သိုလှောင်ရုံတွင် သီးနှံအပ်ပြီး ချေးငွေယူသည့်စနစ်ဖြစ်တဲ့ "သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်" အစီအစဉ်မှာ ပါဝင်ဆောင်ရွက်လိုတဲ့ သိုလှောင်ရုံလုပ်ငန်းရှင်တွေကို အဆိုပြုလွှာတွေ ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားပါတယ်။
Yangon Times/tthl
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
မထွန်မယက်ခြင်း စိုက်ပျိုးခြင်းကြောင့် အချိန်ကုန်သက်သာပြီး လုပ်သားလိုအပ်ချက်နည်းတဲ့အတွက် တောင်သူတွေ အတွက် ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်တာကြောင့် ယင်းစိုက်ပျိုး နည်းပညာတွေကို သင်ကြားပေးဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
"ပြာသိုလပြည့်နေ့နံနက်ပိုင်းမှာ သံဃာ တော်အပါး ၃၀ဝ ကျော်တို့ကို ဆွမ်း၊ ငွေသပိတ်လုံး၊ ငွေပဒေသာပင်တွေနဲ့ လှူဒါန်းပူဇော်မည်ဖြစ်ပြီး အခုနှစ်ပွဲတော်မှာ ရိုးရာခြင်းပွဲတွေ ထည့်သွင်းကျင်းပဖို့ရှိတယ်"
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)၊တာဝန်ခံ ၊ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်
Yangon Times/tthl
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 24 January 2024
ရန်ကုန်နှင့်မန္တလေး အမျိုးသားမျက်စိဘဏ်တို့က ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု ၈၁ ကို အသုံးပြု၍ လူနာပေါင်း ၁၇၆ ဦးကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်အမျိုသားမျက်စိဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု ၅၀ ကို အသုံးပြု၍ လူနာပေါင်း ၁၄၀ ကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး မန္တလေးအမျိုးသားမျက်စိဘဏ်က ၂၀၂၃ ခုနှစ်တွင် မျက်ကြည်လွှာ လှူဒါန်းမှု ၃၁ ခုကို အသုံးပြုကာ လူနာပေါင်း ၃၆ ဦးကို အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာနှင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
ဆက်လက်၍ ရန်ကုန်အမျိုးသားမျက်စိဘဏ်၌ မျက်ကြည်လွှာ လှူဒါန်းမှုများ တိုးတက်ရရှိစေရေး၊ မျက်ကြည်လွှာ အစားထိုးကုသမှုကို တိုးတက်ဆောင်ရွက်နိုင်ရန် အတွက်လိုအပ်သော အထူးကုဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနှင့် ပိုမိုကောင်းမွန်သည့် ခွဲစိတ်ကုသမှုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆွေးနွေးဖြည့်ဆည်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်အမျိုးသားမျက်စိဘဏ်ကို ၁၉၉၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တာမွေ မြို့နယ်ရှိ ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၏ အပေါ်ဆုံးထပ်တွင်တည်ရှိပြီး အမျိုးသား မျက်စိဘဏ် (မန္တလေး)ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မျက်ကြည်လွှာ အစားထိုးခွဲစိတ်ကုသရာတွင် မျက်ကြည်လွှာတစ်ခုကို မျက်စိလူနာ နှစ်ဦးနှင့်အထက် အစားထိုးကုသမှုပေးနိုင်ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 24 January 2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့ (၂)လမ်းရှိ ရာဘာမှိုင်းခံ စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီ (၂၄) ရက်၊ နံနက် (၁)နာရီ (၃၈) မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာရှိ ရာဘာမှိုင်းခံ စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးတိုင်း/ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို (၁)နာရီနီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၂)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
မီးလောင်သည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group


#Daily_News
Published_ 23 January 2024
၁။ လုပ်ကိုင်ခွင့် လက်မှတ်ပုံစံ ၃ ရရှိပြီး လယ်သမားများက စမ်းကြီးဝကွင်းလယ်ယာမြေခြံခတ်သည့်ကိစ္စ ကူညီဖြေရှင်းစေလိုနေကြဟုဆို
၂။ ပြည်ပ၀ယ်လိုအားကြောင့် ပဲစဉ်းငုံဈေး စံချိန်တင်ပေါက်ဈေးသို့ ဈေးမြင့်တတ်လာဟုဆို
၃။ လကုန်ပိုင်းတွင် အခုအေးနေသည့် ရန်ကုန်အပါအဝင် တောင်ပိုင်းဒေသများ အအေးပြန်ပေါ့ကာ မိုးရွာမည်
၄။ ဟူသီအကြမ်းဖက်တိုက်ခိုက်မှုမှ ရှောင်ရှားရန် အာဖရိကတောင်ပိုင်းကနေလှည့်ပတ်သွားလာရသည့်အတွက် အာရှ-ဥရောပ သင်္ဘောကုန်တင်ပို့ဆောင်ရေးစရိတ်များ အဆမတန်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၃ ဇန်နဝါရီ ၂၀၂၄
မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး ယနေ့ ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လန်ပူရီလေဆိပ်တွင် ပြေးလမ်းချော်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကအတည်ပြုပါတယ်။
အဆိုပါတပ်မတော်(လေ) လေယာဉ်တစ်စီး အိန္ဒိယနိုင်ငံတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယပြည်တွင်း မီဒီယာများက သတင်းများထုတ်ပြန်ခဲ့ပြီးနောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါသတင်းကို အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာတပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F200 WBအမျိုးအစား လေယာဉ်အမှတ်-၅၈၂၁)သည်မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်၁၀ နာရီခန့်တွင် မိတ္ထီလာခြို့မှ ထွက်ခွာခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါလေယာဉ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်;လန်ပူရီမြို့ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တာလို့လည်း နစကသတင်း ထုတ်ပြန်ချက်ကဆိုပါတယ်။
ယင်းလေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိနေကြောင်းသတင်းထုတ်ပြန်ပါတယ်။
ထိုသို့ လေယာဉ်စက်ချို့ယွင်းပြီးပြေးလမ်းချော်ခဲ့မှုနှင့်ပတ်သက်ပြီး အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့်လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Photo Credit: India Today/WION
-ymg/knl
Page 1087 of 2478