#Local_News
Published-25 February 2023
ဖိလစ်ပိုင်နိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား များထဲမှ ၁၄ ဦး ပြည်တွင်းသို့ ပြန်ရောက်ခဲ့ကြကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
လူကုန်ကူးခံရသူ ၂၁ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ဆယ်ထားပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် ၄ ဦး ပြန်လည် ပို့ဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ၂၄ ရက်က ၁၀ ဦး ထပ်မံ ပို့ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊နောက်ထပ် ၇ ဦး ကျန်နေသေးပြီး မကြာမီ ပြန်လာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။
ယင်းလူကုန်ကူးခံရသူများမှာ ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ရန် လာရောက်ကြသူများ ဖြစ်ပြီး ယင်းက တစ်ဆင့် လူကုန်ကူးခံရကာ လုပ်ငန်းခွင်အတွင်း အဓမ္မခိုင်းစေခံခဲ့ကြရကြောင်းလည်း သိရသည်။
လူကုန်ကူးခံရသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM) ၊ International Justice Mission တို့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
#ymg/mt #Local_News #ဖိလစ်ပိုင်နိုင်ငံ #လူကုန်ကူးခံခဲ့ရ #YMG
#Yangon_Media_Group
#Local_News
Published- 25 February 2023
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမရှိတော့၍ မင်းပြားမြို့နယ်၊ တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်နေကြသည့် အိမ်ထောင်စု ၅၈၈ စု၊ လူဦးရေ ကျား ၁၀၀၈ ဦး၊ မ ၁၃၃၅ ဦး၊ ပေါင်း ၂၃၄၃ ဦးတို့ ဖေဖော်ဝါရီလ ၂၃ ရက်က နေရပ်ပြန်ကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အဆိုပါ တိုက်ပွဲရှောင်များအား ပြည်နယ်အစိုးရက အိမ်ထောင်စုတစ်စုလျှင် ၅၀၀၀၀၀ ကျပ်နှုန်းဖြင့် ၂၉၄၀၀၀၀၀၀ ကျပ်၊ လူဦးရေ ၂၃၄၃ ဦးတို့အတွက် လူတစ်ဦးလျှင် ၁ ရက် ဆန် ၂ ဗူး နှုန်း ( တစ်ဗူးလျှင် ၁၅၀ ကျပ်နှုန်းဖြင့် တစ်ရက် ၃၀၀ ကျပ်၊ တစ်လ ၉၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၁၀၈၇၀၀၀ ကျပ် )ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းကို မင်းပြားမြို့၊ ရာမောင်ခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လိုက်ပါပို့ဆောင်ရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာများလည်း ပါဝင်ကြောင်း သိရသည်။
#ymg/mt #Local_News #မင်းပြား #တိုက်ပွဲရှောင်
#YMG #Yangon_Media_Group
#Local_News
Published-25 February 2023
ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်ရေး နှစ်နိုင်ငံအကြားဆွေးနွေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များနှင့်ရုရှားအခြေစိုက် "Chemrar" High-Tech-Center Company မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၄ရက်တွင် ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ကိုဗစ်- ၁၉ရောဂါကုသရေးနှင့် ပတ်သက်သည့်ဆေးဝါးများနှင့်စစ်ဆေးနေသည့် စနစ်များကို မြန်မာနိုင်ငံသို့ထောက်ပံ့ပေးရန်စီစဉ် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆေးဝါးများမြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေး ကိစ္စရပ်များနှင့် ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းဆောင်ရွက်တိုင်မည့် ကိစ္စရပ်များကိုလည်း နှစ်ဦးနှစ်ဖက်အကြားဆွေးနွေးခဲ့ကြကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာ-ရုရှားဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အာဏာပိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှု မူဘောင်ကတစ်ဆင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်နိုင်ရေး ကိစ္စ ရပ်များကို အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။
#ymg/mt #Local_News #ရုရှား-မြန်မာ #ဆေးဝါးကောင်စီ
#YMG #Yangon- Media -Group
#Local_News
Published-25 February 2023
