Published 26 Sept 2022
ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၃)ခုမှ ခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။
“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ရာမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးက ယခု ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုတဲ့ အခြေအနေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုတဲ့ အခြေအနေတွေ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာ ထိန်းသိမ်း လိုက်နာလျက်ရှိသည့် အခြေအနေတွေနှင့် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဖြင့်သာ ဆွေးနွေးဖြေရှင်းဆောင်ရွက်ရန် လိုလားပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လည်ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ကြတယ်လို့သိရှိရပါတယ်။
ယခုငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် တို့နှင့်အတူ (UWSP)မှ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ (NDAA)မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ (SSPP)မှ အတွင်းရေးမှူး(၂) စဝ်ဆိုင်းဆုနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
ယခုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source SAC’s info
#ymg/knl
#Myanmar_EAO_Peace_Talk
#Local_News
Published-26 September 2022
ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ သကြားကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 September 2022
သွားလာစရိတ်တွေတိုးလာတဲ့အတွက် ရန်ကုန်မြို့အတွင်းမှာ စက်ဘီးနဲ့ရုံးသွားရုံးပြန်လုပ်မယ့်သူတွေ တိုးလာနိုင်ပြီး ဘေးအန္တရာယ်ကင်းကင်းစီးနှင်းနိုင်ဖို့ သိသင့်သိထိုက်တာတွေသိထားဖို့ လိုအပ်တယ်လို့ Bicycle Network မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 26 September 2022
ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် အကယ်ဒမီ မီးလင်းရွှေေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၉ သိန်း ၃သောင်း လေးထောင် ကျပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ မနက်ပိုင်းအဖွင့်ဈေးအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 26 September 2022
၁။ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ၂၉သိန်းကျော်ဖြင့် ဈေးငြိမ်နေပြီး ပြင်ပဈေးကွက်တွင် ဈေးကစားမှုများရှိနေ
၂။ စက်ဘီးဖြင့် ရုံးသွားရုံးပြန်လုပ်မည့်သူများတိုးလာနိုင်၊ ဘေးကင်းစွာစီးနင်းရန်လိုဟုဆို
၃။ တရုတ်နိုင်ငံသို့ သကြားတင်ပို့နိုင်ရန် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထား
၄။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရထားဖြင့် သွားလာရခက်ခဲနေသူတွေအတွက် ဆိုလာစွမ်းအင်သုံးရထားအား တောင်အာဖရိကဆယ်ကျော်သက်များ တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Pubblished- 26 September 2022
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၆၆၀ ကျပ် ထုတ်ပြန်ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published-26 Setember 2022
ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်သစ်ပေါ်လာချိန်နီးလာသော်လည်း ဆန်ဟောင်းဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိပဲ အမြင့်ဈေးတွင်ဆက်ရှိနေကြောင်း ဆန်ရောင်းချသူ ဦးဝင်းနိုင်က ပြောသည်။
ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင်တည်ငြိမ်နေပြီး အရောင်းအဝယ်ထိုင်းနေကြောင်း၊ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်သစ်များပေါ်လာမည်ဖြစ်၍ ဆန်ဟောင်းများ အရောင်းအဝယ် ပြန်သွက်လာနိုင်ပြီး ဈေးမြင့်တက်လျှင်လည်း အနည်းငယ်သာမြင့်တက်နိုင်ကြောင်း ယင်းက ပြောသည်။
“ဆန်ဈေးက ကျလည်းမကျဘူး။ အမြင့်ဈေးမှာပဲရှိနေတယ်။ အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန်ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်း ပါးပါးပဲဖြစ်နိုင်တယ်” ဟု ယင်းက ပြောသည်။
လာမည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်အသစ် ပေါ်လာမည်ဖြစ်ရာ ယင်းမတိုင်ခင်အထိ လက်ရှိ ဆန်ဈေးနှုန်း အလားအလာသည် ခန့်မှန်းရခက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်တွင်း စားသုံးမှု အများဆုံးဖြစ်သော ဆန်ချော အမျိုးအစားများမှာ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ရန်ကုန် ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာ၊ မနောသုခ၊ ရွှေသွယ်၊ နွေဇီယာ စသည်တို့ ဖြစ်ပြီး ယင်းတို့အနက် ရွှေဘိုဘေးကြား ဆန်အမျိုးအစားသည် ဝယ်လိုအား အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ယခင်ကနယ်စပ်ကနေ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် တရုတ်ကိုတင်ပို့သည့်ဆန်မှာ လျော့ကျသွားခဲ့ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1551 of 2037