ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ
ဂါဇာတောင်ပိုင်းမှ ရာဖာမြို့အရှေ့ဘက်ခြမ်းမှာ အစ္စရေးလ်တပ်များ စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေတာကြောင့် ဒေသခံများရဲ့ အသက်ဘဝ အလွန်ခက်ခဲလာပြီး စိတ်ပျက်အားငယ်မှု၊ မရေရာမှုတို့ ခံစားလာရပါတယ်။
#World_News
Published_11 May 2024
#ရာဖာမြို့ကိုအစ္စရေးလ်ဆက်လက်တိုက်ခိုက် #ဒေသခံများစိတ်ပျက်အားငယ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 May 2024
၁။ လာမည့် (၇)ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရန်ရှိ
၂။ မြင်းမွေးမြူရေး သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး
၃။ ပြည်ပဝယ်လိုအား နည်းလာပေမယ့် နနွင်းတတ်ကုန်အဝင်နည်းသဖြင့် တစ်ပိဿာကိုကျပ်တစ်သောင်းကျော်အထိ စျေးမြင့်လာ
၄။ ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြည်ပကဝယ်လိုအားနည်းလာပေမယ့် စျေးကွက်ထဲကုန်အဝင်နည်းလာတာကြောင့် နနွင်းတတ် တစ်ပိဿာကို ကျပ် တစ်သောင်းကျော်အထိ ဈေးမြင့်လာတယ်လို အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_11 May 2024
#နနွင်းတတ်ဈေးထက်မြင့် #ပြည်ပကဝယ်လိုအားနည်း
#YMG/LW #Yangon_Times
#Local_News
Published 11 May 2024
▪️ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်ဧပြီလ တစ်လတာအတွင်းပဲမျိုးစုံတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင်ယခုနှစ် ဧပြီလအတွင်း၌ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၁၉၀၀၀၀ ကျော်အထိတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေရရှိမှုမှာလည်း ယခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်အထိရရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ပျိုးမှု၏ ၇၂ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုပါ စိုက်ပျိုးမှုရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_11 May 2024
▪️ ရန်ကုန်တိုင်းတွင်မြို့နယ်အချို့၌မိုးတိမ်တောင်များအားကောင်းပြီး လျှပ်စီးလက်၊ မိုးခြိမ်း၊မိုးကြိုးပစ်ကာ ကွက်ကျားမိုးရွာနေကြောင်း သိရသည်။
▪️ လှိုင်သာယာတွင် မေ(၁၁)ရက်နေ့လယ်ပိုင်း၌ မိုးရွာ မိုးခြိမ်းနေပြီး ဗဟန်းမှာတော့ လျှပ်စီးများလက်၊ မိုးတစ်ချိန်လုံးခြိမ်းနေပြီး မိုးနည်းနည်းသာရွာရာမှ မိုးသည်းလာသည်ဟုဆိုသည်။
▪️ မေလဒုတိယ(၁၀)ရက်ပတ်တာ မေလ(၁၁)ရက်မှ (၂၁)ရက်အထိခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊
▪️ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း သိရသည်။
#tthl #Yangon_Times
မြင်းမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သုတေသနလုပ်ငန်းပံ့ပိုးမှုအတွက်မွေးမြူရေးသုတေသနဦးစီးဌာနနဲ့ သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_11 May 2024
#မြင်းမွေးမြူရေး #မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်
#NN #Yangon_Times
မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၈)ရက်မှာ စတင်ဖြစ်ပေါ်လာနိုင်တယ်။ မိုးတိမ်တောင်တွေကြောင့်ရန်ကုန်တိုင်းအပါအဝင်ဒေသတော်တော်များများ နေရာကွက်ကျားမိုးထစ်ချုန်းရွာမယ်။
#Local_News
Published_11 May 2024
#လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် #မုန်တိုင်းငယ်ဖြစ်ပေါ်
#tthl #Yangon_Times
#Local_News
Published 11 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်တွင် ရပ်ထားသောတွဲကားအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိမှုဖြစ်ပွားကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
▪️ မေလ ၁၀ ရက်နေ့ည ၁၁နာရီဝန်းကျင်အချိန်ခန့်က ရပ်ထားသည့် တွဲကားကို အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိကာ လူညပ်နေကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီထွက်ခွါကူညီခဲ့သော်လည်း ဦးခေါင်းနှင့် ကျောရိုး ထိခိုက်ဒါဏ်ရာများကြောင့် အဆိုပါအမျိုးသားမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
