Published _17 April 2023
မလေးရှားနိုင်ငံ ပီနန်းကမ်းခြေတွင် အပျော်စီး ရေပေါ်ရှပ်ပြေးယာဉ်တိုက်မိ၍ မြန်မာနိုင်ငံသား လူငယ်တစ်ဦးသေဆုံးသွားကြောင်း စေတနာ့အားမာန်လူမှုကူညီရေးအသင်း နှင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) တို့က သိရသည်။
ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့ )ညနေပိုင်းတွင် မလေးရှားနိုင်ငံ ပီနန်းကမ်းခြေ$ အပျော်စီး ရေပေါ်ရှပ်ပြေးယာဉ် နှင့် တစ်ဖက်မှ မောင်းနှင်လာသော ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ ထိပ်တိုက် မျက်နှာချင်ဆိုင်တိုက်မိခဲ့သောကြောင့် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
"သင်္ကြန်ကာလဆိုတော့ အသောက်အစားတော့ နည်းနည်းရှိတာပေါ့၊ကျွန်တော်တို့ အသင်းဘက်ကို ပြန်ပြောပြချက်အရ ကတော့ ရှပ်ပြေးယာဉ်ကို မောင်းတဲ့နေရာမှာ အရှိန်မထိန်းနိုင်ဘဲ တခြားယာဉ်တစ်စီးကို ဝင်ဖြစ်သွားတာ။မေးရိုးကွဲသွားတာ၊ရှပ်ပြေးယာဉ်တွေက နာရီနဲ့ ငှားစီးရတာ၊စီးနေကျမဟုတ်ဘဲ စီးလို့မရဘူးလေ၊အဲဒီယာဉ်တွေက၊အဲဒီမှာ အရှိန်မထိန်းနိုင် ဖြစ်တာ။လူတွေကလည်း များတယ်။မနေ့က သင်္ကြန် အတက်မှာလေ။သူက ပထမ ပီနန်းမှာနေတယ်။နောက်ပိုင်းမှ KL မှာနေတာတဲ့"ဟု စေတနာ့အားမာန်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
ယင်းသေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ အသက်၂၃ နှစ်အရွယ် ကိုထွန်းလင်းအောင် ဖြစ်ကြောင်း၊ယင်းမှာ မူလက ပီနန်းတွင် နေထိုင်ပြီးနောက် မကြာသေးမီကကွာလာလမ်ပူမြို့၌ သွားရောက် အလုပ်လုပ်ကိုင်နေကြောင်း၊ယခု ဖြစ်စဉ်မှာ ပီနန်းသို့ လာလည်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုက မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လိုသောကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ - မလေးရှား ) က ပို့ဆောင်ပေးရန် လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ymg/mt
Yangon_Media_Group
#ပီနန်ကမ်းခြေအပျော်စီးရေပေါ်ရှပ်ပြေးယာဉ်တိုက်မိမြန်မာတစ်ဦးသေ
#မလေးရှား
#ပီနန်ကမ်းခြေ


Published _17 April 2023
မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်တွင် နစက၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် တွင် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။
ဦးကျော်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်တို့နှင့် အတူ ထောင် ၃ နှစ် ချခံထားရခြင်းဖြစ်ပြီး ယနေ့တွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၊ကျန်းမာရေးလည်းကောင်းမွန်ကြောင်း ယင်း၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် နစက မှ ဦးကျော်ဝင်းအား အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် နစက က တရားစွဲသောကြောင့် အမှုရင်ဆိုင်ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယနေ့တွင် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစက က ထုတ်ပြန်ကြေညာထားသည်။ယင်းတွင်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းဖော်ပြထားသည်။
ymg/mt
Yangon_Media_Group
Published_ 16 April 2023
ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေတင်ဆက်နေမှုများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
#YangonMediaGroup
#မုံရွာသင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
Published_ 16 April 2023
ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေတင်ဆက်နေမှုများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
#YangonMediaGroup
#တောင်ကြီးသင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#LocalNews
Published_ 16 April 2023
(Album)
ymg/mt
#LocalNews #မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်(သင်္ကြန်အတက်နေ့) #ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်
#YMG #Yangon_Media_Group















#Local_News
Published_ 16 April 2023
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲကို ယနေ့ ဧပြီလ ၁၆ ရက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ပိတ်ပွဲအပြီးတွင်ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ ဖြစ်ကြသော ၁၂ ဦး ယိမ်း၊၁၆ ဦးယိမ်း၊၂၀ ဦးယိမ်း များအပါအဝင် ယိမ်းအဖွဲ့များထဲမှ ပထမ၊ဒုတိယ၊တတိယ ဆုများ ချီးမြှင့်သည့်အပြင် ပြိုင်ပွဲအတွင်း ပါဝင်ခဲ့ကြသည့် ယိမ်းများကိုလည်း တစ်ဖွဲ့လျှင် ၅ သိန်းကျပ်စီ ဆုချီးမြှင့်ခဲ့သေးကြောင်း သိရသည်။
ymg/mt
Yangon_Media_Group




#Local_News
Published_ 16 April 2023
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၆)ရက်သင်္ကြန်အတက်နေ့မှဧပြီလ(၁၈)ရက်နှစ်ဆန်း(၂)ရက်နေ့အထိ ကချင်ပြည်နယ်ဇီယာဒမ်းရွာရေခဲတောင်ခြေတွင်(၃)ရက်အဓိဌာန်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဆရာတော်ကြီး အဓိဌာန်ဝင်နေစဥ် ရိက္ခာများကိုရဟတ်ယာဥ်ဖြင့်ပို့ဆောင်မည်ဟုတောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ (စဝ်ဆုခမ်း)ကရေးသားဖော်ပြထားသည်၊၊
ရဟတ်ယာဉ်ပျံသန်းမည့်အကြောင်းကို မိုင်းဖုန်းဆရာတော်၏ ရေခဲတောင်ခြေ ဇီယာဒမ်းခရီးစဉ်မှာ ဒကာကြီးဦးမဟာတေဇမှ ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့အဖြစ် ရေခဲတောင်တစ်လျှောက် ကုသိုလ်ယူ ကူးလူးပျံသန်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာများအား ကျေးဇူးတင်စွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ကြောင်း ရေးသားဖော်ပြထားသည်၊၊
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၉)ရက်တွင်ပူတာအိုသို့ပြန်လာပြီးဧပြီလ(၂၀)ရက်မြစ်ကြီးနားမှ ဝိုင်းမော်၊ဝိုင်းမော် မှ လွယ်ဂျေ၊လွယ်ဂျေ မှနမ့်ခမ်း ၊မူဆယ်သို့ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News ##မိုင်းဖုန်းဆရာတော်ကြီး # ဇီယာဒမ်းရွာရေခဲတောင်ခြေ #အဓိဌာန်ဝင် #ရဟတ်ယာဥ်ဖြင့်ရိက္ခာများပို့ဆောင်
#YMG #Yangon_Media_Group

Page 1543 of 2420