂၇နှင့် ဖေဖော်ဝါရီ ၁၀ ရက် တို့တွင် အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါတယ်။
ွ ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန် ကျန်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
YMG/knl
#Myanmar
#Myanmar_Culture


#Local_News
Published_ 11 February 2023
ဖေဖော်ဝါရီ၁၂ရက်နေ့ကစပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့တိုင်းဒေကြီးနဲ့ ပြည်နယ်တွေမှာ ရောင်းချပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက သတင်းထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 February 2023
အလှူအတန်းနဲ့ မဂ်လာဆောင် တွေရှိတဲ့အတွက် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အရောင်းအဝယ်အနည်းငယ်ပြန်လိုက်လာတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်တွေကို မေးမြန်းချက်အရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 11 Feb 2023
- RNA, DNA ရဲ့ ခန္ဒာတည်ဆောက်မှုအပေါ် အကျိုးသက်ရောက်မှု ပြောင်းလဲပစ်လို့ရနိုင်သလား??
#Yangon_Media_Group
#Local_News
Published_ 11 February 2023
ငလျင်ဟာသဘာဝဘေးဖြစ်တဲ့အတွက် အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့အတွက် တူရကီငလျင်လို ငလျင်ကြီးတွေ မြန်မာနိုင်ငံကမြို့ပြတွေမှာဖြစ်ပေါ်နိုင်လို့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 11 Feb 2023
- RNA, DNA က ခန္ဓာတည်ဆောက်မှုကို ဘယ်လိုဆက်နွှယ်ထားသလဲ??
#Yangon_Media_Group
Page 1549 of 2315