Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်အား မတ်လ (၂၅)ရက်က KKO (ခွဲထွက်)အဖွဲ့နှင့် PDFအဖွဲ့တို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့သေဆုံးခဲ့ကြကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင်KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရ
#KKO (ခွဲထွက်)အဖွဲ့နှင့် PDF
#YangonMediaGroup





#LocalNews
+++++++++++++++++++++++++++++++++++
Published_ 25 March 2023
ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၂၅ ရက်နေ့မှာ တစ်အောင်စကို ၁၉၇၈ ဒေါ်လာ ဈေးပိတ်ခဲ့ကြောင်း ရွှေဈေးကွက်ထဲမှ သိရပါတယ်။ကမ္ဘာ့ရွှေဈေးဟာ မတ် တတိယအပတ် တစ်ပတ်လုံး ၁၉၀၀ အထက်မှာရှိခဲ့ပြီး မတ်လ၂၄ ရက်နေ့လည်ပိုင်းမှာ ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 25 March 2023
မြဝတီမြို့သင်္ဃန်းညီရဲစခန်း၊ကုန်သွယ်ဇုန် နဲ့ ဌာနဆိုင်ရာ ရုံးတချို့ကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
#YMG#Yangon_Media_Group
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာတဲ့မြန်မာ့လူ့အဖွဲ့အစည်းဖြစ်ဖို့ ရေကိုဘယ်လိုအကျိုးရှိရှိအသုံးပြုသင့်သလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
မတ်လ(၂၄)ရက်ညပိုင်းအချိန်မှာတော့ လနဲ့သောကြာ ဂြိုဟ်ကြယ်တို့ နီးကပ်စွာရှိနေခဲ့တာကိုတွေ့မြင်ခဲ့ကြရပါတယ်၊၊
#YMG#Yangon_Media_Group
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-မြန်မာနိုင်ငံမှာ ရေဟာ ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုအဖြစ်ရှိနေဆဲပဲလား??
#YMG#Yangon_Media_Group
#DailyNews
Published_ 25 March 2023
၁။လနှင့် သောကြာဂြိုဟ်ပူးခြင်းကြောင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကောင်းမွန်သောပြောင်းလဲခြင်းများ ဖြစ်လာနိုင်ဟုဆို
၂။မြဝတီမြို့ သဃန်းညီရဲစခန်း၊ ကုန်သွယ်ဇုန်နှင့် ဌာနဆိုင်ရာ ရုံးအချို့ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရဟု သိရ
၃။ ကမ္ဘာ့ရွှေဈေး ၁၉၇၈ ဒေါ်လာနှင့်ဈေးပိတ်၊ ပြည်တွင်းရွှေဈေး ၂၃ သိန်း ၃ သောင်းကျော် ရန်ကုန်ရွှေအသင်း သတ်မှတ်
၄။ကာဂျစ္စတန်ရှိ တစ်ခုတည်းသောအမျိုးသမီးအကျဉ်းထောင်တွင် နွေဦးအထိမ်းအမှတ်ပွဲတော်ကျင်းပကာ အကျဉ်းသားများ ခဏတာပျော်ရွှင်ခွင့်ရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1527 of 2361