#Local_News
Published_ 25 April 2023

 

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လာမည့်ကဆုန်လပြည့်နေ့မေလ (၃)ရက်တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲကျင်းပမည်ဖြစ်ကြောင်းဂေါပကအဖွဲ့ထံမှ သိရသည်၊၊

 

ယခုနှစ်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲသည်ရွှေတိဂုံစေတီတော်ကြီး၏ (၄၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲဖြစ်သည်ဟု ဆိုသည်၊၊

 

ကဆုန်ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို စေတီတော်ရင်ပြင်အင်္ဂါထောင့် မဟာဗောဓိညောင်ပင်၌ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ ဖွင့်ပွဲအခမ်းအနားကျင်းပကြမည် ဖြစ်သည်၊၊

 

ဘုရားဖူးပြည်သူများ ကဆုန်ညောင်ရေသွန်းနိုင်ရန် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ ညောင်ပင်များတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများကညောင်ရေသွန်းနိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl #ရွှေတိဂုံစေတီတော် #ကဆုန်ညောင်ရေသွန်း
#YMG #Yangon_Media_Group