#Local_News
Published 8 October 2024


▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ(၁၆)ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

▪️ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသူများအတွက် ကျောင်းသုံးနှင့်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများရောင်းချပေးမည့်ဆိုင်ခန်းများစွာပါဝင်မည် ဖြစ်သည်။

 

▪️ ပွဲတော်ကိုသီတင်းကျွတ်ကျောင်းပိတ်ရက် ဖြစ်သည့် အောက်တိုဘာ(၁၆)ရက်ကနေ(၂၀)ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

 

▪️ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် နွဲပျော်ကြမည့်အစီအစဉ်  ဈေးရောင်းပွဲတော်တွင် Glory Talents & Models Agency ၏ အဆိုရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times