၂၁ ဇန်နဝါရီ၊ ၂၀၂၅

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဟောလီဝုဒ်မင်းသမီးချော ဂျနီဖာ အင်နစ်စတန်နှင့် ချိန်းဆိုတွေ့ဆုံကြတယ်ဆိုတဲ့ ကောလာဟလများထွက်ပေါ်နေပြီး ဇနီးဖြစ်သူ မီချယ်လ်အိုဘားမားနှင့် အိမ်ထောင်ရေးအဆင်မပြေတော့ဘဲ မိတ်တွေတွေလိုအဆင့် ကူးပြောင်းနေကြပြီလို့ သတင်း မီဒီယာ   များက သတင်းရေးသားကြပါတယ်။

ပွဲတော်တော်များများမှာ အိုဘားမားနှင့်အတူ မီချယ်အိုဘားမားတစ်ယောက် အတူတွဲမတက်ခဲ့တာတွေ ရှိ နေလို့ အဆိုပါသတင်းများကို ဟုတ်နိုးနိုးပိုဖြစ်စေပါတယ်။

သမ္မတဟောင်းဂျင်မီကာတာရဲ့ နာရေးမှာ အိုဘားမား တစ်ဦးတည်းတက်လာပြီးနောက် သူတို့နှစ်ဦးဟာ တစ်သီးတစ်ခြားစီခွဲနေကြတယ်လို့တောင် သတင်းတွေထပ်ထွက်လာပါတယ်။

ဘားရက်အိုဘားမားနှင့် အန်နစ်စတန်တို့ဟာ ၂၀၀၇ခုနှစ် ဟောလီဝုဒ်ပွဲတစ်ခုမှာ စတင်တွေ့ခဲ့ကြပါတယ် လို့ဆိုပါတယ်။ အန်နစ်စတန်ကတော့ အဲဒီကောလာဟလတွေကို တောက်လျောက်ငြင်းဆိုခဲ့ပါတယ်။

“ ကျွန်မတို့ တစ်ကြိမ်ပဲတွေ့ကြတာ။ တကယ်တမ်းတော့ ကျွန်မက အိုဘားမားထက် မီချယ်လ်နှင့်ပိုခင် တာဖြစ်တယ်” လို့လည်း သူမက ပြောခဲ့ပါတယ်။

ရေဒါအွန်လိုင်း သတင်းဌာနရဲ့ရေးသားချက်အရ အိုဘားမားတို့အိမ်ထောင်ရေးဟာ ယခုနှစ်ပိုင်းအတွင်း ဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။

တစ်ခါတုန်းက အလွန်အတွဲညီကြတဲ့ လင်မယားဟာ ဂျနီဖာအင်နစ်စတန်ရဲ့ ကောလာဟလတွေကြောင့် တင်းမာမှုပိုမြင့်တက်ခဲ့ရတယ်လို့သတင်းကရေးပါတယ်။

မီချယ်လ်ဟာ ဂျင်မီကာတာရဲ့ နာရေးနှင့် ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းကျိန်ပွဲနှစ်ပွဲလုံး အိုဘားမားနှင့်အတူ မတက်ရောက်ဘဲ ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ဦးအကြား မသင့်မြတ်တာတွေကြီးထွားလာနေ  တာတွေကိုပြသနေပါတယ်။

ဒါပေမယ့် မီချယ်ရဲ့ရုံးကတော့ သူမမတက်ရောက်တာဟာ အခြားကြိုတင်စီစဉ်ထားတာတွေနှင့်တိုက်ဆိုင် နေတာရယ် ၊သူမအနေနှင့် ထရမ့်ကိုမနှစ်သက်တာကြောင့်ဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။

Source Times of India