Published_ 03 January 2024
မကွေးတိုင်းဒေသကြီး အတွင်း ရှိ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ များနှင့် ဖွင့်လှစ်ထားသည့်ဟိုတယ် တည်းခိုရိပ်သာ နှင့် စားသောက်ဆိုင် များ စာရင်း ကို ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာနကနေ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ထုတ်ပြန်သည့် စာရင်း တွင် ခရီးစဉ် ဒေသ ၁၃ ခုနှင့် ဟိုတယ် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတို့ကို ဇန်န၀ါရီလ ၂ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် မကွေးတိုင်း အတွင်းလည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ၁၃ခု မှာ မကွေးမြသလွန်စေတီ ၊ မကွေးကမ်းနားလမ်း ၊ စက္ကိန်းတဲဘုရားနဲ့နဂါးပွတ်တောင် ၊ မင်းလှခံတပ် ၊ ကွေ့ချောင်းခံတပ် ၊ဗိဿနိုး မြို့ဟောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ၊ ဝက်သည်းကန် ၊ ဆားလယ်ဒေသ ၊ စလေရုပ်စုံကျောင်း ၊ ပခုက္ကူမြို့ပေါ်ဘုရားများ ၊ ပခန်းကြီးမြို့ဟောင်း စသည့် နေရာ များ ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတွင် မကွေးမြို့ ၊ နတ်မောက်မြို့ ၊ မင်းဘူးမြို့ ၊ မင်းလှမြို့ ၊ အောင်လံမြို့ ၊ ပွင့်ဖြူမြို့ ၊ စလင်းမြို့ ၊ တောင်တွင်းကြီးမြို့ ၊ ရေနံချောင်းမြို့ ၊ ချောက်မြို့ ၊ ပခုက္ကူမြို့ နဲ့ ဂန့်ဂေါမြို့ များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ စာရင်းတို့ ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_2 January 2024
၁။ မှိုတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်းထားရ
၂။ နဂါးနှစ်တွင် စီးပွားရေးများတိုးတက်နိုင်၊ သစ်သားနဂါးနှစ်အတွင်းမွေးဖွားမည့် ကလေးငယ်များဩဇာ၊ ကြွယ်ဝမှုများရှိနိုင်ဟုဆို
၃။ တရုတ်နိုင်ငံမှ ၀ယ်လိုအား ကောင်းလာသည့်အတွက် မြေပဲလုံးဆံတစ်ပိဿာ ကျပ် ၇၀၀၀ကျော်သို့ ဈေးမြင့်လာ
၄။ ကမ္ဘာ့အမြင့်ဆုံးနေရာရှိဆိုလာလျှပ်စစ်ဓာတ်အားစီမံကိန်း တရုတ်ဓာတ်အားလိုင်းတွင်ချိတ်ဆက်လည်ပတ်တော့မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ဒီနှစ်ကမိုးများတော့ မိုးမိပဲပုတ်များတော့ ပဲကောင်းထွက်တာနည်းနည်းနည်းတယ်၊ တောင်ပေါ်ကျတော့မိုးများတာကိုး၊ ပဲညံ့ရင်တော့ ၃၀၀၀ အောက်ဆင်းတယ်၊ ဈေးအရနည်းတာပေါ့ '
#Local_News
Published_2 January 2024
#မိုးမိပဲပုတ်ထွက်ရှိမှုများပြား #ဈေးရရှိမှုနည်းပါး
#YMG/NN #Yangon_Times
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့နိုင်ငံခြားသားဝင်ကြေးကျပ် ၅၀၀၀ မှ ၁၀၀၀၀ ပြောင်းကောက်မည်။ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နှင့် ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်တွေကို လာရောက်လေ့လာတဲ့ ပြည်တွင်းဧည့်သည်တွေကို တစ်ဦးလျှင် ကျပ်-၂ဝဝိ/-နှုန်းမှ ကျပ်-၅ဝဝိ/-နှုန်းနဲ့လည်းကောင်း ပြောင်းလဲသတ်မှတ်ကောက်ခံသွားမည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
#Local_News
Published_2 January 2024
#ပျူမြို့ဟောင်း(၃)မြို့ #ဝင်ကြေးများတိုးမြှင့်ကောက်ခံ
#tthl #Yangon_Times
#Local_News
Published 2 January 2024
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တစ်နှစ်တာနီးပါးအတွင်း ရန်ကုန်မြို့၌ YBS ယာဉ်တိုက်မှုကြောင့် လူ ၂၈ ဉီးနီးပါး သေဆုံးခဲ့ကြောင်း ရန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အထိ YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှု ၇၀ မှု ဖြစ်ပွားခဲ့၍ ယင်းအမှုများထဲမှယာဉ်တိုက်မှုမှာ ၆၃ မှုဖြစ်ပြီး လူ ၂၈ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
