#World_News
Published 21 January 2025
▪️ ဇန်နဝါရီ ၂၀ ရက်နေ့ ဝါရှင်တန်ဒီစီ ကပ်ပီတိုလ်ရိုတန်ဒါမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
▪️ ထရမ့်သစ္စာမဆိုခင်မှာ ဂျေဒီဗန့်စ်ဟာလည်း ဒုသမ္မတအဖြစ် သစ္စာကျိန်ဆိုခဲ့ပါတယ်။
▪️ "အမေရိကန်သမ္မတရုံးမှာ သစ္စာရှိရှိဖြင့် အမှုထမ်းဆောင်ပါမယ်လို့ အလေးအနက် ကတိသစ္စာပြုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစွမ်းကုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားပါမယ်" လို့ ထရမ့်က သစ္စာဆိုခဲ့ပါတယ်။
▪️ သစ္စာကျိန်ဆိုပြီးနောက် ထရမ့်ဟာ သူ့အသက် မသေဘဲရှိနေတာ အကြောင်းတစ်ခုကြောင့်ဖြစ်ပြီး အမေရိက နောက်တဖန် ခမ်းနားလာအောင် ဆောင်ရွက်ဖို့ ဘုရားသခင် ကယ်တင်ခဲ့တာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ထရမ့်ဟာ အသက် ၇၈ နှစ်အရွယ်ဖြင့် အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံးသမ္မတ ဖြစ်လာသလို တရားစွဲဆိုခံနေရသူတစ်ဦး သမ္မတဖြစ်လာတာလည်း ပထမဆုံးဖြစ်လာပါတယ်။
▪️ ကျမ်းသစ္စာဆိုသမ္မတကတော့ သမ္မတအမိန့် အများအပြားကို အလျင်အမြန်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
▪️ ထိုထဲမှာ အမေရိကန်အတွင်း မွေးဖွားသူများ နိုင်ငံသားဖြစ်ခွင့် အဆုံးသတ်ရေး ကြိုးပမ်းမှုများနဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသမှာ နိုင်ငံအရေးပေါ် ကြေညာရေးတို့ ပါဝင်ပါတယ်။
▪️ ပထမဆုံးနေ့မှာပဲ ဇန်နဝါရီ ၆ ရက် ကပ်ပီတိုလ်အဓိကရုဏ်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို လွတ်ငြိမ်းခွင့်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။
▪️ ကျမ်းသစ္စာဆိုပွဲကို ထရမ့်ရဲ့မိတ်ဆွေ တက်စ်လာစီအီးအို အီလွန်မက်စ်၊ အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီဇော့ဖ်၊ မက်တာစီအီးအို မာ့ခ်ဇူကာဘက်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာတို့ တက်ရောက်ခဲ့ကြပါတယ်။
▪️ သမ္မတအဖြစ်မှ အနားယူသွားတဲ့ ဂျိုးဘိုင်ဒင်ကတော့ နောက်ဆုံးအချိန်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်အချို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
#Source: WION