#Local_News
Published_ 23 February 2023
အခြေခံပညာကျောင်းတွေမှာ ဝိဇ္ဇာတွဲယူသူတွေနည်းပါးတဲ့အတွက် ဝိဇ္ဇာတွဲသင်ကြားပေးမယ့် ကျောင်းတွေရှားပါးလာတဲ့အတွက် ဝိဇ္ဇာတွဲယူထားတဲ့ တက္ကသိုလ်ဝင်တန်းဖြေမယ့် မျက်မမြင်ကျောင်းသားတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်၊၊
#Local_News #ဝိဇ္ဇာတွဲ #မျက်မမြင်ကျောင်းသား
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနဲ့ ရောင်းချပေးဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကိုမေတ္တာရပ်ခံထားပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #Gold #Market_Price #မီးလင်းအခေါက်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့် လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #Exam #Education #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group
#DailyNews
Published_ 23 February 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကန့်သတ်ချိန်အတွင်းလျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြား
၂။ အခေါက်ရွှေ ၂၇ သိန်း ၉ သောင်းသတ်မှတ်ထားပေမယ့် ပြင်ပရွှေဈေးတွင် ၂၈ သိန်း ၅ သောင်းဝန်းကျင်ဖြစ်ပေါ်နေ
၃။ ဝိဇ္ဇာတွဲသင်ကြားပေးသည့် ကျောင်းများနည်းလာ၍ မျက်မမြင်ကျောင်းသားများ အခက်ကြုံနေ
၄။ မက္ကဆီကို စီးတီးရဲများ သုံးဖက်မြင် 3D ပုံဖော်ကွန်ပျူတာစနစ်ဖြင့် မှုခင်းဖြစ်ရပ်များလေ့ကျင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 February 2023
ကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက် လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီ လောက်ကကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေရင်း မေ့လဲကျခဲ့တာကြောင့် သျှင်ပါကူဆေးခန်းကို ယူတဲ့အခါ ဆေးခန်းကို မရောက်ခင်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ အဲ့ဒီအမျိုးသားကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ကိုကျော်မျိုးနိုင်က ပြောပါတယ်။
#Local_News #ကန်တော်ကြီးပန်းခြံ #Crime
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
ပြီးခဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုဟာ ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်က တိုက်တွန်းပြောဆိုလိုက်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသများကို လာရောက်အပန်းဖြေကြသည့် ခရီးသည်များအဆင်ပြေစေဖို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆွေးနွေးပြောဆိုခဲ့တာလည်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသည်များ တိုးတက်ဝင်ရောက်လာစေရန်အတွက် မူဝါဒပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတို့ကိုဟန်ချက်ညီစေဖို့နဲ့ ကမ်းခြေဒေသနဲ့ဆက်စပ်ပြီး ခရီးသွားဒေသများဖော်ထုတ်ဖို့ကိုလည်း တိုက်တွန်းထားသည်။
ကမ်းခြေဒေသများ၏ သဘာဝပတ်ဝန်းကျင်များကိုလည်း ပကတိအတိုင်းမပျက်စီးအောင် လုပ်ငန်းရှင်များအနေနှင့် ထိန်းသိမ်းဖို့လည်းတိုက်တွန်းထားသည်။ ကမ်းခြေဒေသများရှိ အမှတ်တရပစ္စည်းများ၊ကြိမ်ထည်နှင့် ဒေသထွက်ကုန်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းပြောဆိုခဲ့သည်။
#ymg/ynzw #Local_News #Travel
#Yangon_Media_Group
#Local_News
Published -23 February 2023
နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတစ်ဆင့်မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်၂၁လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းက သိရသည်။
ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာတွင် ညနေ ၄နာရီ ၃၀မိနစ်က ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ခဲ့ပြီး ယင်းမှတစ်ဆင့် နေအိမ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
"ဖယောင်းတိုင်မီးကနေတစ်ဆင့် လောင်ကျွမ်းတာလို့ သိရတယ်။နေအိမ် ၂၁လုံးလောင် မီးလောင်ဆုံးရှုံးသွားတယ်"ဟု မိုးစေတနာပရဟိတအသင်းမှ သိရသည်။
မီးလောင်ပြင်သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မိုးစေတနာပရဟိတအသင်း နေပြည်တော်မှ သွားရောက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပြီးညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့သော်လည်း မီးဘေးသင့်ပြည်သူ ၆၀ ကျော်ရှိပြီး ယင်းတို့မှာ စိမ်းစားပင်ရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။
#ymg/mt #Local_News #Myanmar_Fire #နေပြည်တော် #ဇေယျာသီရိမြို့ #မီးလောင်ပျက်စီး #YMG #Yangon-Media-Group
Page 1525 of 2315