Published_25 Jan 2024

ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အငြင်းပွားအမှု ဖြစ်နေသော တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလျံ နှင့်လေလံ တင်မည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက YMG ကို ပြောသည်။

“အမှူကတော့ မပြီးသေးဘူး၊ဒါပေမဲ့ ဒါက တရာရုံးရဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။အမှု မပြီးပြတ်သေးဘဲ လုပ်လို့ ရလားဆိုတာတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းလို့သာ ပြောချင်ပါတယ်”ဟု တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက YMG ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံကြမ်း‌ခင်းဈေးသတ်မှတ်ကာ လာမည့် မတ်လ ၂၀ ရက်တွင် ယင်းနေအိမ်ရှေ့၌ လေလံတင် ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ကို ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည် တို့ကအမွေခွဲရေးကိစ္စဖြင့် လွန်ခဲ့သောနှစ်အတော်ကြာကပင် အမှု ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
Yangon_Times/PP
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group