#Local_News
Published _26 April 2023

 

တောင်ကိုရီးယားတွင် ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း နှလုံးရပ်၍ ရုတ်တစ်ရက် သေဆုံးခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ ချောင်နန်မြို့ရှိ စက်ရုံတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ
အသက်(၃၉)နှစ်အရွယ် ကိုမျိုးနိုင်အေးဆိုသူဖြစ်ကြောင်း သိရသည်။

 

"စက်ရုံမှာ ပစ္စည်းတွေကို ကွန်တိန်နာပေါ်က ချနေရင်းနဲ့ နှလုံးအောင့်ပြီး မောပြီးတော့ မူမူးလဲသွားတ၊ ချွန်နမ်ပြည်နယ် ချောင်နန်မြို့ ဒန်ဂု့တက္ကသိုလ် ဆေးရုံကြီးကိုပို့တယ်၊ ဆေးကုနေရင်းဆုံးသွားတာ"ဟု ကိုရီးယားနေ မြန်မာ တစ်ဦးကဆိုသည်။

 

ကိုမျိုးနိုင်အေးမှာ  မြင်းခြံမြို့ကဖြစ်ပြီး တောင်ကိုရီးယားသို့ ဒုတိယအကြိမ်ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် (၅)နှစ်အရွယ်ကလေးတစ်ဦး၊ (၈)လသား အရွယ် ကလေးတစ်ဦးကျန်ခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #တောင်ကိုရီးယား #မြန်မာအလုပ်သမား
#YMG #Yangon _Media _Group