Politics

Vietnamese President Invites Myanmar President U Min Aung Hlaing for Official Visit

NAY PYI TAW, Aug. 26 — The Vietnamese President has invited Myanmar President U Min Aung Hlaing to pay an official visit to Vietnam, as the two countries discussed ways to deepen bilateral cooperation, including trade, investment and regional affairs, during a meeting in Nay Pyi Taw on August 26.

The invitation was conveyed by Vietnamese Foreign Minister H.E. Le Hoal Trung during his meeting with President U Min Aung Hlaing at the Presidential Guest House in Nay Pyi Taw. The Vietnamese foreign minister said he was carrying a message from the Vietnamese leadership inviting the Myanmar President to visit Vietnam and expressing their readiness to welcome him.

The Vietnamese foreign minister said the upcoming visit could open a new chapter in bilateral relations, building on the longstanding ties between the two countries and expanding cooperation in areas of mutual interest. He also said Vietnam respects Myanmar’s sovereignty, territorial integrity and right to independent decision-making, describing Vietnam as a reliable friend of Myanmar.

President U Min Aung Hlaing said Myanmar and Vietnam have maintained longstanding diplomatic relations, which marked their 50th anniversary in 2025. He noted similarities between the two countries in religion, culture and their historical struggles for independence, while highlighting cooperation between their governments and defence sectors.

During the talks, the two sides discussed strengthening government-to-government, parliamentary, military-to-military and people-to-people relations. They also exchanged views on expanding cooperation into new economic sectors and increasing bilateral trade and investment.

The discussions also covered Myanmar’s participation in the upcoming Cambodia-Laos-Myanmar-Vietnam (CLMV) Cooperation Summit and the Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit to be held in Vietnam, as well as continued mutual support between Myanmar and Vietnam on the international stage.

Myanmar officials attending the meeting included Union Minister for the President’s Office U Khin Maung Yi, Union Minister for Foreign Affairs U Tin Maung Swe and other officials. The Vietnamese delegation included Ambassador of Vietnam to Myanmar H.E. Mr. Nguyen Anh Duc and senior officials.

The invitation comes as President U Min Aung Hlaing has undertaken a series of official overseas visits since assuming the presidency, reflecting Myanmar’s efforts to expand bilateral and regional diplomatic engagement.

ဗီယက်နမ်သို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတ ဖိတ်ကြား

နေပြည်တော်၊ ဩဂုတ် ၂၆

ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတက ဖိတ်ကြားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများ တိုးမြှင့်ရန် မြန်မာနှင့် ဗီယက်နမ်တို့ ဩဂုတ် ၂၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိတ်ကြားချက်ကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoal Trung က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင် တော်၌ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ်၏ သတင်းစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လာမည့်ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ တည်ဆောက် ထားသည့် ဆက်ဆံရေးအပေါ် အခြေခံကာ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဗီယက်နမ် အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားကြောင်းနှင့် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည် မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ်တို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ ပြည့် ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများတွင် တူညီမှုများရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်း  ဆောင်ရွက်မှုများအပြင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ကောင်းမွန်နေကြောင်း ပြောကြားသည်။

နှစ်ဖက်ဆွေးနွေးမှုတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ ပါဝင်တက်ရောက်ရေးအပြင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာဘက်မှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် မေလကုန်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဇွန်လတွင် တရုတ် နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ထို့နောက် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းတွင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့လည်း တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံတော်သမ္မတကို တရားဝင်ခရီးလာရောက်ရန်ဖိတ်ကြားထားပြီး ယခု ဗီယက်နမ်၏ ဖိတ်ကြားမှုသည် သမ္မတ  တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင်၏ နိုင်ငံရပ်ခြား တရားဝင်ခရီးစဉ်များ ဆက်တိုက်ပြုလုပ်  နေသည့်  ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာ–ရုရှား ခေါင်းဆောင်များတွေ့ဆုံမှု နိုင်ငံတကာသတင်းမီဒီယာနှင့် လူမှုကွန်ရက်များတွင် အာရုံစိုက်မှုမြင့်တက်ခဲ့

မေမျိုးမွန်

၂၆ ဩဂုတ်၊၂၀၂၆ (ရန်ကုန်)

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ နီးကပ်လာမှုကို ထင်ဟပ်စေသည့် ဖြစ်ရပ် တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာသတင်းမီဒီယာများနှင့် လူမှုကွန်ရက်အသုံးပြုသူများအကြားလည်း သိသာ သည့် အာရုံစိုက်မှု ရရှိခဲ့ကြောင်းသိရှိရသည်။

သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဩဂုတ် ၁၈ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သက်သည့် သတင်းများကို နိုင်ငံတကာသတင်း မီဒီယာအများ   အပြားက ဖော်ပြခဲ့ကြသကဲ့သို့ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင်လည်း ပျံ့နှံ့မှုအားကောင်းခဲ့သည်။

အထူးသဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် Facebook စာမျက်နှာတွင် တင်ထားသည့် သမ္မတနှစ်ဦး တွေ့ဆုံမှု ရုပ်သံမှတ်တမ်းအတို (Reel) သည် ဩဂုတ် ၂၆ ရက်(ယနေ့)အထိ ကြည့်ရှုမှု ၂.၆ သန်းကျော် ရရှိထားသည်။ ယင်းကြည့်ရှုမှုအရေအတွက်သည် အဆိုပါ Facebook စာမျက်နှာတွင် ပြီးခဲ့သည့်တစ်လအတွင်း တင်ထားသည့် အခြား Reels များနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး သမ္မတနှစ်ဦးတွေ့ဆုံမှုအပေါ် လူမှုကွန်ရက်အသုံးပြုသူများ၏ စိတ်ဝင်စားမှု မြင့်မားခဲ့ကြောင်း ထင်ဟပ်နေသည်။

X လူမှုကွန်ရက်ပေါ်တွင်လည်း သမ္မတနှစ်ဦးတွေ့ဆုံမှုနှင့် ပတ်သက်သည့် သတင်းများ၊ ရုပ်သံမှတ်တမ်း  များနှင့် သုံးသပ်ဖော်ပြချက်များ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ကြောင်းတွေ့ရှိရသည်။ ဩဂုတ် ၁၉ ရက်တွင် “Putin Hosts Myanmar Leader at Kremlin for Partnership Talks” ဟူသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် အကြောင်းအရာသည် X ပေါ်တွင် ရေပန်းစားသည့် သတင်းအကြောင်းအရာများအနက် တတိယနေရာအထိ ရောက်ရှိခဲ့ကြောင်း အချို့မီဒီယာများကဖော်ပြသည်။ ယင်းက သမ္မတနှစ်ဦး  တွေ့ဆုံမှုသတင်းသည် သတင်းမီဒီယာများတွင်သာမက လူမှုကွန်ရက်ပလက်ဖောင်းများ ပေါ်တွင်ပါ အာရုံစိုက်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ယခုရုရှားခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် အိမ်နီးချင်းမဟုတ်သည့် နိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် တရားဝင်ခရီးစဉ်ဖြစ်ခြင်းကလည်း နိုင်ငံတကာ  သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း နိုင်ငံရေး သုံးသပ်သူတစ်ဦးကပြောသည်။

ထို့ပြင် သမ္မတနှစ်ဦး၏ ဆွေးနွေးမှုများမှာ သံတမန်ဆက်ဆံရေးသက်သက်သာမက စီးပွားရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နည်းပညာနှင့် အခြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုကဏ္ဍများအထိ ကျယ်ပြန့်ခဲ့သည်။ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး၊ LNG ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ရေးနည်းပညာကဏ္ဍများတွင် ပူးပေါင်း   ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ ပါဝင်ခဲ့သည်။ ထိုအချက်များကြောင့်  ယခုတွေ့ဆုံမှု၏ သတင်းတန်ဖိုးကို ပိုမိုမြင့်မားစေခဲ့ကြောင်းလည်း အဆိုပါပုဂ္ဂိုလ်ကဆက်လက်သုံးသပ်သည်။

တစ်ဖက်တွင်လည်း မြန်မာနှင့် ရုရှားတို့သည် ပထဝီနိုင်ငံရေးတင်းမာမှုပြင်းထန်နေသည့် လက်ရှိကမ္ဘာ့ အခြေအနေတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ စွမ်းအင်၊ လုံခြုံရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်လာခြင်းသည် ဒေသတွင်းနှင့် နိုင်ငံတကာနိုင်ငံရေးအရပါ အဓိပ္ပာယ်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ်လည်း နိုင်ငံတကာသုံးသပ် သူများ၏ ရှုမြင်မှုများလည်းရှိနေသည်။

