#Local_News
Published_ 19 April 2023

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဓာတ်ဆီပုလင်းကိုင်ထားသူ အမျိုးသားတစ်ဦးကို ဆေးလိပ်မီးဖြင့် တို့မည်ဟုစနောက်ရာမှ မတော်တဆ မီးလောင်ကျွမ်းမူတစ်ခု ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီရေးအသင်းမှသိရသည်။

 

မီးလောင်ခံရသူသည် အသက်၃၀ခန့်ရှိပြီဖြစ်ပြီး တာချီလိတ်မြို့ လွယ်တော်ခမ်း-ညောင်လွတ်သက်တော်ရှည်ဘုန်းတော်ကြီးကျောင်းအနီးတွင်ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီးရေးအသင်းက YMG ကိုပြောသည်။

 

အဆိုပါမီးလောင်ခံရသူသည် မီးလောင်ကျွမ်းမူကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး လူမူကူညီရေးအသင်းကားဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
ymg/ynzw
#Local_News #ဓာတ်ဆီပုလင်းကိုင်ထားသူ #ဆေးလိပ်မီးဖြင့်စနောက် #မီးလောင်ကျွမ်းမူဖြစ်ပွား

#YMG #Yangon_Media_Group