အမြန်လမ်း ၃၉ မိုင် မီနီတိုးဂိတ်အနီး ရေဆက်လက်မြင့်တတ်နေတာကြောင့် ယာဉ်ငယ်များ သွားမရဘဲပိတ်ဆိုနေ
အမြန်လမ်း ၃၉မိုင် မီနီတိုးဂိတ်အနီး ရန်ကုန်-မော်လြမိုင် လမ်းပေါ်ရေကျော်မှု ပိုများလာတဲ့ အတွက် ယာဉ်ငယ်များ ဖြတ်သန်းမရဘဲ ပိတ်ဆိုနေတယ်လို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ပဲခူး၊ ရန်ကုန်စသည့်ဒေသများ မိုးကြီးဦးမည်
‘မုတ်သုန်မထွက်သေးတဲ့အတွက် မုတ်သုန်အရှိန်၊ မုတ်သုန်ဆုတ်ခွာချိန် မုတ်သုန်အထွက်မှာ လေထုမငြိမ်မသက် ဖြစ်တာတွေကြောင့် မိုးသည်းထန်တာ၊ မိုးကြီးတာတွေ ဖြစ်ပေါ်ဦးမှာဖြစ်တယ်။ ပဲခူး၊ ရန်ကုန်စတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးဆက်ရွာဦးမှာဖြစ်တယ် ’ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 09 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(ပထမအဆင့်)အဖြစ် မြန်မာ-မကာအိုဘောလုံးပွဲစဉ်ကို အောက်တိုဘာ(၁၂)ရက်တွင် အိမ်ကွင်းယှဉ်ပြိုင်မှုအဖြစ်ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုဝဏ္ဏဘောလုံး ကွင်း၌ကြည့်ရူနိုင်သလို ရုပ်သံလိုင်းမှလည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။
မြန်မာ-မကာအိုပွဲစဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ကြောင်းနှင့် အထူးတန်းကျပ်၅၀၀၀၊ရိုးရိုးတန်း ၂၀၀၀ကျပ်နှင့်ဝယ်ယူနိုင်ပြီးအောက်တိုဘာလ၉ရက်မှ၁၂ရက်အတွင်း အွန်လိုင်းAYAPayနဲ့လည်းကြိုတင် ဝယ်ယူနိုင် သည်ဟုဆိုသည်။
မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဟုဆိုသည်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူလည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့်အောက်တိုဘာလ(၁၂)ရက်တွင်အိမ်ကွင်း၌ ကန်ပြီးနောက် အောက်တိုဘာ (၁၇)ရက်တွင်မကာအိုဖြင့်နောက်တစ်ကြိမ်အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီးSkyNetရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 09 October 2023
ပဲခူးဆေးရုံကြီး ရေကြီးနစ်မြှုပ်နေသောကြောင့် သက်သာသူများ ဆေးရုံဆင်းခိုင်းနေပြီး ပုဂ္ဂလိကဆေးရုံအချို့၌ လူနာများအားအခမဲ့ ဝန်ဆောင်မှုပေးနေသည့်သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း ဆေးရုံတက်နေသည့် လူနာရှင်များနှင့် ပရဟိတလုပ်ကိုင်သူများထံမှ သိရသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ပဲခူးမြစ်ရေမြင့်တက်မှုတို့ကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် လမ်းများပေါ်တွင်ရေကျော်
မှုများနှင့်အတူ ပဲခူးဆေးရုံကြီးတွင်လည်း ရေကြီးမှုများရှိနေသည့်အတွက် အောက်တိုဘာ ၁၈
ရက် ည၁၂နာရီမှစတင်၍ ပဲခူးဆေးရုံကြီး၏အောက်ထပ် ရေနစ်မြှုပ်ခဲ့သည့်အတွက် လူနာများအား အပေါ်ထပ်သို့ရွေ့ပြောင်းပေးပြီး နောက်ယနေ့နေ့လယ်ပိုင်းမှစတင်ကာ သက်သာသည့်လူနာများအား ကယ်ဆယ်ရေးလှေများဖြင့် ဆေးရုံဆင်းခွင့်ပေးနေပြီဖြစ်ကြောင်း သိရသည်။
