#Local_News
Published 28 August 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခြောက်ဘီးကုန်တင်ယာဉ်နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၂၈ရက်နေ့၊ မနက်၅နာရီ ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြိုချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက်ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် မြိုချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မိုးနှောင်းကာလ စက်တင်ဘာလနဲ့အောက်တိုဘာလမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့မြစ်အချို့ရဲ့ မြစ်ရေတွေစိုးရိမ်ရေအမှတ်အထက်ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 28 August 2024
#မိုးနှောင်းကာလ #စိုးရိမ်ရေအမှတ်အထက်ကျော်လွန်
#YMG/tthl #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက်ပတ်သူကကြားရက်များတွင် ပုံမှန်ရှိပေမယ့် ပိတ်ရက်တွေမှာတော့ တစ်ရက်ကိုလူဦးရေ သုံးထောင်ဝန်းကျင်လာရောက်လည်ပတ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။
#Local_News
Published 28 August 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လူဦးရေသုံးထောင်ဝန်းကျင်လာရောက်
#YMG/NN #Yangon_Times
EPS စနစ်နဲ့ ပထမဆုံး မြန်မာအမျိုးသမီးအလုပ်သမားတွေခေါ်ယူဖို့ တောင်ကိုရီးယားအလုပ်
ရှင်တွေရဲ့ စိတ်ဝင်စားမှုတွေမြင့်တက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူတွေနဲ့ EPS-Korea သင်တန်းကျောင်းတွေက သိရပါတယ်။
#Local_News
Published 28 August 2024
#တောင်ကိုရီးယားအလုပ်ရှင် #EPSစနစ်
#YMG/NN #Yangon_Times
၂၈ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကနှင့် အရေးကြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တရုတ်သံအမတ်ကြီး မစ္စ မာကျား Ms. Ma Jia က ယမန်နေ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်သို့ သွားရောက်တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါပေမယ့် မည်သည့်အရေးကြီးသဘောတူညီချက်တွေလည်းဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏မြန်မာနိုင်ငံ ခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွားကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်သံအမတ်ကြီး Ms. Ma Jia ကလည်း မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝပေါ်လွင်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂ စသည့်နိုင်ငံတကာပလက်ဖောင်းများတွင်အပြန်အလှန်ထောက်ခံအားပေးမှုကိုမြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published 27 August 2024
၁။ မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးရန်ပြင်ဆင်ထား
၂။ (LPG) ၊ (CNG)နှင့် စက်ဆုံးဆီအရောင်းဆိုင်များ၏ သိုလှောင်မှုဂါလန်များကို တိုးမြှင့်သတ်မှတ်
၃။ ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်ဖြစ်ထွန်းပြီး ဒေသ (၃)ခုတွင် မိုးပိုမည်
၄။ ဝူခုန်းဂိမ်းထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံးဂိမ်းဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 August 2024
▪️ နယ်ချဲ့မှ အိန္ဒိယတွင်မထားရဲ၍ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရသော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု၏ ပထမဦးဆုံးခေါင်းဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း စာအုပ်အပါအဝင် စာရေးဆရာဟိန်းလတ်၏ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern House၌မိတ်ဆက်ထုတ်ဝေခဲ့ကြောင်း သိရသည်။
▪️ ဗြိတိသျှကိုတော်လှန်၍ မန္တလေးထောင်တွင်အကျဉ်းကျခဲ့သည့် အဆိုပါ အိန္ဒိယခေါင်းဆောင် ‘လောက်မန်ယာထိလပ်’ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
▪️ စာရေးဆရာဟိန်းလတ်၏‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိခေါင်းဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
▪️ အိန္ဒိယခေါင်းဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှလွတ်မြောက် ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်သည် ဟုဆိုသည်။
▪️ နယ်ချဲ့မှ အိန္ဒိယ၌ပင်မထားရဲသဖြင့်မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်လည်းဖြစ်သည်။
▪️ ယင်းအပြင် မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူများအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊ မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထုတ်ဝေထားသည်။
▪️ စာရေးဆရာဟိန်းလတ်၏ ယင်းစာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေပေးထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 770 of 2482