#Local_News
Published 22 January 2024
ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူရှင်များ ကိုယ်စား အလှူငွေ ယန်း၁ဒသမ၉၈သန်း ကို သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တိုကျိုသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှူဒါန်းငွေကို မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာ
တော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁.၉၈ သန်း အား မြို့တော်ဝန် Mr. Yoshitaka Chatani ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိသော အင်အားကြီး ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်းငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကာ အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများ တွင် ယာယီခိုလှုံနေထိုင်ခဲ့ရကြောင်းသိရသည်။
#Local_News #ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး #ယန်း၁.၉၈သန်းပေးအပ်လှူဒါန်း #YMG/LW #Yangon_Times
#Local_News
Published 22 January 2024
မော်လမြိုင်မြို့ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မိသဖြင့် အမျိုးသမီး၁ဦး ေ-သဆုံး ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီခန့်က မော်လမြိုင်မြိုကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်ကမောင်းနှင်လာသော Probox ယာဉ် ၁ စီးမှာ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့် ဆိုင်ကယ်၁စီး ၃စီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ကလးငယ် ၆ ဦး နှင့် လူကြီး ၆ ဦး စုစုပေါင်း(၁၂) ဦးထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်) မုဒုံလူငယ် ပရဟိတအဖွဲ့တို့မှ လူနာများအားပြုစုကုသပေးပြီး လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီး (၁)ဦးမှာ ေ-သဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲမှဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကား၃စီးဆင့်တိုက်မှုဖြစ် #၁ဦး ေ-သဆုံးကာ၁၁ဦးဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published_ 22 January 2024
ပြည်တွင်း၌ ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရပြီး ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၅၀ နှင့်အထက်ရှိသူများ အသက် ၆၅ နှင့်အထက်ရှိသူများ၊သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ အခြားရောဂါအခံရှိသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း သိရသည်။
#Local_News #ကိုဗစ်၁၉ရောဂါ #MOHSသတိပေး #YMG/NN #Yangon_Times
#Local_News
Published_21 Jan 2024
နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများပြုလုပ်နိုင်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇)ထပ်ကုသဆောင် သစ်ကြီးတွင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်း ပညာ ဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ် ကုသဌာနတို့ပါဝင်သောကြောင့် ပြည်သူများ အနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ကြောင်း နစက ဥက္ကဌက အဆိုပါ ဆေးရုံဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး အကြောင်းအမျိုး မျိုး ကြောင့် ကြန့်ကြာခဲ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ဆေးရုံ ဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက် မတ်မတ် ဆက်လက်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်း ကပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေး အတွက်လည်း ခေတ်အဆက်ဆက် အဓိကကျသည့် ဆေးရုံကြီးလည်းဖြစ်ကြောင်း။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃)ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက် ဆက် တွင် ခုတင်များ တိုးမြှင့်လာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ခုတင် (၂၀၀၀) ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုး တက် များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေး ကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံ တကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
နစက အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ် ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံ ကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးစသည့် ဆေးရုံ ကြီး များတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေး ရုံများတွင် (၂)ထပ် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင် ဆောင် ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာအဆင့်မီဆေးကုသမှု #(၇)ထပ်ကုသဆောင်သစ်ယနေ့ဖွင့်လှစ် #Yangon_Times/PP
#Local_News
Published_ 21 January 2024
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြို လေ့ကျင့်ပြင်ဆင်မှုများကို ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ ၉ဦး ပဏာမ ကစားသမား ၂၄ ဦးတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။
ထို့နောက် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။




#Local_News #မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း #AFC_Futsal_Asian_Cup_2024 #Ymg_mnn #Yangon_Media_Group
'ကရင်ဒုံးအက(ဒုံးယိမ်းအက)ကလည်း ကရင်ယဉ်ကျေးမှုအမွေအနှစ်ပေါ့နော်၊ သူ့ရဲ့သီချင်းတွေကအစ၊ ကကြိုးကကွက်တွေကအစသူ့အဓိပ္ပါယ်နဲ့သူ၊ ကရင်ပြည်နယ်ကနေပဲ ဦးဆောင်ပြီးတော့မှ အသေးစိတ်ပြုစုပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင်တင်တာပေါ့နော်၊ အခုထိတော့တုံ့ပြန်မှုမရှိသေးပါဘူး။ ကရင်တွေအတွက် ဒုံးအက,က မွေးရာပါအကလိုလည်း ဖြစ်နေတာပေါ့လေ။ ဒုံးမှာ ကျား ၁၆ ယောက်၊ မ ၁၆ ယောက်ပါတဲ့ ၃၂ ယောက် ဒုံးနဲ့ ကျား ၁၂ ယောက်၊ မ ၁၂ ယောက်ပါတဲ့ ၂၄ ယောက်ဒုံးတွေက လနဲ့ချီပြီး လေ့ကျင့်ရပါတယ်'
#Local_News
Published_ 20 January 2024
#ကရင်ရိုးရာဒုံးယိမ်းအက #ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
#YMG/NN #Yangon_Times
#Local_News
Published 21 January 2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံက နှစ်စဉ် ရော်ဘာ တန်ချိန် လေးသိန်း ခန့် ထွက်ရှိသော်လည်း ငွေကြေးမူဝါဒများကြောင့် ယခင် နှစ်များ က ပြည်ပ သို့ ရော်လာ တစ်ချိန် တစ်သိန်းကျော်သာ တင်ပို့ နိုင်ခဲ့ ကြောင်း သိရသည်။
"' ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် ရော်ဘာ Exporter တွေက အရှုံးမှာကျနေတယ်။ တစ်တန်ကို ရှစ်သိန်းလောက်ကနေ ၁၀ သိန်း လောက်ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ။ အခုတော့အစိုးရကနေ ဖြေလျှော့ပေးပြီးတော့ ဓာတ်မြေသြဇာတင်သွင်းခွင့် ပေးတဲ့အတွက်ကြောင့် Exporter တွေက လုပ်သာကိုင်သာရှိတဲ့ ဈေးနှုန်းလေးရောက်လာလို့ ပို့နိုင်တာပေါ့”ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ တာဝန်ရှိသူက ပြောသည်။
ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုး ဧက ၁ သန်း ၆ သိန်း ၄ သောင်း၊ ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲခန့်ရှိကြောင်းသိရသည်။
ရော်ဘာ ကို မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးနှင့် ကရင်ပြည်နယ်မှ တတိယအများဆုံးထွက်ရှိကြောင်း သိရသည်။
#YMG/LWb #Yangon_Times
Page 1091 of 2478