Published 25 January 2024

   ပြည်တွင်း ရွှေဈေးနှုန်း တက်ရိပ်ပြလာသည့်အတွက် ဈေးနှုန်းကိုထိန်းသိမ်း ရောင်းဝယ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံ အသိပေးထားသည်။

ဇန်နဝါရီလ ၂၄ရက် က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/အသင်းသားများအနေဖြင့် ဈေးနှုန်းအား ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ပေးကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် နှင့် ပို၍ ရောင်းဝယ်ခြင်းများကိုလုံးဝမပြုလုပ်ရန် မေတ္တာရပ်ခံ အသိပေးပန်ကြားထားသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈၅၀၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်သော်လည်း ကမ္ဘာ့ရွှေဈေးကျနေချိန်တွင် ပြည်တွင်းရွှေဈေးသည်ကျဆင်းမှုမရှိဘဲ မြင့်တက်လာခြင်းဖြစ်သည်။
Yangon Times/LW
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group