#Myanmar_News
Published 17 April 2023


အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အောက်ပါ သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစက,က အမိန့်အမှတ် ၃၀/၂၀၂၃ ဖြင့်ထုတ်ပြန်ကြေညာပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် " ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်း ယခုလိုဆောင်ရွက်ပေးလိုက်တာဖြစ်တယ်လို့ အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက
#YMG #Yangon_Media_Group