#Local_News
Published_ 27 March 2023
လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုမှ ကုန်သွယ်မှုဝင်ငွေသည် မျှော်မှန်းထားသည့် ပမာဏထက် ဒေါ်လာသုံးဘီလီယံ
ကျော်လွန်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ စုစုပေါင်း ၂၉ ဒသမ ၅ ဘီလီယံမျှော်မှန်းထားပြီး ယခုအခါ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ၁၅ ဒသမ ၉၅ ဘီလီယံ၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၀ ဘီလီယံစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံ ပိုမိုရှိထားခြင်းဖြစ်သည်။
ယခုနှစ်အတွက်ကုန်သွယ်မှုပမာဏကို ၃၀ ဘီလီယံ နီးပါး မျှော်မှန်းထားရာမှ ကုန်သွယ်ငွေသည် ၃၂ ဘီလီယံခွဲရှိနေပြီဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထားပြီး၊ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/ppk #Local_News #ပြည်ပကုန်သွယ်မှု #ဒေါ်လာ ၃ ဘီလီယံ
#YMG #Yangon-Media-Group
#LocalNews
Published_ 28 March 2023
ရန်ကုန်မြစ်တွင်းပြေးဆွဲနေတဲ့သဗ္ဗာန်တွေအနေနဲ့ သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲပေးမှာဖြစ်ပြီး သဗ္ဗာန်မောင်းနှင်သူတွေကိုအလှည့်ကျပုံစံနဲ့သင်္ကြန်ပိတ်ရက်တွေမှာနားခွင့်ပေးထားတယ်လို့ သဗ္ဗာန်ပြေးဆွဲသူတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 28March 2023
သင်္ကြန်တွင်း ရေကစားပစ္စည်းများ ဈေးကွက်ထဲမှာရောင်းအား ကောင်းနေပေမယ့် ပစ္စည်းပြတ်နေတယ်လို ရန်ကုန်မြို ၂၄လမ်းရှိ ရေကစ္စည်းအရောင်းဆိုင်တွေကိုမေးမြန်းချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
သင်္ကြန်ကာလမှာ ရန်ကုန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ လှည်းကူးမြို့နယ်ထဲက သူဌေးကျွန်း Resortနဲ့အခြားResortတွေကို လာရောက်မယ့်သူတွေပိုများလာနိုင်တယ်လို့ လှည်းကူးမြို့နယ်၊ခရီးသွားလမ်းညွှန်တွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 28March 2023
ကျုံးဒိုး၊ကော့ကရိတ်၊မြဝတီအာရှလမ်းမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ခရီးသည်မော်တော်ယာဉ်တချို့ ထီလုံ၊နဘူး၊ထိုကော်ကုန်းကျေးရွာများကနေ မော်တော်ယာဉ်များသွားလာနေရကြောင်းဒေသခံ များရဲ့ပြောပြချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
Page 1522 of 2361