ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အခြေပြုဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်နဲ့မောက်မယ်မြို့နယ်တို့မှာ စစ်ဘေးရှောင်လာတဲ့ ပြည်သူ တစ်သောင်းကျော် ရှိလာတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဆီဆိုင်မြို့ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
‘‘ကံထူးရှင်ဟာ သူထီပေါက်နေတာကို ထီမတိုက်ရသေးလို့ မသိသလို ထီကိုယ်စားလှယ်တွေကလည်း နှစ်ကြိမ်လောက်ရှာဖွေပြီးမှ သိန်း(၅၀၀၀)ဆုကြီးပေါက်နေသူကို ရှာဖွေတွေ့ရှိခဲ့တယ်။ နေပြည်တော်မှာနေထိုင်တဲ့ အသက်(၃၀)ကျော်အရွယ် ကလေးတစ်ယောက်ဖခင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သာမန်အခြေခံလူတန်းစားတစ်ဦး ဖြစ်တယ်’’ အေးငြိမ်းချမ်းသာထီဆိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
စင်ကာပူစက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်ဘာရယ်ကို ၃ဒေါ်လာ ကျော်ဝန်းကျင်အထိ ကျဆင်းနေတာဖြစ်ပြီး ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်လီတာကို ၁၅ကျပ်ကနေ ၁၂၀ကျပ်အထိဈေးနှုန်းကျဆင်းနေပါတယ်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆီးကျိတ်ကင်ဆာ ခံစားနေရတာကို အင်္ဂါနေ့မတိုင်ခင်အထိ သမ္မတဂျိုးဘိုင်ဒင် မသိရှိခဲ့ရဘူးလို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
လွိုက်အော်စတင် ရောဂါခံစားနေရကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီး မိနစ်ပိုင်းအကြာမှာမှ ဘိုင်ဒင်က သိရှိခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၇၀ ရှိပြီဖြစ်တဲ့ အော်စတင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ဝေါလ်တာရိဒ် အမျိုးသားစစ်ဆေးရုံမှာ တက်ရောက်နေခဲ့ရပါတယ်။
ဒါကို ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော်ပြောကြားခြင်း မရှိတာကြောင့် နောက်ကွယ်မှာ နိုင်ငံရေးပဋိပက္ခများ ရှိနေခဲ့ပါတယ်။
အော်စတင်ရဲ့ လက်ထောက် ကက်သလင်းဟစ်ခ်ကိုယ်တိုင် ရက်အနည်းငယ်ကြာတဲ့အထိ ဒီအကြောင်းကို မသိရှိရဘဲ ကာကွယ်ရေးဝန်ကြီးရဲ့ တာဝန်တွေကို လုပ်ဆောင်ပေးဖို့ ဇန်နဝါရီ ၂ ရက်နေ့က မှာကြားခံခဲ့ရပါတယ်။
‘’အော်စတင် ဆေးရုံတက်နေရတာကို ကြာသပတေးနေ့ မတိုင်ခင်အထိ ဘိုင်ဒင်မသိခဲ့ရပါဘူး။
ဆေးရုံတက်ရတဲ့ အကြောင်းအရင်းက ဆီးကျိတ်ကင်ဆာကြောင့်ဆိုတာ ဒီမနက်မတိုင်ခင်အထိ မသိခဲ့ရပါဘူး’’ လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပြသွားပါတယ်။
အော်စတင်နဲ့ ဘိုင်ဒင်တို့ စနေနေ့က စကားပြောဆိုခဲ့ပေမယ့် ဆီးကျိတ်ကင်ဆာအကြောင်း ဘာကြောင့် မသိရှိရလဲဆိုတာကို သေချာမသိရပါဘူး။
အီရတ်မှာ ဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့တဲ့ အငြိမ်းစား ကြယ် ၄ ပွင့်ဗိုလ်ချုပ်ကြီး အော်စတင် တာဝန်ဝတ္တရားများ ပျက်ကွက်နေတဲ့ အထောက်အထားကို ရီပတ်ဘလစ်ကန်များက အခွင့်ယူပြီး တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
ယူကရိန်းနဲ့ အစ္စရေးလ်တို့မှာ စစ်ပွဲတွေဖြစ်နေတဲ့ကြားက အိမ်ဖြူတော်နဲ့ လက်ထောက်ဝန်ကြီးကပင် ရောဂါအကြောင်း မသိရှိရတာဟာ အတော်ကိုလက်မခံနိုင်စရာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် မိုက်ခ်ရော်ဂျာစ်က အော်စတင်ထံသို့ အင်္ဂါနေ့က စာရေးသားပေးပို့ခဲ့ပါတယ်။
အော်စတင်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဆီးကျိတ်ကင်ဆာ ကုသမှုခံပြီးနောက် မူးဝေခြင်း၊ ဝမ်းဗိုက် တင်ပါး ခြေထောက်တို့မှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း ပြဿနာများ ခံစားရတာကြောင့် ဇန်နဝါရီ ၁ ရက်နေ့မှာ ဝေါလ်တာရိဒ်ဆေးရုံသို့ လူနာတင်ကားဖြင့် ခေါ်ဆောင်ခံခဲ့ရပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်နေတယ်လို့ တွေ့ရှိပြီးနောက် ဇန်နဝါရီ ၂ ရက်နေ့မှာ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ခဲ့ပါတယ်။
