#Local_News
Published_ 19 April 2023

ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းမှာ သက်ကြီးအမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ထံက သိရသည်။

 

ဧပြီလ ၁၉ရက်နေ့ နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံရှေ့အနီးမှာ သက်ကြီးအမျိုးသားတစ်ဦး လဲကျမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

 

"လဲကျလူနာကို စမ်းစစ်တာ အသက်မရှိတော့ပါဘူး၊ ဘာရောဂါအခံရှိလဲတော့မသိဘူးမိသားစုနဲ့ သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ နေအပူရှိန်ကြောင့် လဲကျသေဆုံးတာပါ"လို့ အသင်းမှ ကိုလွင်မောင်က ပြောသည်။

 

လဲကျသေဆုံးခဲ့တဲ့ သက်ကြီးအမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး အဆိုပါအနီးတစ်ဝိုက်မှာ နေထိုင်သူဖြစ်ကာ မိသားစုနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီးနာရေးယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရသည် ။

ymg/ppk
#Local_News #မရမ်းကုန်း #သက်ကြီးအမျိုးသားတစ်ဦး #နေအပူရှိန်ကြောင့်လဲကျသေဆုံး
#YMG #Yangon_Media_Group