ပြီးခဲ့တဲ့လတွေက ဖရဲထွက်ရှိရာဒေသတွေမှာရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဖရဲခင်းတွေပါ ပျက်စီးမှုများပြားခဲ့တာကြောင့် အသီးဈေးနှုန်းတွေမြင့်တက်နေပြီး ပစ္စည်းပြတ်လုနီးပါးရှိနေတယ်လို့ ဒညင်းကုန်းဟင်းသီး၊ ဟင်းရွက် လက်ကားဈေးရှိပွဲရုံတွေက သိရပါတယ်။
#Local_News
Published 21 October 2024
#ဖရဲခင်းတွေပျက်စီး #ပစ္စည်းပြတ်လုနီးပါးရှိ
#YMG/NN #Yangon_Times
စားအုန်းဆီဈေးတွေဟာ (၄)ပတ်ဆက်တိုက်ပြန်ကျလာပြီဖြစ်ပြီး အခုအပတ် ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာကို ၆၂၆၅ကျပ် နဲ့ရောင်းချဖို့သတ်မှတ်လိုက်ပါတယ်။ အောက်တိုဘာ(၂၁)ရက်စလို့ စားအုန်းဆီတွေကို အိမ်အရောက်ပို့ ဖုန်းဆက်မှာယူနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 21 October 2024
#စားအုန်းဆီဈေးပြန်ကျ #အိမ်အရောက်ပို့စနစ်
#YMG/tthl #Yangon_Times
#Local_News
Published 21 October 2024
▪️ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် (၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော် ကိုအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက်အောက်တိုဘာ(၂၀)ရက်မှ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကုသပေးရာတွင် တစ်ရက်တာအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်းအရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 October 2021
▪️ အရှေ့ဒဂုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၁ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်ဇော်ဂျီလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 October 2024
▪️ ပုသိမ်ကနေရန်ကုန်အလာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး (၂၀)ဦးဒဏ်ရာအနည်းငယ်ရကာ အဘွားတစ်ဦးညောင်တုန်းဆေးရုံတင်ခဲ့ရကြောင်းကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှသိရသည်။
▪️ အောက်တိုဘာလ(၂၁)ရက်က ရန်ကုန် ပုသိမ်လမ်းမ ပန်တိုင်နှင့် မဲဇလီကြားတွင် ခရီးသည်တင်ကားတစ်စီးလမ်းဘေးထိုးကျပြီးမှောက်ခဲ့ခြင်းဖြစ်သည်။
▪️ "ခရီးသည်တင်ကားမှာ ခရီးသည်(၅၀)ကျော်ပါပါတယ်။(၂၀)ဦးလောက်ပဲ မှန်နဲ့ခြစ်မိတာ စတဲ့ထိခိုက်ဒဏ်ရာအနည်းငယ်လောက်ပဲရရှိသွားတယ်။
အသက်(၅၀)ကျော်(၆၀)ကျော်အဘွားတစ်ဦးကို တော့ ညောင်တုန်းပြည်သူ့ဆေးရုံကို တင်ပေးခဲ့ရပါတယ်"ဟု ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ကရုဏာကမ်းလက်အသင်းမှ လူနာတင်ယာဉ်တစ်စီးနှင့်လူ(၃)ဦးရောက်ရှိကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published_21 Oct 2024
▪️ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားစစ်ရေ ယာဉ် ၄ စီး ရန်ကုန်မြို့သို့ ယနေ့ အောက်တိုဘာလ ၂၀ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။
▪️ ယင်းစစ်ရေယာဉ်များမှာ ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များ ဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေ ယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov ၊ ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင် ရုရှားရေတပ် Russian Pacific Fleet Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးသည့် စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်က ရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase)များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
MANDALAY, Myanmar – October 19th, 2024: An explosion occurred at the Chinese Consulate in Mandalay on the evening of October 18th, causing some damage to the building. The explosion took place around 4:30 PM at the consulate located in Chanmyathazi Township, Mandalay, the cultural capital of Myanmar.
Security personnel who responded to the incident found that the blast had occurred on the roof of the two-story consulate building, causing approximately 2 feet of damage to the roof tiles. Fortunately, there were no reported injuries or other significant damages.
The Information Team of the ruling State Administration Council released a statement on October 19th, confirming that security forces are working closely with consulate officials to investigate the cause of the explosion and apprehend those responsible. Additional security measures have been implemented in the area to ensure safety and prevent further incidents.
#ymg/knl
Page 762 of 2532