မန္တလေး၊ မကွေးအလယ်ပိုင်းဒေသများ မိုးသက်လေပြင်းတိုက်နိုင်
"အခုရက်ပိုင်းအတွင်း မုတ်သုန်လေဟာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်စတဲ့ အလယ်ပိုင်းဒေသတွေမှာ ဆုတ်ခွာနေပြီး မိုးသက်လေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်" ဦးလှထွန်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ညွှန်ကြားရေးမှူး
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 18 September 2023
အိပ်ချ်စ်အိုင်ဗွီ လူနာများအား ARTဆေးကုဌာန ၄၀၀ကျော်ဖြင့်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သိရသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအရ လာမည့် ၇နှစ်ကြာကာလ ၂၀၃၀ပြည့်နှစ်တွင် HIV ပိုးကူးစက် မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ် ထွက်လာ စေရန်ရည်ရွယ်၍ အိပ်ချ်စ်အိုင်ဗွီ လူနာများကို ARTဆေးကုဌာန ၄၀၀ကျော် ဖြင့်ကုသပေးနေခြင်း ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းအရ HIV-AIDS ရောဂါကာကွယ် ရေး၊ ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ၂၀၂၂ခုနှစ်တွင် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေး စီမံချက်ဖြင့် ART ဆေးကုဌာန ၁၄၁ ခုနှင့် ART ဆင့်ပွားကုသဌာန ၃၁၀ ခုတို့ဖြင့် HIV ပိုးရှိ လူနာ ၂ သိန်းကျော် အား ARTဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းကျော်ကိုလည်း HIV နှင့် အခြား ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတွက် ART ဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူနိုင်ရန် အတွက်လည်း နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁၆သန်းအသုံးပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သိရသည်။
Yangon Times/pp
#Local_News
#YMG #Yangon_Times
Published_ 18 September 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှောက်တက်ခင်းကျေးရွာရှိ ထူးထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ကုန်းပေါ်တင်ထားသည့် စက်လှေပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
နံနက် ၉ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး အပြီးသတ်မီးငြိမ်းနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
#Local_News
Published 17 September 2023
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စက်တင်ဘာ ၁၇ ရက်ညနေပိုင်းတွင် ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
ယင်းကဲ့သို့ မိုးကြိုးခခဲ့ကြောင်းသိရ၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ညောင်ဦးခရိုင် သာသနာရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့သည်ဟုဆိုသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားခေါင်းလောင်းနှင့် ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကို သာ မျက်မြင်စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ပုဂံဓမ္မရာဇ #မိုးကြိုးစက်ကွင်းခ
#Yangon_Times
#Local_News
Published 17 September 2023
ပြင်ဦးလွင်မြို့၊နောင်ခမ်းကြီးရေကန်တွင် ရေဆင်းကူးသည့် အမျိုးသား (၁)ဦးရေနစ်သေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ပြင်ဦးလွင်မြို့၊ ရကက(၂၀)၊နောင်ခမ်းကြီးရပ်၊ နောင်ခမ်းကြီးရေကန်အတွင်း စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းတွင် ရေဆင်းကူးခဲ့သည့်အသက်(၁၅)နှစ်အရွယ် အမျိုးသား(၁)ဦးရေနစ်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အသင်းသားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေကယ်ဆယ်ခဲ့ပြီး အချိန်နဲ့တပြေးညီ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
#tthl #Local_News #နောင်ခမ်းကြီးရေကန် #လူငယ်(၁)ဦးရေနစ်သေဆုံး
#Yangon_Times
#Local_News
Published 17 September 2023
အိမ်လိပ်စာ၊ ဖုန်းနံပါတ်မမှတ်မိသည့် အဘိုးတစ်ဦး ဗိုလ်တထောင်ဘုရားလမ်း၊ ကားဂိတ်တွင်ချော်လဲခဲ့ပြီး ပေါင်ရိုးကျိုးသွားကြောင်း ရှင်သန်ရေးကူညီမှု အသင်းမှသိရသည်။
ကားဂိတ်တွင် အဘိုးတစ်ဦးချော်လဲကျနေသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှသွားရောက်ကူညီရာ လမ်းမလျှောက်နိုင်တော့ကြောင်း ခြေထောက်အရမ်းနာကြောင်းပြောသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ခဲ့သည်။
ဆေးရုံကြီးတွင် ဓာတ်မှန်စစ်ဆေးရာပေါင်ရိုးကျိုးသွားသဖြင့် ခွဲစိတ်ကုသရန်လိုအပ်သည့်အတွက် မိသားစုဝင်များ၏ခွင့်ပြုချက်လိုအပ်ခဲ့ပြီး အဘိုးဦးတင်ရီသည် မိသားစုဝင်များကိုဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်အတိအကျမမှတ်မိတော့၍ လူမှုကွန်ရက်ပေါ်မှ အဘိုးမိသားစုဝင်များဆက်သွယ်ပေးရန် အကူအညီတောင်းခံခဲ့ရာ အဆက်အသွယ် ရရှိခဲ့သည်။
ယင်းကဲ့သို့ မိသားစုဝင်များနှင့်အဆက်အသွယ်ရခဲ့သည့်အတွက်နေအိမ်သို့ ပြန်ပို့ဆောင်ပေးခဲ့ပြီး နေအိမ်မှသျှင်ပါဂူဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် ရှင်သန်ရေးကူညီမှုအသင်းမှဆက်လက်ကူညီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ပေါင်ရိုးကျိုး လူနာအဖိုး #ပြန်တွေ့ပြီးဆေးကုသခွင့်ရ
#Yangon_Times
၁၇ စက်တင်ဘာ ၂၀၂၃
ဘန်ကောက်အဲဝေးစ်က အောက်တိုဘာ ၃၁ ရက်အထိ လေယာဉ်ပေါ်မတက်ခင် ခရီးသည်အာလုံး ကိုယ်အလေးချိန် ချိန်တွယ်ရမည့် အစီအစဉ်ကိုကြေညာခဲ့သည်။ အချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဟုလည်းပြောသည်။
လေကြောင်းလိုင်း၏ကြေညာချက်တွင် ခရီသည်များ ကိုယ်အလေးချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပျံတက်စဉ် ဝန်အလေးချိန်ကို တွက်ချက်ရာ တွင် အထောက်အကူဖြစ်စေရန်ဟုဆိုသည်။
ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက်တွင် လေယာဉ်မတင်ခင် ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ေ လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။
ကိုရီးယားလေကြောင်းနှင့် အဲနယူးဇီလန်တို့ကလည်း ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။
ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ကမ္ဘောဒီးယား၊ဟောင်ကောင်၊လာအို၊မော်လဒိုက်၊မြန်မာ၊စင်္ကာပူနှင့်ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေပြုထားသည်။
Source ThaiPBS
Page 761 of 1917