#Daily_News
Published_ 11 September 2023
၁။ အခုရက်ပိုင်းအတွင်း ဒေသအသီးသီးရှိ ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစထိုးပေးတော့မည်
၂။ အရင်းနှီးနည်းပြီး ရောင်းလွယ် ဝယ်လွယ်တာကြောင့် ဆိတ်မွေးမြူသူ များလာ
၃။ မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း လုပ်ငန်းစဉ်(၆)မျိုး ရာနှုန်းပြည့်ပြီးစီး၊(၉)ခု ဆက်လက်ဆောင်ရွက်နေ
၄။ ဟန်ဂေရီနိုင်ငံတွင် ငွေကြေးဖောင်းပွမှုပြဿနာ ဖြေရှင်းရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဖြစ်မနေ လျှော့ချရေး အစိုးရမှ ထုတ်ပြန်ကြေညာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 11 September 2023
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/ဝ)နှင့် ၂၁၈/၁)ကြားတွင် စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ၄၀ အချိန်ခန့် HIJET ယာဉ် မှအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ သူ ၂ဦးသေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံ က သိရသည်။
အဆိုပါ HIJET အဖြူရောင်ယာဉ် မောင်းနေစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွှန်းပေါ်သို့တိမ်းမှောက်ခဲ့ တာကြောင့် ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်း အပါအဝင် အမျိုးသား၄ဦးနှင့်အမျိုးသမီး၄ဦး အနက် ယာဉ်မောင်း အမျိုးသားနှင့်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၃ဦး မှာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား၁ဦးနှင့်အမျိုးသမီး တစ်ဦးမှာ စိုးရိမ်ရအခြေနေ ရှိကြောင်း သိရသည်။
အခင်းဖြစ်သည့် နေရာ သို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times
Published_ 11 September 2023
‘ကမ္ဘာ့ခရီးသွားနေ့’အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသူစာရင်းကို စက်တင်ဘာလ ၁၁ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Facebook Pageတွင် ထုတ်ပြန်ကြေညာလိုက်ပြီး စက်တင်ဘာလ (၂၇)ရက်နေ့တွင်နေပြည်တော်တွင်ကျင်းပမည့် ‘ကမ္ဘာ့ခရီးသွားနေ့’တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ခရီးသွားနေ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြုပ်နှံမှုမြှင်တင်ပေးရေး ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆု(၁၅)ဆုကို ရွေးချယ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ဆုရရှိသွားသူများကတော့ ပထမဆု ဦးအောင်မြတ်မင်း(မာရဝိဇယရုပ်ပွားတော်ပုံ)၊ဒုတိယဆု ဦးမြင့်သန်း(ဓာတ်တော်တောင်အတွင်းဆွမ်းလောင်းလှူခြင်းပုံ)၊တတိယဆု ဦးကျော်ဇာမင်း (အရမ်းလှပသော ဦးပိန် တံတားကြီး၏နံနက်ခင်းနေထွက်ချိန်အလှပုံ)များဖြင့်ဆုများရရှိခဲ့သည်။
နှစ်သိမ့်ဆု(၁၅)ဆုကိုတော့ ဂုတ်ထိပ်တံတား၊ဒီဇင်ဘာပန်းပွဲတော်(ပြင်ဦးလွင်) ၊ဖိုဝင်တောင်ဂူဘုရားအလှ၊ ယင်းနက်လူမျိုး၊တောကျယ်ရေတံခွန်၊တိမ်ပင်လယ်၊ပတ္တူပေါက်ကျေးရွာရူခင်းနှင့်တိုင်းရင်းသူများ(အောင်ပန်း)၊ဇွဲကပင်တောင်နှင့်ကျောက်ကလပ်၊ပြင်ဦးလွင်မီးပုံးပျံပွဲတော်၊ဘုရားပွဲဆီမီးထွန်းအလှ၊အညာရက်ကန်း၊ ကမျှော ကင်းဆိပ်ကမ်း (ထားဝယ်)၊ပုဂံအလှစသည့်ပုံများကိုရိုက်ကူးဖန်တီးခဲ့ကြသော ဓာတ်ပုံဆရာများရရှိခဲ့သည်။
