#Local_News
Published_ 23 April 2023

ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးလုပ်ငန်းအဖွဲ၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အမှာစကား ပြောကြားကြပါတယ်။

ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများက စုံစမ်းစစ်ဆေးခဲ့သည့် မှုခင်းများမှ ဖော်ထုတ်ရရှိခဲ့သည့်ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖော်ထုတ်ရရှိခဲ့တဲ့ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group