ဆက်လက်လေ့လာရာမှာ ဝမ်းဗိုက်အတွင်း အရည်များစုစည်းပြီး အူသိမ်လုပ်ဆောင်ချက်များကို ထိခိုက်စေတာဖြစ်ကြောင်း၊ ဒါဟာ အစာအိမ်မှ နှာခေါင်းသို့ ပိုက်ပြွန်ဖြင့် စစ်ထုတ်ကုသစဥ်က ကျန်ခဲ့တဲ့ အူလမ်းကြောင်း အကြွင်းအကျန်များကြောင့်လို့ ဆေးရုံက ပြောပြခဲ့ပါတယ်။
ရောဂါပိုးကူးစက်ခြင်းက ကင်းရှင်းပြီဖြစ်ကာ ပြန်လည်သက်သာမှုနှုန်းက နှောင့်နှေးနိုင်ပေမယ့် အပြည့်အဝ ကောင်းလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့မတိုင်ခင်အထိ ကာကွယ်ရေးဝန်ကြီး ဆေးရုံတက်နေရတဲ့အကြောင်းကို ရွေးကောက်ပွဲထပ်မံ ယှဥ်ပြိုင်ရန် ကြိုးပမ်းနေတဲ့ ဘိုင်ဒင်မသိခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးဝေဖန်သံများ ထွက်ပေါ်နေတာကို အစိုးရက ဖုံးဖိရန်ခက်ခဲနေပါတယ်။
ဒေါ်နယ်ထရမ့် အပါအဝင် အထင်ကရ ရီပတ်ဘလစ်ကန် အချို့က အော်စတင်ကို ရာထူးမှဖယ်ရှားရန် တောင်းဆိုနေကြပါတယ်။
ဒါပေမဲ့ အငြိမ်းစား ကြယ် ၄ ပွင့်ဗိုလ်ချုပ်ကြီးဟာ ရာထူးမှနုတ်ထွက်ရန် အစီအစဥ်မရှိသလို ဘိုင်ဒင်ကလည်း သူ့ကိုမဖယ်ရှားလိုဘူးလို့ ပင်တဂွန်က ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အန်စာတုံ အမျိုးအစား ကားတစ်စီး မှ လမ်းလယ်ရေနှုတ်မြောင်းရှိ အုတ်ကန်ကို ဝင်တိုက်မိသဖြင့် ၃ ဦးေ-သဆုံးကား ၉ ဦးထိခိုက်ဒဏ်ရာရရှိ ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
ဇန်နဝါရီ လ ၉ရက် ညနေ ၆နာရီ ၃၅မိနစ် ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၃၀/၀၁) ဖာလုံကြားတွင် မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့၊မောင်းနှင်လာသော၊ King Long (အဖြူရောင်) အန်စာတုံကား သည်၊ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်းမထိန်းဘဲ လမ်းလည်ကျွန်းရှိ ရေနှုတ်မြောင်းပေါက်အုတ်ကန်အားဝင်ရောက်တိုက်မိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်တဲ့နေရာမှာပင် ေ-သဆုံးခဲ့ပြီး အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိကြောင်း သိရသည်။
အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်၊EMS 192အသင်းပိုင် လူနာတင်ယာဉ် ၊လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည့်သူဆေးရုံကြီးသို့ပိုဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
လူသားတွေက အမွှေးရနံ့တွေကို ကြိုက်နှစ်သက်ကြတာကြောင့် အမွှေးနံ့ပစ္စည်း ထုတ်လုပ်သူတွေဟာ ရေမွှေးသာမက အမျိုးမျိုးသော ရနံ့လွှတ်ပစ္စည်း၊ မွှေးရနံ့ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်စသဖြင့် ထုတ်လုပ်လာကြပါတယ်။
အမွှေးရနံ့တွေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်ပိုင်းကို ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
အိပ်ခန်းထဲမှာ မွှေးရနံ့သင်းပျံ့အောင် ထားခြင်းဖြင့် ဒီမန်ရှာရောဂါဖြစ်နိုင်ခြေ သိသိသာသာ ကျဆင်းစေပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စမ်းသပ်ချက်ပြုလုပ်ရာမှာ အသက်ကြီးပိုင်းတွေကို ညတိုင်း ၂ နာရီကြာအောင် အိပ်ခန်းထဲမှာ မွေးရနံ့သင်းပျံ့စေခြင်းဖြင့် ဦးနှောက်အသိဉာဏ် စွမ်းဆောင်ရည် ၂၂၆ ရာခိုင်နှုန်း မြင့်တက်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။
အသက် ၆၀ မှ ၈၅ နှစ်ကြား မှတ်ဉာဏ်ချို့ယွင်းမှု မရှိခဲ့တဲ့ လူကြီး ၄၃ ဦးကို စမ်းသပ်ရာမှာ အနံ့ ၇ မျိုးပါတဲ့ မွှေးရနံ့တွေကို အသုံးပြုခဲ့ပါတယ်။
အယောက် ၂၀ ကို အနံ့အပြည့်ပါတဲ့ ပစ္စည်းဖြင့် အိပ်စက်စေခဲ့ပြီး ကျန်တဲ့ ၂၃ ယောက်ကိုတော့ အနံ့အနည်းငယ်ဖြင့်သာ စမ်းသပ်ခဲ့ပါတယ်။
၆ လအကြာမှာ အနံ့အပြည့်ရှုသွင်းရတဲ့ သူတွေဟာ ကျန်တဲ့သူတွေထက် မှတ်ဉာဏ်ပိုင်းနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေမှာ သာလွန်နေခဲ့ပြီး အိပ်စက်ရာမှာလည်း ပိုမိုကောင်းမွန်နေခဲ့ပါတယ်။
ဒါကြောင့် မွှေးရနံ့တွေကို အပေါ်ယံရှုမိရုံသာ အသုံးပြုမယ်ဆိုရင် မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေပြီး လူကြီးတွေမှာ ဒီမန်ရှာဖြစ်နိုင်ခြေကို ကာကွယ်ပေးတယ်လို့ လေ့လာချက်မှာ သုံးသပ်ထားပါတယ်။
Source: WION.
