#Local_News
Published_ 13 April 2023

မြန်မာ့ရိုးရာသင်္ကြန်ထုံးတမ်းစဉ်လာကို ကမ္ဘာသိစေရန် ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် Short Film ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲသို့ မြန်မာတစ်နိုင်ငံလုံးရှိ မည်သူမဆို ဝင်ရောက်ယှဉ်နိုင်မည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို Professional အဆင့်နှင့် ဝါသနာရှင်အဆင့်ဟူ၍ ၂ ပိုင်းခွဲခြားပြုလုပ်မည် ဖြစ်ရာ Professional အဆင့်တွင် မည်သည့်ကင်မရာကြီးအမျိုးအစားနှင့်မဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ဝါသနာရှင်အဆင့်တွင် မည်သည့်ဖုန်းအမျိုးအစားနှင့်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆုကြေးများမှာ rofessional အဆင့်တွင် ပထမဆု ငွေကျပ် သိန်း (၂၀)၊ ဒုတိယဆု ငွေကျပ် (၁၅)သိန်း၊ တတိယဆုငွေကျပ် (၁၀)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအား ငွေကျပ် (၅)သိန်းစီ ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်အတွက် ပထမဆု ငွေကျပ် (၇)သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် (၅)သိန်း၊ တတိ ယဆုအတွက် ငွေကျပ် (၃)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအတွက် ငွေကျပ် (၁)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုပြိုင်ပွဲအတွက် ရိုက်ကူးမည့် ဇာတ်လမ်းတိုတွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို သေချာပီပြင်စွာ ရိုက်ကူးပုံဖော်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာဆန်စွာ ရေပက်ကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းများ၊ သက်ကြီးဘိုးဘွားများ ဆံပင်ညှပ်ခြင်း၊ခေါင်းလျော်ခြင်း၊ခြေသည်းလက်သည်းညှပ်ခြင်းများ၊ သင်္ကြန်တွင်းအခါကြီးရက်ကြီး ဥပုသ်သီလဆောက်တည်၍တရားနာခြင်း၊ ရဟန်းသံဃာများ ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သက်ဆိုင်သော ပုံရိပ်များ စုံလင်စွာပါရှိရမည်ဖြစ်ကြောင်း သိရသည်။

 

ယခုပြိုင်ပွဲဝင် Short Film များ Myanmar Thingyan Festival 2023 Page တွင် တင်ဆက်သွားမည်ဖြစ်ပြီး Like and Share အများဆုံး Short Film အား People Choice Award အဖြစ် အထူးဆုအနေဖြင့် ငွေကျပ်(၃)သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊Short Film ကို ကြာချိန် (၅) မိနစ်ထက် မပိုစေဘဲ 1080 x 720 DPI HD Quality ဖြင့် ပေးပို့ယှဉ်ပြိုင်ရန်၊ Short Filmနှင့် အတူ Stay ပုံ ၅ပုံပါထည့်သွင်း၍ ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Local_News ##မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် #Short Filmပြိုင်ပွဲ
#YMG #Yangon_Media_Group