#Local_News
Published_ 24 February 2023
ဖေဖော်ဝါရီလ ၂၄ ရက်မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၈၂၂ ဒေါ်လာနဲ့ဈေးဖွင့်လာပြီး ပြည်တွင်းရွှေဈေးဟာလည်း ၂၈ သိန်း ၅ သောင်းအောက်ကို ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #Gold #Business #YMG
#Yangon_Media_Group
#Local_News
Published_ 24 February 2023
မတ်လ ၁ ရက်နေ့ကစပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများကနေတစ်ဆင့်တစ်ဖက်နိုင်ငံကို ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့ရောင်းမှုကနေ ရရှိလာတဲ့ နိုင်ငံခြားသုံးငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News #Rice #Export #ဗဟိုဘဏ်သတ်မှတ်နှုန်း
#YMG #Yangon_Media_Group
#DailyNews
Published_ 24 February 2023
၁။ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုမှရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်းလဲလှယ်ရမည်
၂။ ကမ္ဘာ့ရွှေဈေး ၁၈၂၂ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြည်တွင်ရွှေဈေးဆက်တိုက်ကျဆင်းနေ
၃။ ရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသရောင်းချနေသည့် Channel များ၊ Website များ၊ Page များကို အရေးယူရန်ရှိဟုဆို
၄။ အန္တာတိကရေခဲပြင်တွင်(၂.၅)ကီလိုမီတာ ရေကူးခတ်ပြီး စံချိန်တင်ခဲ့သည့် ချီလီရေကူးမယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 24 February 2023
အခုရက်ပိုင်းမှာ တနင်္လာဂြိုလ် Moon ရယ်၊ကြာသပတေးဂြိုလ် Jupiter ရယ်၊ သောကြာဂြိုလ် Venus ရယ် ဂြိုဟ်သုံးလုံးတစ်တန်းတည်းကျရောက်ခဲ့တယ်လိုသိရပါတယ်၊၊
#Local_News #ဂြိုဟ်သုံးလုံး
#YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ထုတ်ယူပြီး ပြန်အလာတွင် လုယက်သွားမှုတစ်ခု ရန်ကုန်မြို့တွင်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည်။
ငွေလွှဲလုပ်ငန်းတစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ယာဉ်မောင်းတို့က ဆာကူရာတာဝါ ရှိ CB ဘဏ်မှ ငွေကျပ်သိန်းသုံးထောင်ကို ထုတ်ယူပြီး ဆာလာအိတ်နှစ်အိတ်ဖြင့် ထည့်၍ ကားဖြင့် သယ်လာစဉ် အထက်ပါအတိုင်း လုယူခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ ကားမှာ ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းအတွင်းသို့ ကွေ့ဝင် မောင်းနှင်ခဲ့ကာ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် အရောက်တွင် လူငါးဦးက ဓားမြှောင်များကိုင်၍ ယာဉ်ပေါ်သို့တက်ကာ မဟာဗန္ဓုလလမ်းအတိုင်း ဆိပ်ကမ်းသာလမ်းထိပ်သို့ မောင်းခိုင်းပြီး အသင့်စောင့်နေသော ကားပေါ်သို့ အဆိုပါ ငွေအိတ် နှစ်အိတ်ကို ရွှေ့ပြောင်း၍ လုယက်ထွက်ပြေးသွာခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #CB bank #YMG #လုယက်သွားမှု
#Yangon_Media_Group
#Local_News
Published_ 24 February 2023
ပြည်တွင်းမှာထွက်ရှိသည့်ဆန်ကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်းရေး နိုင်ငံလုပ်ငန်းရှင်တွေ ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းအသင်းမှသိရသည်။ ဒါ့အပြင် အင်ဒိုနီးရှား _မြန်မာ စွမ်းအင်လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာကျောင်းသားများကို ပညာသင်ဆုပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်တင်ပို့နိုင်းရေးအတွင် ပြည်တွင်းငွေကြေးစနစ်နှင့်ဘဏ်လုပ်ငန်းများ ကောင်းမွန်လည်ပတ်နိုင်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ လက်ရှိမှာ ပြည်တွင်းကဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့ရာမှ ရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်းလဲလှယ်ဖို့ စီးပွားကူးသန်းဝန်ကြီးဌာနက ညွှန်ကြားချက် အသစ်ထုတ်ပြန်ထားသည်။
၂၀၂၂_ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ ပြည်ပသို့ဆန်တန်ချိန် ၂ သန်းတင်ပို့ထားပြီး ဖေဖော်ဝါရီလနှင့်မတ်လကုန်တို့မှာ ဆန်တန်ချိန် ၃သိန်းထပ်မံတင်ပို့ရန်လျာထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
#ymg/ynzw #Local_News #အင်ဒိုနီးရှား
#Yangon_Media_Group
#Local_News
Published_ 24 February 2023
အရေးပေါ်သက်တမ်းကာလ ထပ်မံတိုးမြှင့်မှုအပေါ် ပြည်သူများ၏တုန့်ပြန်ချက်များ လိုအင်ဆန္ဒများကို ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဖေဖော်ဝါရီ (၂၃) ရက်ကပြုလုပ်တဲ့ နစက အစည်းအဝေး (၂/၂၀၂၃) မှာ ပြောကြားခဲ့ပါတယ်။
နစကရဲ့ ၂ နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ယာယီသမ္မတ ထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အရေးပေါ်အခြေအနေ သက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့ ရာ တွေ့ရှိရသည့် ဝေဖန်မှုများ၊ တုန့်ပြန်ချက် များနှင့်လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ တယ်လို့ နစကဥက္ကဋ္ဌက ဆိုပါတယ်။
တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည် ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန် ဟူသည့် အချက် ၃ ချက်မှာ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အချို့သောမြို့နယ်များ၌ စစ်အုပ်ချုပ်ရေး အမိန့်ကိုထုတ်ပြန်ခဲ့ပြီး တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်း မှုရှိအောင် ဆောင်ရွက် ရာတွင် ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲမှာ တိုင်းပြည်တစ်ခုရဲ့ သိက္ခာပင်ဖြစ်သဖြင့် သိက္ခာရှိတဲ့ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် အချိန်လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းများမြင့်တက်ရခြင်းမှာ ယခင်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များများပြားခြင်းကြောင့် ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ သော်လည်း အခြေခံ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ နိုင်ငံ့ဝင်ငွေတိုးတက်စေရေး အတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက် စေရေးအားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့မှသာ ကုန်ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရေး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
#ygm_mnn #အရေးပေါ်သက်တမ်း #Local_News #YMG
#Yangon_Media_Group
Page 1523 of 2315