#Local_News
Published_ 13 April 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးပူးပေါင်းဖလှယ်ရန် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဧပြီလ ၁၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

မြန်မာနိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်သောအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGB) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Nazmul Hasan(BAM,ndc,psc) ဦးဆောင်သောအဖွဲ့တို့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ချစ်ကြည်ရေးအထိမ်းအမှတ် တွေ့ဆုံခဲ့ကြစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

အဆိုပါ တွေ့ဆုံမှုတွင် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စများကို ပူးပေါင်းဖလှယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နှစ်ဖက်အဖွဲ့သည် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ymg/mt
#YMG #Yangon_Media_Group