#World_Health
Published 21 January 2025


▪️ အမျှင်ဓာတ်က အာဟာရပြည့်ဝတဲ့ အစားအစာတွေထဲမှာ မရှိမဖြစ်ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်တာကြောင့် အမျှင်ဓာတ်ရဲ့ အရေးကြီးပုံကို စတန်းဖို့ဒ်မက်ဒီဆင်မှ လေ့လာဖော်ပြခဲ့ပါတယ်။

▪️ အမျှင်စားသုံးလိုက်တဲ့အခါ အူထဲက ဘက်တီးရီးယားတွေက short-chain ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ မော်လီကျူးငယ်များအဖြစ် ဖြိုခွဲပေးကာ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ကို စတန်းဖို့ဒ်သုတေသီများ လေ့လာခဲ့ကြပါတယ်။

▪️ ဒီဒြပ်ပေါင်းတွေက ဒီအင်န်အေတွေ မျိုးဗီဇလှုပ်ရှားမှုဖြစ်စေတဲ့ ပရိုတိန်းတွေကို ပြုပြင်ပြောင်းလဲပေးတာ တွေ့ခဲ့ကြပါတယ်။

▪️ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ဟာ ကင်ဆာဖြစ်စေတဲ့ မျိုးဗီဇတွေကို ဖိနှိပ်ပြီး အကျိတ်ဆန့်ကျင်တဲ့ မျိုးဗီဇများကို လှုံ့ဆော်ပေးပါတယ်။

▪️ အမျှင်ဓာတ်စားသုံးခြင်းနဲ့ ကင်ဆာဆန့်ကျင်အာနိသင်ရှိတဲ့ မျိုးဗီဇလုပ်ဆောင်ချက် ပြုပြင်ခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်မှုရှိတာကို တွေ့ခဲ့ကြတယ်လို့ စတန်းဖို့ဒ် မျိုးဗီဇဆိုင်ရာ ပရော်ဖက်ဆာ မိုက်ကယ်စနိုက်ဒါက ရှင်းပြပါတယ်။

▪️ အမျှင်ဓာတ်အစားအစာများ စားသုံးထားတဲ့ ကြွက်တွေရဲ့ အူတွေထဲက ကျန်းမာတဲ့ဆဲလ်တွေနဲ့ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေမှာ ဒြပ်ပေါင်းနှစ်မျိုးရဲ့ သက်ရောက်မှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။

▪️ ထိုနှစ်မျိုးစလုံးက ဆဲလ်ကြီးထွားမှုကို ဖိနှိပ်ထားပြီး ကင်ဆာဆဲလ်တွေကို အဆုံးသတ်နိုင်အောင် အားပေးတာ တွေ့ရပါတယ်။

▪️ ဒါကြောင့် အမျှင်ဓာတ်တွေကို ထည့်သွင်းစားသုံးကြပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချဖို့ စနိုက်ဒါက အကြံပြုလိုက်ပါတယ်။

▪️ အမျှင်ဓာတ်က ဝမ်းသွားခြင်းကို ပုံမှန်ဖြစ်အောင် ပံ့ပိုးပေးပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်းနဲ့ နှလုံးကျန်းမာရေး ထောက်ပံ့ခြင်းတို့ ပြုလုပ်ပေးပါတယ်။

▪️ အမျှင်ဓာတ်ရအောင် စားသုံးနိုင်တဲ့ အစားအစာတွေက အုတ်ဂျုံ၊ ပြောင်းဂျုံ၊ ဆန်၊ မုယော၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သစ်တော်သီး၊ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ချီယာစေ့၊ လျှော်စေ့၊ ဖရုံစေ့တို့ ပါဝင်တယ်လို့ နော့သ်ဝဲလ်ဟန်တင်တန်ဆေးရုံမှ အာဟာရပညာရှင် စတက်ဖာနီရှစ်ဖ်က ပြောသွားပါတယ်။

#Source: New York Post