Published 9 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ် ၊၂ရပ်ကွက် ဘားလမ်း အလယ်ဘလောက်ရှိ မူဆလင်ဆေးရုံ မီးလောင်မှု ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
စက်တင်ဘာ ၉ရက် နေ့လည် ၁နာရီ ၃၅မိနစ် ခန့် တွင် စတင်လောင်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ရာ ၁နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
'' ဝါယာရှော့က လောင်တယ် လို့တော့ ကြားတာပဲ ကားလမ်းတွေလဲ ပိတ်နေတယ်၊လူထိခိုက်တယ်တော့ မကြားမိဘူး''ဟု အနီးနေထိုင်သူတစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရူံးမှုများကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon_Times
Published_ 9 September 2023
အလုပ်သမားဝန်ကြီးဌာန၊လူမှုဖူလုံရေး အဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာ တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိတွင် အာမခံ အလုပ်သမား လူနာပေါင်း၆သိန်းကျော် ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ၏ထုတ်ပြန်ချက် သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တွင် အကျုံးဝင် အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီးအဆိုပါ အာမခံအလုပ်သမားများ ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀ ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ် ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး
ယခုအခါ တွင် Fee For Service Payment ဆေးခန်း ၂၀ ၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်း ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
ဖီဖာနိုင်ငံတကာခြေစမ်းပွဲ မြန်မာနှင့် နီပေါ ပွဲပြီးချိန်အထိ တစ်ဘက်နှင့်တစ်ဘက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အဆိုပါ ပွဲစဉ်ကို ယမန်နေ့ ညနေ(၅)နာရီအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။
ဒုတိယပွဲစဉ်ကို စက်တင်ဘာ (၁၁)ရက်တွင် ထပ်မံယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်ကစားသမား (၂၇)ဦးရွေးချယ်ရာ မြန်မာအသင်းအတွက် တိုက်စစ်မှူးများမှာ ထိုင်းလိဂ်တွင် ကစားနေကြသည့် အောင်သူ ၊ သန်းပိုင်၊ အီစိုးနှင့် အင်ဒိုနီးရှား လိဂ်တွင် ကစားနေသော
ဝင်းနိုင်ထွန်းတို့ ပါဝင်ထားသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
#Daily_News
Published_ 8 September 2023
၁။ သီတင်းကျွှတ်ကာလ နီးလာပေမယ့် ကုန်ကြမ်းဈေးတတ်ပြီး အရောင်းအေးနေတဲ့ ဖယောင်းတိုင်ဈေးကွက်
၂။ အောက်တိုဘာတွင် ပုဂံဒေသကို ပြည်တွင်းခရီးသွားများအပြင် အိန္ဒိယနှင့် တရုတ်ခရီးသွားများလည်း ဝင်ရောက်လာနိုင်ဟုဆို
၃။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့်ရပ်တည်ချက် မြင့်တက်လာရန် လုပ်ဆောင်မည်ဟု အသင်းနည်းပြချုပ်ပြော
၄။ တရုတ်တွင် မှိုဖြင့်ချက်ပြုတ်သည့် ဟင်းလျာများ လူကြိုက်များလာကာ မှိုဆက်စပ်လုပ်ငန်းများတိုးချဲ့နိုင်ရန် မျှော်မှန်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 8 September 2023
ရန်ကုန်မှနေပြည်တော်သို့သွားရောက်သည့် ခရီးသည်တင်ယာဉ်Expressတစ်စီးမိုင်တိုင်-၉၂မိုင်အနီး တွင်တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါယာဉ်တမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ(၇)ဦးရှိသည်ဟုဆိုသည်။
‘‘ဟုတ်ပါတယ်။ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိပါတယ်မစိုးရိမ်ရပါဘူး။ထိခိုက်ဒဏ်ရာရသူစုစုပေါင်း(၇)ဦးပါ။ သေဆုံးသူတစ်ဦးရှိပါတယ်။ရန်ကုန်ကနေနေပြည်တော်သွားတာ၊မိုင်တိုင်၉၁နဲ့ ၉၂ကြားမှာပါ။ ကူညီကယ်ဆယ်ရေးတွေပြီးသွားပါပြီ’’ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMGကိုအတည်ပြုပြောသည်။
ယင်း ခရီးသည်တင်ယာဉ်Expressကားသည် မိုင်တိုင်၉၂အနီးတွင်စက်တင်ဘာလ၈ရက်နေ့လည်၁နာရီကျော် အချိန်တွင်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
ထိုင်းနိုင်ငံရှိ MOU မြန်မာအလုပ်သမားများ ပြည်တွင်းသို့ တရားဝင်သာ ပြန်လည် ဝင်ရောက်ရန် လိုအပ်
ထိုင်းနိုင်ငံအတွင်း ကို MOUစနစ်နဲ့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိခင်နိုင်ငံကို ပြန်လည်ဝင်ရောက်လာပါကလဲ တရားဝင်နည်းလမ်းအတိုင်း ပြန်လည်ဝင်ရောက်သင့်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
မြန်မာ့ရုပ်ရှင် သက်ကြီးပညာရှင်(၁၄၀)ဦးကို ပူဇော်ကန်တော့မည်
‘(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးပညာရှင်(၁၄၀)ဦးလောက်ကိုပူဇော် ကန်တော့သွားဖို့ ရှိတယ်’ဦးအေးကြူလေး( မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ)
Yangon Times/tthl
#Local_News
#Published_ 8 September 2023
#YMG #Yangon_Times
Page 774 of 1915