#Local_News
Published_20 June 2023
လှိုင်သာယာ၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးပေါ်တွင် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ဖုန်းလုပြီး ထွက်ပြေးသူနှစ်ဦး ဆိုင်ကယ်ဖြင့် ဆီဘောက်စာကားကိုတိုက်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ Yangon Time ကို ပြောသည်။
အဆိုပါ ဖုန်းလုယူပြီးထွက်ပြေးသူနှစ်ဦးတွင် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တစ်ဦးမှာ ကားအောက်ထဲဝင်သွားသောကြောင့် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သွေးဒါနမျိုးဆက် လူမူကူညီရေးအသင်းမှ Yangon Time ကိုပြောသည်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးမှာ သတိပြန်လည်နေပြီး လက်ကောက်ဝတ်မှ လက်ချောင်းများအထိကျိုးကြေသွားသည့်အတွက် လိုအပ်သောဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/ynzw #Local_News #ဖုန်းလုပြီးဆိုင်ကယ်ဖြင့်ထွက်ပြေးစဉ် ဆီဘောက်စာကားကိုဝင်တိုက်
#YMG #Yangon_Time
#Daily_News
Published_ 19 June 2023
၁။ ပေါင်ထားသည့်မြေများကို လိမ်လည်ရောင်းချမှုများရှိနေသဖြင့် သတိပြုရန်လိုဟုဆို
၂။ မိုခါရံပုံငွေဘောလုံးပွဲမှရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်
၃။ ဖျာပုံမြို့အနီး အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
၄။ လီယွန်နယ်မက်ဆီနှင့် အာဂျင်တီးနားအသင်းအား တရုတ်ဘောလုံးပရိသတ်များမှအားရဝမ်းသာ ကြိုဆိုခဲ့ကြကာ လူငယ်ကစားသမားများအတွက် မက်ဆီအားပေးစကားပြောကြား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published-19 June2023
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ပျက်၍ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်က နောက်မှဝင်တိုက်၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ကွမ်းခြံကုန်းအဆင်းတွင် ပျက်၍ လမ်းဘေးတွင်ရပ်ထားသည့်တွဲကားကို မှန်လုံယာဉ်ငယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
"နောက်ကနေ ဝင်တိုက်မိတဲ့ ကားထဲမှာ ယာဉ်မောင်းညပ်နေလို့ ကယ်ထုတ်ပေးပြီး သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့က မြဝတီမြို့ဆေရုံကြီးကို ပို့ပေးခဲ့ရပါတယ်"ဟုအဆိုပါ အဖွဲ့တာဝန်ရှိသူက ပြောသည်။
#ymg/BM #Local_News #ပျက်၍ရပ်ထားသည့်တွဲကားကိုမှန်လုံယာဉ်ကနောက်မှဝင်တိုက်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အပါအဝင်ဒေသ(၅)ခုတွင် မိုးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၉ ရက်ညနေပိုင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးပိုမည်ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တွင်နေရာကွက်ပြီးမိုးကြီးမည်ဖြစ်သည်။
မိုးတိမ်တောင်ဖြစ်ထွန်းမှုအနေဖြင့်် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်သာရီတိုင်း၊ ရှမ်း၊ချင်း၊ကရင်၊ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး မိုးတိမ်တောင်များကြောင့် မိုးသည်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန်အကြံပြုထားသည်။
#ymg/tthl #Local_News #ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ် အပါအဝင်ဒေသ(၅)ခုတွင်မိုးပို
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး(ခ)ခန့်စိုး ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဒါ့အပြင် ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁၀၁ လမ်းကြားရှိ ဟိုတယ်တွင် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းမိနေအိမ်တွင် သိုလှောင်ထားရှိပြီး ကချင်ပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
#ymg/ynzw #Local_News #ငွေကျပ်သိန်း၅၅၀၀တန်ဖိုးရှိဘိန်းဖြူ ၂၂ကီလိုဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းမှာ ဗဟိုပြုပြီးအင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သိရပါတယ်။
#Local_News ##ဖျာပုံမြို့အနီးအင်အား၅.၁အဆင့်ရှိငလျင်လှုပ်
#YMG #Yangon_Media_Group
#Local_News
Published-19 June 2023
မိုခါရံပုံငွေဘောလုံးပွဲမှ ရရှိတဲ့ကျပ်သိန်း ၉၅၀ ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေရဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#YMG #Yangon_Media_Group
Page 1081 of 2086