#Local_News
Published_ 13 March 2023
မတ်လဒုတိယအပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးဟာလည်း တစ်အောင်စကို ၁၈၃၀ အောက်အထိဖြစ်ပေါ်ခဲ့ပြီး အခုမတ်လ ၁၃ ရက်နေ့မှာ ၁၈၈၀ ဈေးတန်းကိုမြင့်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြည်တွင်းရွှေ #Gold #Price
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
မြန်မာနိုင်ငံမှ ကလေး(၅.၆)သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေသည်ဟု UNICEF က မတ်လ(၁၃)ရက်တွင်သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ယူနီဆက်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှဖေဖော် ဝါရီ (၂၈)ရက်အထိရရှိထားသည့် အစီရင်ခံစာ၌ ယင်းကဲ့သို့ ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊၊
အဆိုပါ အစီရင်ခံစာတွင် ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်တွေအပါအဝင်ကဏပေါင်းစုံအတွက် အမေရိကန်ဒေါ်လာ ၁၆၉.၆ သန်းထောက်ပံ့ပေးဖို့ လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်၊၊
ယူနီဆက်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကူညီထောက်ပံ့ရန် လိုအပ်သည့်သူများကို ထောက်ပံ့ခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာနေထိုင်ကြရသူများကို ကူညီထောက်ပံ့ရန်လိုအပ်ကြောင်း၊ကူညီထောက်ပံ့ပေးရန်ရှိကြောင်းကိုလည်း အစီရင်ခံစာ၌ဖော်ပြထားကြောင်း သိရသည်၊၊
ymg/tthl #Local_News #ကလေးငယ်(၅.၆)သန်း # ယူနီဆက်
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
ဒလမြို့နယ်ဟာ ရန်ကုန်မြို့ရဲ့တစ်ဖက်ကမ်းမှာ တည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
#Local_News #ဒလ #သောက်သုံးရေရှားပါးမှု
#YMG #Yangon_Media_Group
#Local_News
Published-13 March 2023
ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် သိမ်ဖြူလမ်းနှင့်ကမ်းနားလမ်းထောင့်အုတ်ခုံပေါ်အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို ရှင်သန်ရေးအသင်း ဘိုကလေးစျေးပရဟိတအသင်းနဲ့ လင်းလက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ သေဆုံးနေတဲ့ ရုပ်အလောင်းကို အဆိုပါနေရာမှ ရန်ကုန်ဆေးရုံကြီးသို့ လင်းလက်လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ကူညီခဲ့တယ်လို့ သိရသည်။
#ymg/ppk #Local_News #သိမ်ဖြူလမ်းထောင့် #သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
ရန်ကုန်မြို့မှာ လျှပ်စစ်မီမလာမှုနှင့် CNG ဂတ်စ်ဆိုင်တချို့ပိတ်ထားတာကြောင့် မော်တော်ယာဉ်တွေ ၅ နာရီ လောက်ကြာအောင် ဂတ်စ်ဆိုင်မှာတန်းစီနေရပါတယ်။
#Local_News #CNG #စောင့်ဆိုင်းရ
#YMG #Yangon_Media_Group
#LocalNews ++++++++++++++++++++++++++++++++++++++ Published_ 12 March 202 ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေကြရာ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆) လမ်းမပေါ်၌ မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းကြောင့် ၎င်းနေထိုင်သော တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆ဝ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက် အဆီဖြင့်ရောနှောပြုလုပ်ထားသော ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က စစ်ဆေးဖော်ထုတ်ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့်နည်းပညာကို Online မှ စတင်လေ့လာခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လက စတင်၍ ဆေးခြောက်ကို Online ပေါ်က တစ်ဆင့်ဝယ်ယူ၍ ချောကလက်မုန့်များအတွင်း ဆေးခြောက်အဆီများရောနှောပြုလုပ်ကာ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း အဖမ်းခံရသူ မဆုသက်မွန်(ခ)ပုံပုံ ၏ ထွက်ဆိုချက်ကို ကိုးကား၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယခုအခါ အဆိုပါ မဆုသက်မွန်(ခ)ပုံပုံ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်၍ အရေးယူ ထားကြောင်းလည်း သိရသည်။ ymg/mt #ဆေးခြောက်
#LocalNews
Published_ 12 March 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့အနီးတွင်အင်အားရစ်တာစကေး(၄.၆)အဆင့်ရှိသည့်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရသည်၊၊ မတ်လ (၁၂)ရက်၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၃)မိနစ်၊ (၄၀) စက္ကန့်အချိန်၌လှုပ်ခတ်သွားခြင်းဖြစ်သည်၊၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည် တွင်း (ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၁၀၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်းဖြစ်သည်၊၊ စစ်ကိုင်းတိုင်းဒေသကြီးသည် မြေငလျင်လှုပ်ခတ်မှုအများဆုံးဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လတ်တလောတွင်ဒေသတော်တော်များများ၌မြေငလျင်ငယ်များဆက်တိုက်လှုပ်နေပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများတွင်မြေငလျင်ကြီးများလှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှတာဝန်ရှိသူများက သတိပေးပြောကြားထားကြောင်းသိရသည်၊၊ ymg/tthl
Page 1085 of 1895