Published_ 10 August 2023
အဖမ်းခံထားရသော မီးသတ်ဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား လူ ၃၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက် ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေး ရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများ အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများက ဖမ်းဆီးခံ ကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ခင်ဦးမြို့နယ်၊ ရွာသန်း ကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဖမ်းဆီးခံထားရသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အရပ်သား ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရသည်။
၎င်းအပြင် လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ် သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းလည်း နစက သတင်းတွင် ဖော်ပြထားသည်။
Yangon-Times/PP
#Local_News
#အဖမ်းခံထားရ #မီးသတ်ဝန်ထမ်းတစ်ဦး #အရပ်သား #လုံခြုံရေးတပ်ဖွဲ့ဝင်များ #နစက
#YMG #Yangon_Times
Published_ 10 August 2023
သာကေတမြို့နယ် ၊ ဧရာဝဏ်လမ်းမကြီး ပေါ်ရှိ(၈)ထိပ်မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်မှုတစ်ခု ယနေ့ ဩဂုတ် (၁၀)ရက် နံနက်( ၇ )နာရီ ဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်အခြေစိုက်လူမှူကုညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာဉ်သုံးစီးဆင့်တိုက်မှုသည် အမှတ် (၃၃) YBSယာဉ်နှင့် Passo အမျိုးအစားယာဉ်တစ်စီးတို့ ကနဦးတိုက်မိရာမှ လမ်းဘေးတွင်ရပ်ထားသော သုံးဘီးအငှားဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
" ဒဏ်ရာရတဲ့သူတွေအသက်အန္တရာယ်တော့မရှိပါဘူး။ တစ်ဦးကိုတော့ဆေးရုံပို့လိုက်ရပါတယ်။ ကျန်တစ်ဦးကတော့မြေပြင် ဆေးကုသပေးလိုက်ပါတယ်"ဟု လူမှုကူညီရေးအဖွဲ့ က Yangon Times ကို ပြောသည်။
ယင်း ဖြစ်စဉ်ကြောင့် Passoအမျိုးအစားယာဉ်ပေါ်ပါသူ အမျိုးသားငယ်တစ်ဦးနှင့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ အမျိုးသားတစ်ဦးတို့ ဦးခေါင်းနှင့် ခြေလက်တို့တွင် ထိခို က်ဒဏ်ရာအချို့ရရှိခဲ့ကြောင်းသိရသည်။
ထို့အတွက် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီး ဒဏ်ရာရသူနှစ်ဉီးအနက် တစ်ဦးကို ရန်ကုန်ပြည့်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟုဆိုသည်။
Yangon Times/my
#Local_News
#သာကေတမြို့နယ် #ယာဉ်သုံးစီးဆင့်တိုက် #နှစ်ဦးထိခိုက်
#YMG #Yangon_Times
Published_ 10 August 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် မြေပြိုကျမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်းတွင် ယာယီဘေလီ တံတားတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
သြဂုတ်လ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်း ရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် မြဝတီ–ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့် (၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ပေ ၂၀၀ ခန့်ရှိ ယာယီဘေလီတံတားထိုးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း၊ တည်ဆောက်ချိန် တစ်လခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကုန်တင်ယာဉ်ကြီးများ သွားလာမောင်းနှင်၍ မရသော်လည်း လူစီးယာဉ်များနှင့် ပစ္စည်းသယ် ယာဉ်ငယ်များကို ယခင်ကအသုံးပြုခဲ့သော မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်း က အသုံးပြုမောင်းနှင်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#မြဝတီ-ကော့ကရိတ် #အာရှလမ်းမကြီး #မြေပြိုကျမှု #ယာယီဘေလီတံတား
#YMG #Yangon_Times
Published_ 10 August 2023
ကမ္ဘာတဝှမ်း ပြည်သူ့ကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ပဋိဇီဝဆေးယဉ်ပါးခြင်း မြင့်တက်လာခြင်းနဲ့ လေထုညစ်ညမ်းမှုတို့ကြား ဆက်စပ်မှုကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
ထိုသုတေသနအကြောင်းကို ဆယ်စုနှစ် ၂ ခုနီးပါးအထိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အချက်အလက်များ ဆန်းစစ်ခဲ့တာဖြစ်ကြောင်း ဂါးဒီးယန်းက ဖော်ပြခဲ့ပါတယ်။
ပဋိဇီဝဆေးယဉ်ပါးခြင်းဟာ နိုင်ငံမရွေး လူမျိုးမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး နှစ်စဉ်လူပေါင်း ၁.၃ သန်းမှာ ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ပဋိဇီဝဆေးယဉ်ပါးခြင်း ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရောဂါပိုးကူးစက်မှုတွေကို ကုသရင်း ပဋိဇီဝဆေးတွေ လွဲမှားစွာ အလွန်အကျူးသုံးစွဲမိခြင်းဖြစ်ပြီး ယခုလေ့လာချက်အရ လေထုညစ်ညမ်းမှုကလည်း ပိုမိုဆိုးရွားစေတယ်လို့ ညွှန်ပြနေပါတယ်။