#World_Health
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 10 January 2024
၉ ဇန်နဝါရီ ၂၀၂၄
လောက်ကိုင်မြို့နယ်၊ ဆင်ဦးကင်းကုန်းပေါ်ရှိ ဒေသခံပြည်သူများ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖျက်ဆီးခဲ့
အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀ နှစ်အရွယ် ကလေးငယ်များပါမချန် အတင်း အဓမ္မလူသစ် စုဆောင်းနေမှုအခြေအနေများ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံခဲ့မှုခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
မြဝတီမြို့အနီးအွန်လိုင်းလိမ်လည်မှုများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း KNU က ကြေညာချက် ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များ လုံခြုံရေးအတွက် ဦးစားပေးဆောင် ရွက်နေမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့် အသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာများတွင် ဒေသခံတိုင်းရင်းပြည်သူများမှ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ဝင်ရောက်ရေးသားကန့်ကွက်နေ
သည့်ကိစ္စများအပေါ်တုန့်ပြန်ချက်များကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒန်နီ ကတိပြုထားတဲ့အတိုင်း အီရတ်နိုင်ငံကနေ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲများကို အမှန်တကယ်ဖယ်ရှားလိုက်ပါက အမေရိကန်တို့အတွက် တောက်လျှောက်သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ အာရေးဗီးယား ကျွမ်းကျင်သူတစ်ဦးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Military
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_9 January 2024
၁။ ရွှေတုံးရွှေခဲများကို အွန်လိုင်းမှ ဘဏ်စနစ်ဖြင့်ရောင်းချရန် ဆော့ဝဲလ်များရေးဆွဲနေ၊ တစ်ရွေးစ၊ နှစ်ရွေးစ စတင်ရောင်းချနေပြီဟုဆို
၂။ ပြည်တွင်းစားဆန် ချောဈေးငြိမ်နေသော်လည်း ပြည်ပပို့ ဆန်ကြမ်းတစ်အိတ်ကျပ် လေးထောင်ဝန်းကျင်အထိ မြင့်တက်လာ
၃။ မျှင် ဖမ်းစီးရရှိမှု များသော်လည်း အခြားကုန်ကျစရိတ်များကြောင့် ယခုနှစ် မျှင်ငါးပိဈေးမြင့်တတ်
၄။ အီရတ်မှ အမေရိကန်တပ်များကို ဖယ်ရှားနိုင်ပါက ဆီးရီးယားတွင်လည်း အလားတူ သက်ရောက်လာနိုင်ဟု အာရေးဗီးယား လေ့လာရေးပညာရှင်သုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-9 January 2024
သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်တစ်နိုင်ငံလုံးရှိဆီစက်လုပ်ငန်းများအား အတိုးနှုန်းသက်သာစွာဖြင့် ကျပ်သိန်း၃၀၀၀အထိထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများ ကို ဆီစက်ပိုင်ရှင်များထံ ထုတ်ချေးသွားမည်ဖြစ်ကာ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ထုတ်ချေးပေးနေခြင်းဖြစ်ကာ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည် ။
ထိုသို့ထုတ်ချေးရာတွင်လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (Working Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ သတ်မှတ်ထားကြောင်းဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ချေးငွေအား အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ထုတ်ချေးပေးနေခြင်းဖြစ်ကာ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည် ။
လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေပြီး လုပ်ငန်းအမည်ပေါက် လိုင်စင်သက်တမ်းရှိ ဆီစက်ဖြစ်ရမည် ဖြစ်ပြီး ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 600 of 1700