▪️ ထိခိုက်ဒါဏ်ရာများကြောင့် အသက်ဆုံးရှုံးသွားသူမှာ အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
▪️ ရုပ်အလောင်းအား မိတ်ဖက်ပရဟိတအသင်းများနှင့်ပူးပေါင်းကာ ကားအတွင်းမှ သယ်ထုတ်၍ အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#World_News
Published 11 May 2024
▪️ ရုရှားတပ်တွေက ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ဒုတိယမြို့ ခါကိဗ်အနီးမှာ သောကြာနေ့က မြေပြင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းငယ်ကျူးကျော်လာခဲ့ရာ စစ်မျက်နှာပြင်အသစ်တစ်ခု ဖွင့်လှစ်လာခဲ့ပါတယ်။
▪️ ရုရှားတို့က နယ်စပ်မြို့ ဗော့ဗ်ချန့်စ်ကို ဝေဟင်ဗုံးများ အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ယူကရိန်းက တပ်ကူများစေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ‘‘ရုရှားတို့က တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်လာပါပြီ၊ အခုဆိုရင် အဲဒီဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်’’ လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
▪️ ထိုနေရာမှာ ရုရှားက တပ်စုနေပြီး ယူကရိန်းဘက်က တပ်အင်အားနည်းတာကို ချုံ့လာစေရန် ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။
▪️ ယူကရိန်း ဆူမီဒေသတွေနဲ့ ခါနီဟိဗ်ဒေသများအနီး ခါကိဗ်မြောက်ပိုင်းမှာလည်း ရုရှားတို့တပ်စုနေတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
▪️ ယခုနွေဦး နွေရာသီမှာ ထိုးစစ်ဆင်မှုကြီး ပြုလုပ်ရန် ရုရှားကပြင်ဆင်နေနိုင်တယ်လို့ ဇယ်လန်စကီက ဆိုပါတယ်။
▪️ နံနက် ၅ နာရီခန့်မှာ ရုရှားတို့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ရုရှားတပ်တွေက ဗော့ဗ်ချန့်စ်အနီး ယူကရိန်းနယ်စပ်အတွင်းသို့ ၁ ကီလိုမီတာအထိ တိုးတင်လာခဲ့တယ်လို့ ယူကရိန်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
▪️ ရုရှားတပ်တွေက ယူကရိန်းတပ်တွေကို အနောက်သို့ ၁၀ ကီလိုမီတာလောက်အထိ ဆုတ်ခွာစေရန် ရည်ရွယ်ထားတယ်လို့ သတင်းရင်းမြစ်က ပြောထားကာ ယူကရိန်းတပ်တွေကတော့ ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းနေပါတယ်။
▪️ ရုရှားတိုက်ခိုက်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်က ယူကရိန်းနဲ့ အနီးကပ်ပူးပေါင်း လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ နာဇာဗိုလိုရှင်က ညနေခင်းအထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး ရုရှားရဲ့စစ်ဆင်ရေးက အရှေ့ဘက်ခြမ်းမှ တပ်တွေကို ခါကိဗ်သို့ဆွဲခေါ်လာဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
#Source: Reuters
#Local_News
Published_11 May 2024
▪️ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် (၄၁)ဦးပါသည့် FAM Trip အဖွဲ့ မြန်မာသို့လာရောက်လည်ပတ်လျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့်ငွေဆောင်သို့ သွားရောက်လည်ပတ်ကြမည်ဖြစ် ကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
▪️ "တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်း၊ ချုံချင့်က ခရီး သွားဧည့်သည် ၄၁ ဦးပါဝင်ပြီး နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ငွေဆောင်စတဲ့ အဓိကခရီးစဉ်ဒေသတွေကို မေ ၂၀ ရက်အထိ လေ့လာလည်ပတ်သွားမှာဖြစ်ပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇေယျာမျိုးအောင်က နိုင်ငံပိုင်သတင်းစာ၌ဖြေကြားထားသည်။
▪️ "အခုခရီးစဉ်ဟာ တရုတ် - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအပြင် ခရီးသွားမြှင့်တင်ရေးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခုပါလာတဲ့ ခရီးသွားတွေကတော့ မရောက်ဖူးသေးပါဘူး။ လေဆိပ်အဝင်မှာ တာဝန်ရှိသူတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အပြင် အိုးစည်ဒိုးပတ်တွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို စတင်တွေ့ရှိမှုဟာ ဒီခရီးစဉ်ရဲ့ ပထမဆုံးအံ့ဩဝမ်းသာမှု တစ်ခုပါပဲ။ မြန်မာနိုင်ငံရဲ့လှပတဲ့ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု Mr.LIUWEI ( Chairman ၊ Myanmar – China Culture Tourism Promotion Society)ကလည်းဖြေကြားထားသည်။
