#Local_News
Published_ 19 April 2023

ရထားလမ်းကြားတွင် ကလေးမွေးနေသည့် လူနာအမျိုးသမီးကို ဗဟိုအမျိုးသမီးဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်၊၊

 

ဧပြီလ(၁၉)ရက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနားရထားလမ်းကြား ကလေးမွေးနေသောလူနာကိုဆေးရုံကိုပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်၊၊

 

"စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနား ရထားလမ်း ကြားထဲ ကလေးမွေးနေတာ အဲဒီ့အမျိုးသမီးလေးက အိမ်ယာမရှိတဲ့ အိမ်ခြေမဲ့တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်၊၊

 

မီးရထားလမ်းနားမှာနေတာ ကလေးမွေးပြီးမှကျွန်တော်တို့ကိုခေါ်တာပါ အချင်းတန်းလန်းနဲ့ဆိုတော့ ကျွန်တော်တို့အသင်းက သူနာပြုလေးကဖြတ်တောက်ပေးပြီး ကလေးနဲ့မိခင်ကို ဗဟိုအမျိုးသမီးဆေးရုံကိုပို့ပေး လိုက်ပါတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှဦးထွန်းထွန်းဦးကYMGကိုပြောသည်၊၊

 

ရထားလမ်းကြားတွင်ကလေးမွေးနေသည့်လူနာအမျိုးသမီး​ရောကလေးငယ်ပါ ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရထားလမ်း #ကလေးမွေးနေသည့်လူနာ #ဆေးရုံသို့ကူညီပို့ဆောင်
#YMG #Yangon_Media_Group