လေထုညစ်ညမ်းမှုအတိုင်းအတာ PM 2.5 ဆိုရင် ပဋိဇီဝဆေးယဉ်ပါး ဘက်တီးရီးယားများနဲ့ မျိုးဗီဇများပါရှိပြီး လူသားတွေမှာ ရှူသွင်းမိခြင်း ဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုက အများပြည်သူကျန်းမာရေးကို အများပြားဆုံး ခြိမ်းခြောက်နေပြီး နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ၊ အဆုတ်ကင်ဆာ စတဲ့နာတာရှည်ရောဂါများအပြင် နောက်ဆုံးမှာ ပျမ်းမျှနေထိုင်သက်တမ်းတိုတောင်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
ရေတိုမှာဆိုရင် ချက်ချင်းသက်ရောက်မှုအနေနဲ့ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရင်ကြပ်ခြင်းတို့ဖြစ်နိုင်ကာ ဆေးရုံဆေးခန်း သွားရောက်ရတာမျိုး အဖြစ်များလာပါတယ်။
ယခုလေ့လာတွေ့ရှိချက်က လေထုညစ်ညမ်းမှုကို ထိန်းသိမ်းရုံမက ပဋိဇီဝဆေးယဉ်ပါးဘက်တီးရီးယား ပျံ့နှံ့များပြားခြင်းကိုပါ တိုက်ဖျက်တဲ့နေရာမှာ အရေးပါလာနိုင်ပါတယ်။
ဆေးရုံများ၊ ခြံမြေများ၊ ရေဆိုးသန့်စင်ရေးလုပ်ငန်းများမှ ထွက်လာတဲ့လေလမ်းကြောင်းတွေကနေ ပဋိဇီဝဆေးယဉ်ပါးအမှုန်များဟာ အတော်အတန်ကွာဝေးတဲ့အထိ ပျံ့နှံ့သွားနိုင်ပါတယ်။
လေထုညစ်ညမ်းမှု ၁၀ ရာခိုင်နှုန်းတက်လာတိုင်း ပဋိဇီဝဆေးယဉ်ပါးမှု ၁.၁ ရာခိုင်နှုန်းမြင့်တက်လာကာ ဆက်စပ်မှုက တစ်နှစ်ထက်တစ်နှစ် ပိုမိုသိသာလာပါတယ်။
လေထုညစ်ညမ်းမှုမှ ဖြစ်လာတဲ့ ပဋိဇီဝဆေးယဉ်ပါးခြင်းကြောင့် ၂၀၁၈ တစ်နှစ်တည်းမှာပင် အရွယ်မတိုင်ခင်သေဆုံးသူ ၄၈၀,၀၀၀ ခန့်ရှိနိုင်ပါတယ်။
Source: WION.
#World_Science
#YMG #Yangon_Times
9 August 2023
နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာနေရတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံအမှာစကားပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက ထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိနေပြီး ပြည်ပသို့ကုန်သွယ်မှုများဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်ဖို့လိုတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။ အဲဒါကြောင့်ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကိုဖော်ထုတ် အရေးသွားယူမယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။
အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများအနေဖြင့်စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသဆိုင်ရာအဆင့် တာဝန်ရှိအကြီးအကဲတွေကို ဆက်လက်မှာကြားခဲ့ပါတယ်။
ယင်းအပြင် မြေများဈေးကစားမှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။မြေယာအသုံးချမှုကိစ္စရပ်များနှင့်ပတ်သက်၍ လည်း စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိအောင်နှင့် ၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားဖို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့အကြီးအကဲတွေကို ဆက်လက်သတိပေးမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
-ymg/knl
#yangonmediagroup
#yangontimes
#တရားမဝင်ကုန်သွယ်ရေး
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#Daily_News
Published_ 9 August 2023
၁။ သထုံ-ရန်ကုန်အဝေးပြေးလမ်းတွင် ရေကြီးနေသဖြင့် ယခုရက်ပိုင်းအတွင်း ဖြတ်သန်းမသွားသင့်ဟု သတိပေး
၂။ အာဆီယံနှင့်ပူးပေါင်းပြီး မြန်မာအမျိုးသားဥယျာဉ်များတွင် Smartနည်းပညာဖြင့် တောတွင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေ
၃။ ဆော်လမွန်ကျွန်းစုအသင်းကို မြန်မာအသင်း က ၆ဂိုး ၂ဂိုး ဖြင့် အနိုင်ရရှိ
၄။ ရိုးရာလက်ရာများအတိုင်း စက္ကူရုပ်ပုံများ ဖြတ်တောက်ဖန်တီးလျက်ရှိသည့် ဆွစ်ဇာလန်စက္ကူဖြတ်အနုပညာရှင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်လအတွင်း တောင်ပြုံးပွဲတော်ကြီး ကျင်းပမည်
‘ကိုဗစ်ကာလအချိန်ကနေစပြီး တောင်ပြုံးပွဲတော်ဟာ စည်ကားသိုက်မြိုက်မှုမရှိတော့တဲ့အတွက် အခုနှစ်မှာ ပြန်လည်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့ဆောင်ရွက်နေတယ်။ဆိုင်ခန်းငှားခတွေ ကိုလည်းလျှော့ပေးထားပါတယ်။ပွဲတော်လုံခြုံရေးနဲ့ကျန်းမာရေးကိစ္စတွေလည်းဆောင်ရွက်ထားပါတယ်’’ပွဲတော်ကျင်းပရေးကော်မတီ၊တောင်ပြုံးစေတီဂေါပကဥက္ကဌ
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
Page 1078 of 2165