#Local_News
Published_ 21 February 2023
ပြည်ပကနေ လျှပ်စစ်သုံးယာဉ်များ တင်သွင်းလိုသူတွေအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်၊၊
#Local_News
Published_ 21 February 2023
ဖေဖော်ဝါရီလ ၂၁ ရက်မနက်ပိုင်းမှာလည်း အကယ်ဒမီအခေါက်ရွှေပြင်ပပေါက်ဈေး ၂၈သိန်း ၅ သောင်း၇ထောင်ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။
#Local_News
Published_ 21 February 2023
YBSယာဉ်စီးခအဖြစ် တစ်ထောင်တန်ငွေစက္ကူအတုတွေထည့်ပြီး ပြန်အမ်းငွေ ကျပ် ၈၀၀ ပြန်ယူတာတွေများနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 21 February 2023
၁။ YBS ယာဉ်စီးခကို တစ်ထောင်တန်အတုထည့်ပြီး ပြန်အမ်းငွေကျပ် ၈၀၀ ယူခြင်းများနေ
၂။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်း ၇ ထောင် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်
၃။ လျှပ်စစ်သုံးယာဉ်တင်သွင်းလိုသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
၄။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းလျော့နည်းခြင်းကြောင့် လူငယ်ဝန်ထမ်းအင်အားရှားပါးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ သရုပ်ဆောင်ရော၊ ဇာတ်ညွှန်းရော၊ ဒါရိုက်တာပါ ဘက်စုံထူးချွန်တဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သူကွယ်လွန်သွားတာဟာ ရုပ်ရှင်လောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#Crime
#Myanmar_Actor
#YMG
#Local_News
Published_ 21 February 2023
ဒုဌဝတီမြစ် အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရသည်။
ပုလိပ်မြို့ အနီး၊ဒုဌဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ကြောင်း သိရသည့်အတွက် ရေငုပ်ရှာဖွေပေးပါရန် အကူအညီတောင်းခံလာသောကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ကသွားရောက် ဆယ်ယူပေးနိုင်ခဲ့ကြရာ ရေအောက်မှ အလောင်းကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီကောင်လေးက ပုလိပ်မြို့က မိုတယ်တစ်ခုရဲ့ ဝန်ထမ်းပါ၊ရေဆင်းကစားရင်းနဲ့ ရေနစ်တာပါ၊အလောင်းကိုတော့ ပုလိပ်တိုက်နယ် ဆေးရုံကို ပို့လိုက်တယ်"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Crime
#Mandalay
#YMG
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ကွယ်လွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သရုပ်ဆောင် ဝေဠုကျော်က "ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
သီဟတင်စိုးသည် ဗီဒီယိုဇာတ်ကားများခေတ်ကောင်းစဉ်က နယ်ချဲ့ တော်လှန်ရေးဇာတ်ကားများဖြင့် နယ်ပရိသတ်များ၏ အထူးအားပေးမှုခံခဲ့ရသူဖြစ်ကာ ၂၀၀၀ ပြည့်နှစ်က ငရဲသားဇာတ်လမ်းဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုများ ရရှိခဲ့သူလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1529 of 2315