အချက်အလက်များအရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံပေါင်း ၄၈ နိုင်ငံခန့်ရှိ သတင်းမီဒီယာ ၄၀၀ ကျော်က သတင်းအပုဒ်ရေ ၁,၀၀၀ နီးပါး ရေးသားဖြန့်ဝေခဲ့ကြောင်းလည်း ပြည်တွင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းကိန်းဂဏန်းများသည် အဆိုပါခရီးစဉ်များအပေါ် နိုင်ငံတကာသတင်းမီဒီယာများ၏ စိတ်ဝင်စားမှုနှင့် သတင်းဖြန့်ဝေမှုအတိုင်းအတာ ကျယ်ပြန့်ခဲ့ကြောင်း ပြသနေသည်။

ထို့အပြင် အဆိုပါသတင်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်ပလက်ဖောင်းများပေါ်ရှိ တုံ့ပြန်မှုများကို ဆန်းစစ်ထားသည့်စစ်တမ်းတစ်ခုအရ အပြုသဘောဆောင်သည့် reaction များသည် ၉၀ ရာခိုင်နှုန်း ခန့်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။ယင်းအချက်က သတင်းများပေါ်ရှိ လူမှုကွန်ရက်တုံ့ပြန်မှု  များတွင် အပြုသဘောဆောင်သည့် သဘောထားများ အချိုးအစားမြင့်မားခဲ့ ကြောင်း ဖော်ပြနေသည်။

ယခုတွေ့ဆုံမှုအပေါ် နိုင်ငံတကာအာရုံစိုက်မှု မြင့်မားခဲ့ခြင်းသည် အကြောင်းရင်းများစွာ ပေါင်းစပ်နေ သည်ကို တွေ့ရသည်။ယင်းတို့မှာ သမ္မတဦးမင်းအောင်လှိုင်၏ သမ္မတတာဝန်ယူပြီးနောက် အိမ်နီးချင်း မဟုတ်သည့် နိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ်ဖြစ်ခြင်း၊ ရုရှားနှင့် မြန်မာအကြား စွမ်းအင်နှင့် ကာကွယ် ရေးအပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာခြင်းနှင့် အနောက်  နိုင်ငံများ၏ ဖိအားနှင့် ပိတ်ဆို့အရေးယူမှုများကြားတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာခြင်းတို့သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေသည့် အဓိကနောက်ခံအကြောင်းရင်းများ ဖြစ်လာခဲ့သည်။

ထို့အပြင်ရုရှား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ကမ္ဘာ့နိုင်ငံရေးလေ့လာ  သူများနှင့် သတင်းဌာနကြီးများက မျက်ခြေမပြတ် အထူးအာရုံစိုက် စောင့်ကြည့်နေကြခြင်းသည်လည်း အဓိကအကြောင်းရင်းများထဲတွင်ပါဝင်နေသည်။

ယင်းအခြေအနေများကို စုစည်းကြည့်လျှင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ ဩဂုတ် ၁၈ ရက် တွေ့ဆုံမှုသည် သာမန်နှစ်နိုင်ငံအဆင့် သံတမန်တွေ့ဆုံမှုတစ်ခုအဖြစ်သာ မဟုတ်ဘဲ မြန်မာ–ရုရှား ဆက်ဆံရေး၏ လက်ရှိအခြေအနေ၊ ပူးပေါင်းဆောင်ရွက်မှု အကျယ်အဝန်းနှင့် အနာဂတ်ဦးတည်ချက်တို့ကို ထင်ဟပ်စေသည့် ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံတကာသတင်းမီဒီယာများနှင့် လူမှုကွန်ရက်အသုံးပြုသူများအကြား အာရုံစိုက်မှု ရရှိခဲ့သည်ဟု သုံးသပ်တင်ပြရပါသည်။

Health

စပါးကြီးမြွေသွေးထဲက မော်လီကျူးကနေ အဝလွန်သူတွေအတွက် ဝိတ်ကျဆေးအသစ် ပေါ်ထွက်လာနိုင်

၁၄ ဧပြီ၊၂၀၂၆

စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။  Source: The Guardian

ဗိုက်တာမင်အားဆေးတွေနှင့်တွဲမသုံးသင့်သည့်ဆေးမျာ

၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။

မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ရေး အာရုံစိုက်ဆောင်ရွက်သင့်သည့် နီပါဗိုင်းရပ်စ်

-အယ်ဒီတာတစ်ဦး

အိန္ဒိယနိုင်ငံအခြေအနေ

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။

    နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။

ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့်  စစ်ဆေးနေ    တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။

ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။

ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ  နိုင်ခြေရှိသော နိုင်ငံ" (High-risk  area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။

နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။

◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။

◾️ထန်းရည်/ဓနိရည်-    လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)

◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

Source: Wire News

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.