#Local_News
Published_ 19 April 2023

ရန်ကုန် စမ်းချောင်းမြို့ရှိ ပန်းခြံတာဝါအနီး အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ဧပြီလ ၁၈ရက်နေ့ ညနေ ၄နာရီခွဲအချိန်က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီးက အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါးခဲ့သည်။

 

"ပန်းခြံတာဝါအနီးက အမှိုက်ပုံးထဲမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားတာပါ၊ ရန်ကုန်ဆေးရုံကြီးကို Dead Body တင်ယာဉ်နဲ့ အပ်နှံကူညီခဲ့ပါတယ်"လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါအမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားကြောင်း သက်ဆိုင်ရာမှ အကူအညီတောင်းခံလာတာကြောင့် မွေးကင်းစကလေးအလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့တယ်လို့ စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ကသိရသည်။

ymg/ppk
#Local_News #ရန်ကုန်စမ်းချောင်းမြို့နယ် #မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါး
#YMG #Yangon_Media_Group