#LocalNews
Published_ 12 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း ၊ (၁၁)လမ်းတွင် ယနေ့ မတ်လ ၁၂ ရက်၊ည ၇ နာရီ ၅၃ မိနစ်အချိန်ခန့်က ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးဦးစီးဌာနချုပ်က ထုတ်ပြန်ထားသည်။ လက်တလောတွင် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးထွက်ခွာလျက်ရှိကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနချုပ်တရားဝန် လူမူကွန်ယက်စာမျက်နှာ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ymg/ynzw
#Local_News
Published-12 March 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း ၂၅၂၀ တန်ဖိုးရှိ ဘိန်းဖြူများကို မတ်လ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၊ တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းခမ်း မောင်းနှင်လာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ အထက်ပါအတိုင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်ပေါ်တွင် ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူအလေးချိန် ၂၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့်စိုင်းခမ်း(၃၂)နှစ်အား မိုင်းပန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ymg/ppk
#Yangon_Media_Group
#local_news
Published_ 12 March 2023
မတ် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော အုန်းသီးများတင်ဆောင်လာသည့် HINO RANGER အမျိုးအစား ခေါင်းစိမ်း/မီးခိုး ရောင်ကြား ယာဉ်(၁)စီးသည် တံတားဘေးကာရန်ထားသော ကွန်ကရစ်အကာနံရံအားတိုက်မိပြီး နံရံကျိုးကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက် မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ယာဥ်တိမ်းမှောက် မှုကြောင့်ယာဉ် မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူနာတင်ယာဉ်ဖြင့်ပဲခူးပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_ 12 March 2023
ပြည်ပမှတင်သွင်းလာသည့် အရည်အသွေးနိမ့်သံထည့်ပစ္စည်းတွေကိုထိန်းချုပ်ကာကွယ်နိုင်မည့် Myanmar Industrial Standard (MID)ပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အနေဖြင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဌဦးခင်မောင်တင့်ကမတ်လ၁၁ရက်နေ့မှာပြုလုပ်သည့် သံမဏိလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည်အစည်းဝေးမှာပြောဆိုလိုက်သည်။ သံမဏိလုပ်ငန်းနှင့်စီးပွားရေးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကျရာအခန်းမှာပူးပေါင်းပါ၀င်ဆောင်ရွက်ဖို့ရည်ရွယ်ထားကြောင်းနှစ်စဥ်သံနှင့်သံမဏိဆက်စပ်ပစ္စည်းတန်ချိန်၃သန်းခန့်တင်သွင်းနေကြောင်းအဆိုပါအသင်းမှသိရသည်။ သံမဏိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ငည့်ရင်းနှီးမြှုပ်မူအင်အားများစုစည်းခြင်း၊သတင်းအချက်အလတ်များပေါင်းစပ်ညှိနိူင်းခြင်းများဆောင်ရွက်သွားရန်လိုအပ်ပြီး ကုန်သည်စက်မူအသင်းချုပ်အနေဖြင့်ပူးပေါင်းပါ၀င်သွားမှာဖြစ်ကြောင်း ကုန်သည်စက်မူအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းကပြောသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ကို ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့်စတင်တည်ထောင်ခဲ့ပြီး အသင်း၀င်အများစုမှာသံနှင့်သံမဏိတင်သွင်းသူများဖြစ်ကြောင်းသိရသည်။
ymg/ynzw #Yangon_Media_Group
Page 1086 of 1895