#World_Lifestyle
Published 24 January 2025


▪️ Gen Zလို့ခေါ်တဲ့ ဂျန်ဇီလူငယ်မျိုးဆက်အများစုဟာ ဆံပင်ဖြူနေကြပြီဖြစ်ပြီး အချို့ဆိုရင် အသက် ၁၉ နှစ်လောက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဆံပင်ဖြူလေးတွေကို ပြသလာကြပါတယ်။

▪️ ဥရောပလူဖြူတွေက အသက် ၃၀ ဝန်းကျင်၊ အာရှလူမျိုးတွေက အသက် ၃၀ နောက်ပိုင်း၊ အာဖရိကလူမျိုးတွေက အသက် ၄၀ အလယ်ပိုင်းတို့မှာ ဆံပင်စတင်ဖြူလာကြတာကြောင့် ယခုဂျန်ဇီတွေက ဆယ်စုနှစ် ၂ ခုစာလောက်စောပြီး ဆံပင်ဖြူနေကြတာ ဖြစ်ပါတယ်။

▪️ ကျန်းမာရေးအရကြည့်ရင် အရွယ်မတိုင်ခင် ဆံပင်ဖြူလာတာဟာ ကျန်းမာရေးပြဿနာတွေကို ညွှန်ပြနေပါတယ်။

▪️ အိုဟိုင်ယိုမှ ကျန်းမာရေးနည်းပြ ကတ်ထရီနာအော်လီက ဒါဟာ သတ္တုဓာတ် မညီမျှခြင်းကြောင့်လို့ ပြောပါတယ်။

▪️ ဇင့်နဲ့ ကယ်လ်စီယံပမာဏ မြင့်မားပြီး သံဓာတ်နဲ့ မန်ဂနိစ်ပမာဏ လျော့နည်းတာကြောင့် ဦးရေပြားကနေ ဆံဖြူထွက်စေတယ်လို့ ဖော်ပြသွားပါတယ်။

▪️ ကြေးနီ၊ ဇင့်၊ သံဓာတ်တို့က ရောင်ခြယ်ထုတ်လုပ်မှုမှာ ပတ်သက်နေတယ်လို့ NYCမှ အသိအမှတ်ပြု အရေပြားဆရာဝန် ဗစ်တိုရီယာကက်ဇ်လိုဆူကာယာက ပြောသွားပါတယ်။

▪️ သံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့သူတွေမှာလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်ပြီး သံဓာတ်ချို့တဲ့ခြင်းကို ကုသခြင်းဖြင့် ဆံပင်အရောင်ပုံမှန် ပြန်ဖြစ်စေနိုင်ပါတယ်။

▪️ ဓာတ်တိုးဖိစီးခြင်းကလည်း ပတ်သက်နေပေမယ့် အခြားအချက်အလက်တွေကြောင့် မရှင်းလင်းပါဘူး။

▪️ မျိုးရိုးဗီဇ၊ ကျန်းမာရေးအခြေအနေ၊ သိုင်းရွိုက်ပြဿနာ၊ ကိုယ်ခံအားစနစ်ရောဂါများ၊ ဆေးလိပ်သောက်ခြင်း၊ ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

▪️ သတ္တုဓာတ်ချို့တဲ့တာနဲ့ ပတ်သက်ရင် ဖြည့်စွက်ဆေးတွေထက် သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးသင့်ပါတယ်။

#Source: New York Post