" ရေကတစ်ရိပ်ရိပ်တက်နေတယ် ။ ဆေးရုံကနေသက်သာတဲ့သူအကုန်ဆင်းခိုင်းနေပြီ ။ လမ်းလျောက်နိုင်တဲ့လူနာတွေကို လှေတွေနဲ့သယ်ပြီးပြန်ကြဖို့ ဆရာမတွေက လွတ်ပေးနေတယ် ။ အောက်ထပ်က မနေ့ည၁၂ထဲက အပေါ်ရွေ့ကြရတာ ။အောက်ထပ်မှာဘယ်သူမှမရှိတော့ဘူး " ဟု ဆေးရုံတက်နေသည့် လူနာရှင်တစ်ဦးက အောက်တိုဘာ ၉ရက်နေ့ညနေ ၃နာရီဝန်းကျင်မှာ ပြောသည်။
အဆိုပါပဲခူးဆေးရုံကြီးမှ ကုသရန်ခက်ခဲနေသော လူနာများအား ပဲခူးမြို့ရှိ သမာဓိအထူးကု ဆေးခန်း ၊လိပ်ပြာကန်အထူးကုဆေးခန်း ၊ အောင်ဆေးရုံ၊ ဒေါ်ခင်နုအထူးကုဆေးခန်း ၊ Zayer Dental and General Clinic တို့တွင် ဝန်ဆောင်ခအခမဲ့ဖြင့် ကုသပေးနေကြောင်း လူမှုကွန်ယက်၌ ပျံ့နှံနေကြောင်းသိရသည်။
အဆိုပါဆေးရုံများ၌ ပါဝင်သည့် လိပ်ပြာကန်ဆေးရုံမှာလည်း လက်ရှိတွင် ရေနစ်မြှုပ်နေသည့်အတွက် ဆေးရုံပိတ်ထားရကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည် ။
" ကျွန်တော်တို့ကတော့ လှေတွေနဲ့လိုက်ကယ်နေလို့ ပုဂ္ဂလိကဆေးရုံတွေက ဝန်ဆောင်မှုအခမဲ့ပေးနေတယ်ဆိုတာ မကြားမိပါဘူး။ ဒါပေမယ့် အဲ့ဒီထဲမှာပါတဲ့ လိပ်ပြာကန်ဆေးရုံကတော့ရေနစ်မြှုပ်နေလို့ ပိတ်ထားပါတယ် " ဟုဆက်ပြောသည်။
ထို့အပြင် အောင်ဆေးရုံပဲခူးသို့ ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ၌ ပါဝင်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ကျန်ဆေးရုံများသို့လည်း ဆက်သွယ်၍မရပေ ။
ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိ၍ ယမန်နေ့ညနေပိုင်းအထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုဖွင့်လှစ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၃၀၀ ခန့်မှ လူဉီးရေ ၅၆၀၀ ခန့်ခိုလှုံနေထိုင်လျက်ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
တစ်နိုင်ငံလုံး ငရုတ်စိုက်ဧက သုံးဆတက်
စိုက်ဧကတိုးလာခြင်းနှင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ငရုတ်အစိုအခြောက်ဈေးနှုန်းတွေ ကျဆင်းနေ
Yangon_Times/NN
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးမြစ်ရေ ဆက်လက်မြင့်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေရ
အခုတစ်ကြိမ် ပဲခူးမြစ်ရေ မြင့်တတ်မှုဟာ စံချိန်တင်ဖြစ်ခဲ့တာကြောင့် ပဲခူးမြို့ပြင် မြေနိမ့်ပိုင်းနေရာတွေသာမက မြိုတွင်းမှာပါ ရေဝင်ရောက်မှု များနေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကယ်ဆယ် ထားရ ကာ ကယ်ဆယ်ရေးစခန်း ၄၀ကျော်ခန့် ရှိနေပြီလို့ ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
လှည်းကူးတွင် ရေနစ်မြုပ်ပြီး လူထောင်ချီ၊ သောင်းချီ ရေဘေးသင့်နေ
‘အခုလှည်းကူးမြို့နယ် ရေနစ်မြုပ်တာဟာ အရင်တစ်ခါနစ်မြုပ်တာထက်ပိုဆိုးပြီး နေရာတိုင်းလိုလိုမှာ နစ်မြုပ်နေတဲ့အတွက် ရေနစ်မြုပ်သေဆုံးမှုမရှိအောင် ကူညီကယ်ဆယ်ရေးတွေဆက်တိုက်ဆောင်ရွက်နေရပြီး မြို့နယ် ကြက်ခြေနီအဖွဲ့အင်အားနဲ့ မလုံလောက်တဲ့အတွက် တိုင်းဒေသကြီး ကြက်ခြေနီအဖွဲ့တွေကိုပါ အင်အားအကူ အညီတောင်းခံထားတယ်’ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1089 of 2279