Published_ 23 January 2024
မော်လမြိုင်မြို့၊ဖားအောက်သုဿန်အနောက်ဘက် စိုက်ပျိုးရေးခြံရှိ နှစ်ရှည် ဆီအုန်းပင်များမီးလောင်ကျွမ်းခဲ့ကြောင်း မော်လမြိုင်ရှိလူမှုကူညီရေးအဖွဲ့ဝင်များထံမှသိရသည်။
ဇန်နဝါရီ ၂၃ရက် နံနက်၁၁:၃၀အချိန်တွင် မော်လမြိုင်မြို့၊ဖားအောက်သုဿန်အနောက်ဘက် စိုက်ပျိုးရေးခြံရှိ နှစ်ရှည်ဆီအုန်းပင်များနှင့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။
ယင်းမီးလောင်ကျွမ်းမှုကိုမော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များမီးသတ် ရေယာဉ်( ၂)စီး၊ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မီးသတ်ရေယာဉ်(၁)စီး ဖားအောက်စေတနာအသင်းမှ ရေသယ်ယာဉ်(၁)စီး
ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း မှရေသယ်ယာဉ်(၂)စီး၊မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေး မှရေသယ်ယာဉ်အကြီး(၁)စီး ၊ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့များ၊အရန်မီးသတ်တပ်ဖွဲ့များ၊ စိုက်ပျိုးရေးခြံဝန်ထမ်းများဖြင့် ဝိုင်းဝန်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group



အခုလို မြင်းလေလံပွဲ ပြုလုပ်တာဟာ မြန်မာနိုင်ငံအတွင်း မြင်းမွေးမြူသူတွေအနေနဲ့ ၀ါသနာ အရ တင်သာမက စီးပွားရေး အရ ပါ ၀င်ငွေရရှိနိုင်ဖိုနဲ့ မြင်းမွေးမြူရေး လောက တိုးတတ်လာစေဖို့ ရည်ရွယ်ပြီးပထမဆုံး ပြုလုပ်ပေးတာဖြစ်တယ်လို ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
အဝင်မုခ်ဦး၊ ရွှေရင်ထိုးတပ်ဆင်ပေးမယ့်နေရာ၊ Fashion Booth ၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာတွေ၊ အခမ်းအနားကျင်းပမယ့် ကျောက်စိမ်းခန်းမ မှာ အကယ်ဒမီဆုပေးပွဲ စင်မြင့်တည်ဆောက်နေမှု၊ LED ဘုတ်တွေ တပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့် တည်ဆောက်မယ့် နေရာ၊ အသံစနစ်နဲ့မီးစနစ်တွေ တပ်ဆင်ပြီးစီး နေမှု၊ နေရာထိုင်ခင်းတွေ စီစဉ် ဆောင်ရွက်ထားရှိမှု၊ မီဒီယာဇုန် သတ်မှတ်ထားမှုတွေကို ကြည့်ရူစစ်ဆေးခဲ့တယ်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 23 January 2024
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၃ရက် နေ့လည် ၁၂နာရီခွဲခန့်ကစပြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ မြို့နယ်မီးသတ်စခန်း၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းနှင့်ရွှေလင်ဗန်းသီးသန့်မီးသတ်စခန်းတို့က ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၈မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မိနစ် ၃၀နီးပါးကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group


‘‘ဇန်နဝါရီလ(၂၅)ရက်အထိ ရာသီဥတုအေးနေဦးမှာဖြစ်ပြီး လကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေကို လေနွေးတွေတိုးဝင်လာဖို့ ရှိလာ အအေးပေါ့တာ၊ ညအပူချိန်တွေပြန်တက် လာနိုင်သလို လေအေးနဲ့ လေနွေးထိတွေ့မှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေလည်း ဖြစ်ပေါ်နိုင်တယ် ’’မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
လက်ရှိဈေးကွက် အခြေနေအရ ပဲစဉ်းငုံဈေးကွက်ဟာ တစ်ရက်ထဲကို ဈေးသုံးကြိမ်ခန့် အပြောင်းလဲရှိပြီး အခြားပဲဈေးကွက်တွေလို အရည်သွေးပေါ် မူတည်ပြီး ဈေးကွဲပြားမှုမရှိတဲ့အတွက် လာမယ့်နှစ်တွေမှာတော့ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ အရည်သွေးပေါ်လိုက်ပြီး ဈေးခွဲခြားတာမျိုး လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ ၃ ရရှိပြီးတဲ့ လယ်သမားတွေက သူတိုရဲ့ စမ်းကြီးဝကွင်းလယ်မြေတွေကို ခြံစည်းရိုး ခတ်တဲ့ကိစ္စ နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အကြီးအကဲတွေက ကူညီဖြေရှင်းပေးစေလိုနေကြတယ်လို့ သိရပါတယ်။
Yangon Times/PP
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 1088 of 2478