#Local_News
Published-25 April 2023

 

ထိုင်းနိုင်ငံ အီလက်ထရွန်းနစ် စက်ရုံမှအလုပ်ထုတ်ခံရသည့်  MOU  မြန်မာလုပ်သားများ ယခုအပတ်အတွင်းအလုပ် ပြန်ရရှိနိုင်ရန်ကွင်းဆင်းဆောင်ရွက်နေကြောင်း ဗန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရရှိရုံးက သိရသည်။

 

ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ Cal-Comp အီလက်ထရွန်းနစ်စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် MoU အလုပ်သမားများ အလုပ်အကိုင်သစ်အမြန်ရရှိရေးအတွက် ရည်ရွယ်၍ အလုပ်သမားသံအရာရှိရုံးမှ စမုစခွန်နယ်မြေ၊ အလုပ်အကိုင်ဌာနရုံး၌ ရုံးတာဝန်ခံအရာရှိများ၊ သက်ဆိုင်ရာ ထိုင်းဘတ်ငါးသန်းအေဂျင်စီများ၊ စက်ရုံမှ တာဝန်ရှိသူများဖြင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးလျှက်ရှိပြီး Cal-Comp စက်ရုံ သို့မဟုတ် အခြားအလုပ်အကိုင်သစ်ရရှိရေး စောင့်ဆိုင်းသူများအတွက် ယခုရက်သတ္တပတ်အတွင်း ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဧပြီလ ၂၄ရက်က ထုတ်ပြန်ထားသည်။

 

ထို့အပြင်ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် MOU အလုပ်သမားများအလုပ်ပြန်လည်ခန့်အပ်နိုင်ရေးအတွက် ရည်ရွယ်၍ အလုပ်ရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ အလုပ်ပြန်ခန့်အပ်ပါက နှစ်ဆိုင်းမှသုံးဆိုင်းသိုပြောင်းလဲသတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်လျှင် ထပ်မံဆန္ဒပြမည်ကိုစိုးရိမ်ကြောင်း၊ ခန့်ထားဆဲအလုပ်သမားများနှင့်ပြန်လည်ခန့်အပ်ရမည့်အလုပ်သမားများက သုံးဆိုင်းဖြင့် လုပ်ကိုင်ရန်သဘောတူညီချက်လိုအပ်ကြောင်းသိရပြီး အလုပ်သမားသံအရာရှိရုံးမှသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၃၀ ရက်က စမုစခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံမှ အလုပ်သမား ၁၀၅၇ဦး အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

#ymg/pl #Local_News #Cal-Comp Electronics #MoU မြန်မာလုပ်သား #အလုပ်သမားသံအရာရှိ #YMG #Yangon-Media-Group