မလေးရှားနိုင်ငံသို့သွားမည့် မြန်မာ ၁၀၀ ကျော်ကို ၁၀ ဘီးကားကြီးအတွင်း ဖေဖော်ဝါရီလ ၂၄ ရက်က ထိုင်း-မလေးရှားနယ်စပ်အနီးတွင် ဖမ်းဆီးမိကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ပကျွတ်ခီရီခန်ခရိုင်က တစ်ဆင့်ဝင်ရောက်လာကာ ယင်း ၁၀ ဘီးကားဖြင့် မြန်မာနိုင်ငံသား ၁၀၁ ဦး တင်ဆောင်ကာ ထိုင်း-မလေးရှားနယ်စပ်စဒေါင်မြို့နယ် လမ်းကြောင်းသို့ ဦးတည်လာရာ ထွန်တမ်စောင်မြို့နယ် ဟတ်ယိုင် စုံခလာခရိုင် စစ်ဆေးရေးဂိတ်အရောက်တွင် ဒေသခံများကမသင်္ကာ၍ တိုင်ကြားရာမှ စစ်ဆေးဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း သတင်းများအရ သိရသည်။
#ymg/mt #Local_News #မလေးရှား #၁၀ဘီးကား #YMG
#Yangon_Media_Group
#Local_News
Published_ 25 February 2023
အွန်လိုင်းမှ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်ထားပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေခဲ့သူ (၈၅၂၉)ဦးအထိရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ထုတ်ပြန်ချက်တွင် ရန်ကုန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ဖေဖော်ဝါရီ (၂၄)ရက်တွင် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းအား စတင်စမ်းသပ် အသုံးပြုခဲ့ရာ လျှောက်ထားသူ(၈၅၂၉)ဦးမှ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေလျှောက်ထားခဲ့ရာ ရက်ချိန်းများရရှိခဲ့သည့်အတွက် ကနဦးစမ်းသပ်ဆောင်ရွက်မှု အဆင်ပြေခဲ့သည်ဟု ဆိုသည်၊၊
ယင်းကဲ့သို့ အဆင်ပြေခဲ့သော်လည်း Online Appointment System စနစ်ကို လိုအပ်ချက်အနည်းငယ်ရှိပါသဖြင့် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန်ရှိပါသဖြင့် ရက်ချိန်းအသစ်လျှောက်ထားခြင်းအား တစ်ရက်ရပ်နားထားမည်ဖြစ်ပြီး ရက်ချိန်းအသစ်လျှောက်ထားခြင်းကိုဖေဖော်ဝါရီလ(၂၆)ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းဖေဖော်ဝါရီလ (၂၅)ရက်တွင် ဖော်ပြထားသည်၊၊
အချို့သော လျှောက်ထားသူများမှ ငွေပေးချေပြီးသော်လည်း ရရှိမည့်ရက်ချိန်းအတွက် နေ့စွဲနှင့်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားချက်များ စနစ်မှထုတ်ပေးမှုကို လက်ခံမရရှိခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သို့ဖြစ်၍ ရက်ချိန်းအချက်အလက်များကို ပြန်လည်ကြည့်ရှုနိုင်ရန် Website ၏ Home Page ရှိ ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို ဖြည့်သွင်း၍ လျှောက်ထားသူအတွက် စနစ်မှခွင့်ပြုထားသည့် ရက်ချိန်းနေ့စွဲနှင့် အချိန်ကို ပြန်လည်ကြည့်ရှုနိုင်ပါကြောင်းလည်း အသိပေးထားကြောင်းသိရသည်၊၊
#ymg/tthl #Local_News #Passport #Onlin_Booking
#YMG #Yangon_Media_Group
#Local_News
Published-25 February 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တောင်ရပ်ကွက်အတွင်းရှိ နောင်ဘိုကန် သာယာလှပရေး လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကွပ်ကဲ၍ ကန်အတွင်းနံရံဘက်တွင် ကျောက်ရိုးစီမြေကာ နံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အများပြည်သူ အပန်းဖြေနေရာ၊ ကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန် နေရာတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
ယင်းအပြင် ကန်ရေကြောင့် ကန်အနီးသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေကာ နွေရာသီရေရှားပါးချိန်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက်လည်း အကျိုးပြုစေမည်ဖြစ်ကြောင်း၊ ကန်အတွင်းရေသိုလှောင်မှု ပမာဏများပြားကာ ကန်အနီး လူနေအိမ်များရှိ ရေတွင်းများအတွက်လည်း မြေအောက်ရေကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ဟိုပုံးမြို့ #နောင်ဘိုကန်
#YMG #Yangon_Media_Group
#Health
- XBB ဟာ ဘယ်လိုရောဂါလက္ခဏာပြတတ်ပါသလဲ အချို့က ချောင်းဆိုးတာ အဖျားမရှိဘူးလို့ ပြောနေကြပါတယ် ဟုတ်ပါသလား
- ဘယ်လိုကာကွယ်နေထိုင်သင့်သလဲ
#Dr.KML #Health #XBB #ချောင်းဆိုးတာ #အဖျားမရှိဘူး
#YMG #Yangon_Media_Group
Page 1521 of 2315