ဆုရွေးချယ်ခံရသူများအနေဖြင့် ဆုရွေးချယ်ခံရသောဓာတ်ပုံများအတွက် (300dpi)CDပုံများနှင့် ဆုရရှိသူ၏ဓာတ်ပုံ၊ ကိုယ်ရေးအကျဉ်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးရုံးသို့ (၃)ရက်အတွင်း ပေးပို့ရန်နှင့် အချိန်မီမပို့နိုင်ပါကပယ်ဖျက်နိုင်ကြောင်းနှင့် ပထမ၊ဒုတိယ၊တတိယဆုရသူများအနေဖြင့် ဆုချီးမြှင့်အခမ်းအနားသို့မပျက်မကွက်တက်ရောက်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
ဝယ်ယူသူမရှိသဖြင့် ရှမ်းပြည်နယ်မှ ဂေါ်ဖီထုပ်စိုက်တောင်သူတွေ ဆိုးရွားစွာ အရှုံးပေါ်နေ
ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် ဝယ်ယူသူမရှိဖြစ်နေတဲ့အတွက် ရှမ်းပြည်နယ်က ဂေါ်ဖီစိုက် တောင်သူတွေ ဆိုးရွားစွာ အရှုံးပေါ်နေတယ်လို့ ရှမ်းပြည်နယ် အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
ဒေသ(၁၆)ခုတွင် စားအုန်းဆီဈေး ကျပ်၅၀၀၀မကျော်ဘဲ ရောင်းရန်ရှိ
‘ အခုရရှိလာတဲ့ စားအုန်းဆီ ပေပါ၇၀ကို လက်လီဆိုင်တွေကို ခွဲပြီးရောင်းချပေးမှာဖြစ်သလို ပြည်သူလူထုကို ကျပ်၅၀၀၀မကျော်တဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းချပေးမှာဖြစ်တယ်’
ထားဝယ်မြို့ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published 11 September 2023
ထိုင်းနိုင်ငံ တာ့ခရိုင် အနီး ကံဖယ်ဖစ် မြို့နယ် အတွင်း ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု တွင် အလုပ်လုပ်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျသည့် မြန်မာ အလုပ်သမား ကို ဆေးရုံ သို့ ပို့ဆောင် မပေးဘဲ လမ်းဘေးရှိ ချောင်းထဲ ကိုပစ်ထားခဲ့သည့် ထိုင်းလင်မယား နှစ်ဦး ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်း တွင် အမှု ဖွင့်တိုင်ကြား ထားကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများကိုကူညီပေးသည့် အလုပ်သမားအဖွဲ့အစည်းထံက သိရသည်။
အဆိုပါ ထိုင်းလင်မယားနှစ်ဦး မှာ မြန်မာအလုပ်သမား ၁၀ဦး၏ ထိုင်းပန်းရံ အလုပ်သမားခေါင်းဆောင် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမားတစ်ဦးခေါင်မိုးပေါ်က ပြုတ်ကျ သဖြင့် ဆေးခန်း ပို့ပေးမည် ဟုဆိုကာ ကားဖြင့် ခေါ်ဆောင်သွားပြီး ချောင်းထဲ ကို ပစ်ခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။
''ခေါင်မိုးပေါ်က ပြုတ်ကျတော့ အလုပ်သမား ကောင်လေးက အသက်ရှိသေးတယ်လို့ သိရတယ်၊ ဆေးရုံ ပို့ပေးမယ် ဆိုပြီးတော့ ချောင်းထဲ ကို ပစ်ခဲ့တာ ၊ရှာတွေ့တော့ အသက်မရှိတော့ဘူးသေဆုံးတဲ့ မြန်မာ ကောင်လေးက အသက်၃၀ ဝန်းကျင် လောက် ရှိပြီ ''ဟုရွှေ့ပြောင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးသူဦးခိုင်ကြီးက ပြောသည်။
ယင်း ပြစ်မှု ကျူးလွန်ခဲ့သည်ဆိုသော အဆိုပါ ထိုင်းလင်မယားနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊အမှုမှန် ပေါ်ပေါက်ရေးနှင့် ထိုင်းလင်မယားနှစ်ဦး ကို ဖမ်းဆီးနိုင်ရန် အတွက် ထိုင်းအာဏပိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း(၆)မျိုး ပြီးစီး
‘ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ မွမ်းမံထိန်းသိမ်းဖို့ လမ်းညွှန်ချက်လုပ်ငန်းစဉ် (၁၅)မျိုးရှိတဲ့အနက် နန်းတော်တောင်ဘက် အသစ်ခင်းထားတဲ့ ကြမ်းခင်းတွေမှာ အသံမမြည်စေရေး ပြုပြင်ဆောင်ရွက်မှုစတဲ့ လမ်းညွှန်ချက်လုပ်ငန်းစဉ်(၆)မျိုး(၁၀၀)ရာခိုင်နှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၉)မျိုးကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ’ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Page 771 of 1916