▪️ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာလည်း ခရီးသွားတွေဝင်နေကြောင်း၊၂၀၂၂ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ပြည်ပခရီးသွားဧည့်သည် ၈၀၀၀၀ ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၄၀၀၀၀ ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ဧပြီလအထိ ခရီးသွား ၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

#tthl #Yangon_Times
#Local_News
Published_11 May 2024
▪️ ကမ္ဘာ့ဗုဒ္ဓနေ့၊ ချီကျိနေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်မှာ မေလ(၁၂)ရက်၊ မနက်ပိုင်း၌ထမင်းဗူးတစ်ထောင်လှူဒါန်းမည်ဖြစ်ကြောင်း ပုလဲအရန်တပ်ဖွဲ့မှ သိရသည်။
▪️ ကဆုန်လပြည့်နေ့သည် ကမ္ဘာ့ဗုဒ္ဓနေ့ ဘုရားရေ သပ္ပာယ်နေ့ဖြစ်ပြီး ချီကျိအသက်(၅၈)နှစ် ဗုဒ္ဓရေသပ္ပာယ်အခမ်းအနားအဖြစ်အလှူရှင်မှလှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
▪️ ပုလဲအရန်တပ်ဖွဲ့အနေဖြင့် ထမင်းဗူး(၁၀၀၀)ကို ချက်ပြုတ်ပြင်ဆင်ခဲ့ပြီး ပုလဲအရန်တပ်ဖွဲ့ဝင်များ၊ ပုလဲအရန်တပ်ဖွဲ့တွင် အားကိုးခိုလုံနေရသူများ စုစုပေါင်း(၅၀၀)ဦးနှင့် နွမ်းပါးမိသားစု (၅၀၀)ဦး စုစုပေါင်း (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများလှူမည်ဟုဆိုသည်။
▪️ မေလ(၁၂)ရက် မနက်ဖြန်မနက် (၁၀)နာရီတွင် ပုလဲအရန်မီးသတ်စခန်းတွင် အသားမပါ ထမင်းဘူး ဟင်း(၃)မျိုးအပါ ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_Science
Published 11 May 2024
▪️ တရုတ်သိပ္ပံပညာရှင်တွေက ငယ်ရွယ်တဲ့ ကြွက်တွေရဲ့ သွေးထဲမှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ပစ္စည်း တွေ့ရှိခဲ့တယ်လို့ ဆိုလိုက်ကာ သူတို့ရဲ့ သုတေသန စမ်းသပ်ချက်ထဲမှာ သက်တမ်းအရှည်ဆုံး ဖြစ်ခဲ့တဲ့ကြွက်က ၁၂၆၆ ရက်အထိ နေနိုင်ခဲ့ကာ လူ့သက်တမ်းနဲ့ဆိုရင် အသက် ၁၂၀-၁၃၀ နှစ်လောက်အထိ ရှိခဲ့ပါတယ်။
▪️ အသက်ရှင်သန်သက်တမ်း အလယ်အလတ်အားဖြင့် ၈၄၀ ရက်ခန့်ရှိတဲ့ လ ၂၀ သက်တမ်းရှိကြွက်ထီးတွေကို ထိုပစ္စည်းပါဝင်တဲ့ သွေးများ အပတ်စဥ် ထိုးသွင်းပေးခဲ့ပါတယ်။
▪️ ထိုအခါမှာ ပျမ်းမျှရှင်သန်သက်တမ်းက ၂၂.၇ ရာခိုင်နှုန်းတက်လာပြီး ၁၀၃၁ ရက်အထိ ဖြစ်လာပါတယ်။
▪️ အသက်ကြီးတဲ့ ကြွက်တွေမှာလည်း အသက်အရွယ်ကြောင့် လုပ်ဆောင်ချက် ကျဆင်းလာတာတွေ သိသိသာသာ လျော့နည်းသွားတယ်လို့ သုတေသန ပူးတွဲခေါင်းဆောင် ကျန်းချင်ယုက ပြောပြပါတယ်။
▪️ လူငယ်လူရွယ်တွေရဲ့ သွေးကို အသုံးပြုမယ်ဆိုရင် အထင်လွဲမှားတာတွေလိုမျိုး ကျင့်ဝတ်နဲ့မညီတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
▪️ ကုသနည်းလမ်း ပေါ်ပေါက်လာပြီဆိုရင် သွေးရည်ကြည် တိုက်ရိုက်ထိုးသွင်းတာမျိုး မဟုတ်ဘဲ ဆေးဝါးများဖြင့်သာ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။
▪️ တရုတ်အဖွဲ့ဟာ ယခင်ကလည်း လူငယ်တွေရဲ့ သွေးမှာတွေ့ရတဲ့ ပရိုတိန်း အစိတ်အပိုင်းတွေရဲ့ အိုမင်းဆန့်ကျင်နိုင်စွမ်းကိုလည်း လေ့လာခဲ့ကြပါတယ်။
▪️ ကြွက်ပေါင်းရာချီထံမှ အချက်အလက်များ ရရှိဖို့ အချိန် ၇ နှစ်ကြာမြင့်ခဲ့ပါတယ်။
▪️ ပျမ်းမျှရှင်သန်သက်တမ်း ၂၂.၇ ရာခိုင်နှုန်း မြင့်တက်လာတယ်ဆိုတာ ကမ္ဘာပေါ်မှာပါ အများဆုံးဖြစ်တယ်လို့ ကျန်းချင်ယုက ဆိုပါတယ်။
▪️ ဒီသုတေသနက အစသာရှိသေးပြီး လက်တွေ့စမ်းသပ်မှုများနဲ့ ဆေးဝါးများ မထုတ်လုပ်နိုင်ခင်မှာ သိပ္ပံနည်းကျ ပြဿနာတွေ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။
▪️ ဒီမတိုင်ခင် လူသားများနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မျောက်ဝံကြီးတွေမှာ စမ်းသပ်မှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
#Source: WION
Page 596 of 1860