#Local_News
Published_ 15 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သို့ နိုင်ငံ ၁၅ ခု က သံတမန်များတက်ရောက်၍ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

တက်ရောက်ခဲ့သော နိုင်ငံများမှာ လာအို၊ထိုင်း၊အိန္ဒိယ၊သီရိလင်္ကာ၊ဆားဘီးယား၊စင်ကာပူ၊ကမ္ဘောဒီးယား၊ဘရုနိုင်း၊တီမောလက်စ်တေ၊ နီပေါ၊ ဖိလစ်ပိုင်၊ဘင်္ဂလားဒေ့ရှ်၊ရုရှား၊တရုတ်၊DPRKတို့ ဖြစ်ပြီး ယင်းတို့၏ သံအမတ်ကြီးများ၊ပထမအတွင်းဝန်၊ဒုတိယအတွင်းဝန်၊တတိယအတွင်းဝန်၊သံရုံးအကြီးအကဲများ၊စစ်သံမှူးများ၊သံရုံးယာယီတာဝန်ခံများ၊စီးပွားရေးသံမှုးများ၊သံမှူးများ နှင့် ဇနီးများ စုစုပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

 

ယင်းသံရုံးမိသားစုများက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၏မဟာသင်္ကြန်ပွဲတော်သို့ တက်ရောက်ကြပြီးနောက် ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ်နှင့် ရန်ကုန်မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တို့တွင် ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ymg/mt
#Local_News #ရန်ကုန်မဟာသင်္ကြန်သို့ #အာဆီယံ(၆)နိုင်ငံ #၁၅နိုင်ငံသံတမန်များတက်ရောက်ဆင်နွှဲ
#YMG #Yangon_Media_Group