Published_8 Oct 2024
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို သတ်မှတ်ကာလအတွင်းအပြီးတည်ဆောက်ရန် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။
ယနေ့အောက်တိုဘာလ ၈ ရက်တွင် တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစကဥက္ကဌ က တံတားတည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများအတွက် အကျိုးပြု သည့်လုပ်ငန်း တစ် ခုဖြစ်သဖြင့် တံတားတည်ဆောက်မှုလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီး စေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့သည်။
ယင်းအပြင် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်း စွာဖြင့်သွားလာနိုင်ရေး ဆောင်ရွက်သွားရန် ၊တံတားတွဲ ဆက်ခြင်းလုပ်ငန်း များစနစ်တကျဖြစ်ရန် ၊သင်္ဘောများ၏ ရေလမ်းကင်းလွတ်မှုစနစ် တကျဆောင်ရွက် သွားရန် နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်စဉ်းစားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်း ကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော် သမ္မ တဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည် ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ် ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ကာ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့ကြောင်း သိရသည်။
ယင်းတံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ပြီး တံတား တည် ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှ တဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ကာ လက်ရှိဖြစ် ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ မှုများလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွား မည့်အပြင်လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု ကဏ္ဍ ပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။
Yangon_Times/PP

photo 2024 10 08 20 17 21