'YBS တွေ ယာဉ်တိုက်မှု ဖြစ်တာ အရှိန်လွန်မောင်းတာတွေ၊ တစ်စီးနဲ့တစ်စီး ကျော်တက်ကြတာတွေကြောင့် ကားလမ်းဖြတ်ကူးလာတဲ့သူတွေ၊ မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့သူတွေကို ဝင်တိုက်မိတာတြွေဖစ်တယ်' ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဉီးလျန်ကျင့်မာန်က ပြောသည်။
YBS ယာဉ်လိုင်းများ လအလိုက် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုများမှာ ဇန်နဝါရီလတွင် ယာဉ်တိုက်မှု ၅ မှု၊ ဒဏ်ရာရရှိသူ ၁၁ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ၈ မှု၊ ဒဏ်ရာရရှိ ၁၂ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ မတ်လတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၂ ဉီးနှင့် သေဆုံးသူ ၃ ဉီး၊ ဧပြီလတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၁၇ ဉီးနှင့် သေဆုံးသူ ၂ ဉီး၊ မေလတွင် ယာဉ်တိုက်မှု ၁၁ မှု၊ ဒဏ်ရာရရှိသူ ၁၃ ဉီးနှင့် သေဆုံးသူ ၇ ဉီး၊ ဇွန်လတွင် ယာဉ်တိုက်မှု ၅ မှု၊ ဒဏ်ရာရရှိသူ ၅ ဉီးနှင့် သေဆုံးသူ ၁ ဉီး၊ ဇူလိုင်လတွင် ယာဉ်တိုက်မှု ၃ မှု၊ သေဆုံးသူ ၁ ဉီး၊ ဩဂုတ်လတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၁၇ ဉီးနှင့် သေဆုံးသူ ၅ ဉီး၊ စက်တင်ဘာလတွင် ယာဉ်တိုက်မှု ၆ မှု၊ ဒဏ်ရာရရှိသူ ၅ ဉီးနှင့် သေဆုံးသူ ၂ ဉီး၊ အောက်တိုဘာလတွင် ယာဉ်တိုက်မှု ၁၀ မှု၊ ဒဏ်ရာရရှိသူ ၁၈ ဉီးနှင့် သေဆုံးသူ ၃ ဉီး၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၂၁.ရက်အထိ ယာဉ်တိုက်မှု ၄ မှု၊ ဒဏ်ရာရရှိသူ ၂ ဉီးနှင့် သေဆုံးသူ ၂ ဉီးရှိကြောင်း YRTC မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
YRTCအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ယာဉ်မောင်းကို ရာသက်ပန် ယာဉ်မောင်းနှင်ခွင့်ကို ပိတ်ပင်လိုက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဉ် ကိုလည်း ယာဉ်လိုင်း ၌မောင်းနှင်ခွင့်ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
#YBSယာဉ်တိုက်မှုကြောင့် #လူ၂၈ဉီးသေဆုံးခဲ့ #YMG /NN #Yangon_Times
အခုလိုဈေးမြင့်လာပေမယ့်လည်း မြေပဲစိုက်တောင်သူတွေ လက်ထဲမှာရောင်းချဖို့မရှိသလောက်နည်းသွား ကာကုန်များများ လှောင်နိုင်တဲ့ တောင်သူကြီးတွေနဲ့ကုန်သည်အချို့ထံမှသာ မြေပဲဆံရှိတော့တယ်လို့ဆိုပါတယ်။
#Local_News
Published_2 January 2024
#တရုတ်နိုင်ငံမှ၀ယ်လိုအားကောင်း #မြေပဲလုံးဆံဈေးမြင့်လာ
#YMG/LW #Yangon_Times
"၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀၂၅ ဇန်န၀ါရီလ ၂၅ ရက်အထိဟာ သစ်သားနဂါးနှစ်ဖြစ်ပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ် သစ်သားနဂါးနှစ်အတွင်း မွေးဖွားမည့်ကလေးငယ်များဟာ ဩဇာအာဏာနဲ့ပြည့်စုံမယ့်ကလေးငယ်တွေ ဖြစ်လာနိုင်တယ်။ နဂါးနှစ်အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းကိုင်ငန်းတွေ ဖြစ်ထွန်းမှာဖြစ်ပြီး လုပ်ငန်းသစ်တွေစတင်နိုင်မှာ ဖြစ်တယ်"ဖုန်းရွှေနှင့် တားရော့ဗေဒင်ဆရာ၊ ဆရာဟိန်းလတ်
#Local_News
Published_2 January 2024
#ယုန်နှစ်မှနဂါးနှစ်ပြောင်း #ကလေးများဩဇာကြွယ်ဝမှုရှိနိုင်
#tthl #Yangon_Times
Page 763 of 2116