#Local_News
Published_ 14 September 2023
ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ အန်ထောင် - အယုဒ္ဓယ အဝေးပြေးကားလမ်းပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာသည့်ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ အတွင်းရှိ သတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ယာဉ်မှာ အယုဒ္ဓယအဝေးပြေးကားလမ်း မပေါ်တွင် ထိုင်းရဲများက မသင်္ကာတာကြောင့် တားဆီးသော်လည်း မရပ်ပေးဘဲ မောင်းပြေးတာကြောင့် တာယာ၃ လုံးကွဲတဲ့အထိ ဖြစ်ကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများမှာ မဲဆောက်မြို့မှတစ်ဆင့် အယုဒ္ဓယပြည်နယ်ကို လာခြင်း ဖြစ်ပြီး ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ပေးခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးနှင့်ယာဉ်မောင်း ထိုင်းနိုင်ငံသားကို ထိုင်းနိုင်ငံဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
#YMG/LW #Local_News #ထိုင်းနိုင်ငံအတွင်း #တရားမဝင်ဝင်ရောက်
#Yangon_Times
#Local_News
Published_ 14 September 2023
တောင်ကိုးရီးယားနိုင်ငံသို့ စက်တင်ဘာလအတွင်း EPS စနစ်ဖြင့် ၄ ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၆၀၀ ခန့်စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို စက်တင်ဘာ ၁၃ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို စက်တင်ဘာလ ၁၂ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ဦးကို စက်တင်ဘာလ ၅ရက်တွင် လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။
အဆိုပါ အလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်း သိရသည်။
#Local_News #EPS စနစ် #မြန်မာလုပ်သား
#Yangon-Times/PP
#Local_News
Published-14 September 2023
မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပိုရေးဆိုင်ရာ SPS သဘောတူစာချုပ်များကို သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံ၌ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI)တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံနှင့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့ရေထွက်ကုန်ပစ္စည်း #SPS သဘောတူစာချုပ်
#Yangon_Times/PP
#Local_News
Published-14 September 2023
မိုးသည်းထန်စွာရွာသွန်း၍ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ တောင်ခြေရင်းရှိ ရပ်ကွက်များတွင်တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ကာ အမျိုးသား ၁ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၄ရက် နံနက် ၂နာရီ ၄၀ မိနစ်အချိန်ခန့်က လားရှိုးမြို့၊ တောင်ခြေရင်းရှိ အမှတ်(၅/၆/၇ /၁၂) ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း တောင်ကျမိုးရေများဝင်ရောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)၊ နယ်မြေ(၁၃) တွင်နေအိမ်အုတ်တံတိုင်းပြိုကျမှုဖြစ်ခဲ့၍ လူနေအိမ်ပေါ်ပိမိနေပြီး အမျိုးသား ၁ဦးသေဆုံးခဲ့၍ လားရှိုးလူငယ်ပရဟိတပိုင်လူနာတင်ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ မိုးရေဝင်ရောက်လျက်ရှိသော နေအိမ်များမှ လူနှင့်ပစ္စည်းများအား ဘေးလွတ်ရာနှင့် ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။
#Local_News #မိုးသည်းထန်စွာရွာသွန်းမှု #အုတ်တံတိုင်းပြိုကျမှုဖြစ်
#Yangon_Times/PP
#Daily_News
Published_ 13 September 2023
၁။ မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးသည်းထန်ပြီး ရေကျော်နိုင်သဖြင့် ခရီးသွားသူများသတိပြုသွားလာရန်လို
၂။ မြန်မာငွေတန်ဖိုးကျတဲ့အတွက် ယခင်နှစ်များထက် ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်ယူမှုပိုများလာ
၃။ ရိုးရာမတိမ်ကော မပပျောက်အောင် ယခုနှစ်တွင်တနင်္သာရီရိုးရာ နဂါးလှေတော်ပွဲပြန်ကျင်းပလိုဟုဆို
၄။ ကာလကြာရှည်စွာ အနောက်တိုင်းကို မှီခိုနေခဲ့သည့်ဆော်ဒီအာရေဗျနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်လာရန်ကြိုးပမ်းလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘ပိုက်ဆံပေးပြီး ဆီတိုးခိုင်းထားတဲ့ လူတန်းစားအဖွဲ့ရှိနေတဲ့အတွက် စားအုန်းဆီရောင်းချပေးရသူတွေအတွက် အခက်တွေ့စေတယ်လို့ဆိုပါတယ်’
စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Published_ 13 September 2023
#tthl #စားအုန်းဆီ #တိုးခိုင်းပြီးပြန်ရောင်းချသူ
#Yangon_Times
စက်တင်ဘာလ ဒုတိယအပတ်အတွင်း အမေရိကန်ဒေါ်လာအပါအဝင် ပြည်ပငွေလဲလှယ်နှုန်းထား ကျဆင်းလာပေမယ့် စက်သုံးဆီဈေးကတော့ ဈေးမြင့်မှာသာရှိနေပါတယ်။92 တစ်လီတာကို (၂၂၈၅) ကျပ် ကနေ ၂၃၃၅ ကျပ်အထိ ဈေးမြင့် လာတာကြောင့်တစ်လီတာကို ကျပ် ၅၀ ခန့် အထိ ဈေးမြင့်လာတယ်လို့သိရပါတယ်
Published_ 13 September 2023
#စက်သုံးဆီဈေး မြင့်လာ #အမေရိကန်ဒေါ်လာ
#YMG/LW
#Yangon_Times
Page 768 of 1916