#Local_News
Published_ 15 April 2023

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုတွင် အိန္ဒိယငွေကြေးရူပီးနှင့်မြန်မာကျပ်ငွေတို့တိုက်ရိုက်လဲလှယ်ခွင့်ပြုလိုက်ပြီဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးတွင်စတင်အသုံးပြုမည်ဖြစ်သလိုပဲတင်ပို့ခြင်းကဲ့သို့ပုံမှန်ကုန်သွယ်မှုအတွက်လည်းကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

အိန္ဒိယဗဟိုဘဏ်(Reverse Bank of India)က မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV)Accountလက်ခံဆောင်ရွက်မည့် အိန္ဒိယဘဏ်(Designated Bank)အဖြစ် Punjab National Bank ,Indiaကို ရွေးချယ်ထားကြောင်းသိရသည်၊၊

 

ရူပီး/ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင်စတင်မည်ဖြစ်ပြီး သင်္ဘောဖြင့် ပဲတင်ပို့ရောင်းချခြင်းပုံမှန်ကုန်သွယ်မှုအတွက်လည်း ကျင့်သုံးရန်ရည်ရွယ်ထားသည်ဟုဆိုသည်၊၊

 

လက်ရှိတွင်တရုတ်ယွမ်၊ထိုင်းဘတ်တို့ဖြင့် နယ်စပ်ကုန်သွယ်ရေးပေးချေမှုများလက်ခံဆောင်ရွက်သည့်နည်းတူအိန္ဒိယကုန်သွယ်ရေးတွင် ရူပီး/ကျပ်ပေးချေမှုများဆောင်ရွက်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊

 

ဧပြီလ(၁)ရက်ကစတင်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒသစ်သည်နိုင်ငံတကာကုန်သွယ်မှုများတွင်ရူပီးအသုံးပြုရန်အတွက် အထောက်အပံ့ပြုမည့်အစီအစဥ်များပါဝင်ကြောင်းသိရသည်ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်၊၊
ymg/tthl
#Local_News #နယ်စပ်ကုန်သွယ်ရေး #ရူပီးနှင့်ကျပ်တိုက်ရိုက်ပေးချေမှုစနစ်
#YMG #Yangon_Media_Group