#Local_News
Published_ 25 April 2023

ယခု တစ်ပတ်အတွင်း စက်သုံးဆီ​ဈေးမှာ နှုန်းထား တစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့ အနည်းကျငယ်ပြန်ကျခဲ့​သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ​​ကျော်​နေဆဲဖြစ်​ကြောင်း ယ​နေ့​​ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။

 

ဧပြီ ၂၅ ရက်၊ ​ဈေးနှုန်းများအရ ရန်ကုန်မြို့၌ ​အောက်တိန်း ၉၂ တစ်လီတာ ၂,၀၄၅ ကျပ်၊​ အောက်တိန်း ၉၅ တစ်လီတာ ၂,၁၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၁,၉၈၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၀၆၅ ကျပ် ဖြစ်သည်။

 

ယင်း ​​ပေါက်ဈေးများမှာ ပြီးခဲ့သည့် တစ်ပတ်တာဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ဓာတ်ဆီ ၁၃၀ ကျပ်၊ ဒီဇယ် ၈၅ ကျပ် စီနှုန်းထားဖြင့် အနည်းငယ်​လျော့ကျခဲ့ခြင်းဖြစ်သည်။

 

မန္တ​လေးမြို့ စက်သုံးဆီ​ဈေးနှုန်းများမှာလည်း အောက်တိန်း ၉၂ တစ်လီတာ ၂,၀၉၅ ကျပ်၊ ​အောက်တိန်း ၉၅ တစ်လီတာ ၂,၁၉၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂,၀၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂,၁၁၅ ကျပ်ဖြစ်​ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးကော်မတီ PPRD ၏ ​ရည်ညွှန်း​ဈေးများအရ သိရသည်။

 

ယခုဖော်ပြသည့် ​ရန်ကုန်၊ မန္တ​လေးမြို့များ၏ စက်သုံးဆီဈေးနှုန်းများသည် တိုင်းနှင့် ပြည်နယ်များအနက် အနိမ့်ဆုံး​​ဈေးများဖြစ်ပြီး ​ဒေသအလိုက်ကွာဟမှု ရှိ​နေဆဲဖြစ်သည်။

 

#ymg/ppk #Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon-Media-Group