#World_Health
Published 24 January 2025
▪️ တစ်နေ့ကို လက်ဖက်စိမ်းရည် ၃ ခွက်နဲ့အထက် သောက်သုံးပါက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ ဒီမန်ရှာဖြစ်ခြင်းတို့ကနေ ဦးနှောက်ကို ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဂျပန်လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အသက် ၆၅ နှစ်နဲ့အထက် လူ ၈ ထောင်ကျော်ကို အချိန် ၂ နှစ်တာစောင့်ကြည့်ခဲ့ပြီး MRI ဦးနှောက်ဓာတ်မှန်ရိုက်ခြင်းနဲ့ စားစရာစစ်တမ်းများ ရယူခြင်းတို့ဖြင့် အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ လက်ဖက်စိမ်းရည် များများသောက်သုံးခြင်းနဲ့ ဦးနှောက်အတွင်း အဖြူသားထိခိုက်မှု လျော့နည်းခြင်းတို့ကြား ဆက်စပ်နေတာ တွေ့ရပါတယ်။
▪️ ဦးနှောက်အဖြူသား ထိခိုက်တာဟာ ဦးနှောက်ကျန်းမာရေး မကောင်းတဲ့လက္ခဏာဖြစ်ပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ မှတ်ဉာဏ်ပြဿနာ၊ ဒီမန်ရှာပုံစံ၊ အယ်လ်ဇိုင်းမားတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ နေ့စဉ် လက်ဖက်စိမ်းရည် အနည်းဆုံး ၃ ခွက်သောက်သူတွေဟာ တစ်ခွက်သောက်တဲ့သူတွေထက် ဦးနှောက်အဖြူသား ထိခိုက်မှု လျော့နည်းတာ တွေ့ရပါတယ်။
▪️ ဒါပေမဲ့ ဦးနှောက်စွမ်းဆောင်ရည်၊ မှတ်ဉာဏ်တို့နဲ့ ဆက်စပ်နေတဲ့ ဟစ်ပိုကမ်ပက်စ်နေရာမှာတော့ သက်ရောက်မှုမရှိတာ တွေ့ရပါတယ်။
▪️ ဒါ့အပြင် အယ်လ်ဇိုင်းမားနဲ့ ဆက်စပ်နေတဲ့ APOE4 မျိုးဗီဇကွဲရှိတဲ့သူတွေမှာလည်း လက်ဖက်စိမ်းရည်သောက်ခြင်းက သက်ရောက်မှု မရှိပါဘူး။
▪️ အသက်အရွယ်၊ ကျား/မ၊ လှုပ်ရှားမှုတို့ကိုပါ ထည့်တွက်ရင်လည်း လက်ဖက်စိမ်းရည် သောက်သုံးခြင်းနဲ့ ဦးနှောက်အဖြူသား ထိခိုက်မှု လျော့နည်းခြင်းတို့ကြား ဆက်စပ်နေဆဲဖြစ်ပါတယ်။
▪️ လက်ဖက်စိမ်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးသလို သွေးလည်ပတ်မှုနဲ့ သွေးပေါင်ချိန်တို့ကို သက်ရောက်တာကြောင့် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ လျော့နည်းစေတာ ဖြစ်နိုင်ပါတယ်။
▪️ ဦးနှောက်အဖြူသား ထိခိုက်မှုက အသက်ကြီးလာရင် အဖြစ်များလာပြီး လက္ခဏာမပြတတ်ပါဘူး။
#Source: The Jerusalem Post